Property Expo
×

Miley Cyrus က ေနာက္ဆံုးအႀကိမ္အျဖစ္ ေကာ္ေဇာနီေပၚကို ျဖတ္ေလွ်ာက္ခဲ့ၿပီလား?  Elle ႏွင့္ အင္တာဗ်ဴးမွာ အဆိုေတာ္က ပြဲဦးထြက္တင္ဆက္တဲ့ပြဲေတြမွာ ကိုယ္ဟန္ျပတာမ်ဳိးမလုပ္ေတာ့ဘူးလို႔ ကတိေပးခဲ့ပါတယ္။

“လြန္ခဲ့တဲ့တစ္ႏွစ္က A Verry Murray Christmas ဇာတ္ကား ပြဲဦးထြက္တင္ဆက္တဲ့ပြဲ တက္ခဲ့ရၿပီးေနာက္ ေကာ္ေဇာနီေပၚကို ေနာက္ဘယ္ေတာ့မွ ထပ္မေလွ်ာက္ေတာ့ဘူး။ လူေတြ ငတ္မြတ္ေနတဲ့အခ်ိန္မွာ ကၽြန္မက ဘာလို႔ ေကာ္ေဇာနီေပၚေရာက္ေနရတာလဲ? ကၽြန္မက ‘အေရးပါတဲ့သူ’ ျဖစ္ေနလို႔လား? ကၽြန္မက ‘နာမည္ႀကီးတဲ့သူ’ ျဖစ္ေနလို႔လား? အဲ့ဒါက ကၽြန္မကျဖစ္ခ်င္တဲ့ပံုစံမ်ဳိးမဟုတ္ဘူး။ အဲ့ဒါက သေရာ္ထားတဲ့ ဇာတ္လမ္းတိုလိုပဲ။ Zoolander လိုပဲ” လို႔ ေအာက္တိုဘာလထုတ္ Elle မဂၢဇင္းအတြက္ ေျပာျပခဲ့ပါတယ္။

Cyrus က Alicia Keys၊ Blake Shelton၊ Adam Levine တို႔ႏွင့္အတူ The Voice ရဲ႕ ဆံုလည္ကုလားထိုင္နီမွာ ေနရာယူၿပီး ဒီၿပိဳင္ပြဲရဲ႔ ၁၁ ခုေျမာက္ Season မွာပါဝင္မွာျဖစ္ၿပီး ၿပိဳင္ပြဲဝင္ေတြအတြက္လည္း စိတ္ဝင္စားဖို႔ေကာင္းတဲ့ အၾကံျပဳခ်က္ေတြရွိေနပါတယ္။ “အထင္မလြဲေစခ်င္ပါဘူး ဒါေပမယ့္ ကၽြန္မရဲ႕ၿပိဳင္ပြဲဝင္ေတြကို ေျပာခ်င္တာကေတာ့ Bernie Sanders လိုျဖစ္ေအာင္လုပ္ပါ။ လူေတြက ခ်စ္ခင္ၿပီး အလိုရွိတဲ့သူမ်ဳိးျဖစ္ေအာင္လုပ္ပါ။ အရွုပ္အေထြးေတြျဖစ္မွာ မပူပါနဲ႔။ မွတ္မိေနေစမဲ့ အခိုက္အတန္႔ဆိုတာ ဒီလိုပဲလုပ္ရတာပါ။ လူေတြ ေျပာလည္းေျပာၾကပါေစ”

The Voice Season သစ္ကို စက္တင္ဘာလ ၁၉ ရက္ကစၿပီး တနလၤာေန႔ႏွင့္ အဂၤါေန႔တိုင္း NBC တြင္ျပသသြားမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Miley Cyrus က နောက်ဆုံးအကြိမ်အဖြစ် ကော်ဇောနီပေါ်ကို ဖြတ်လျှောက်ခဲ့ပြီလား?  Elle နှင့် အင်တာဗျူးမှာ အဆိုတော်က ပွဲဦးထွက်တင်ဆက်တဲ့ပွဲတွေမှာ ကိုယ်ဟန်ပြတာမျိုးမလုပ်တော့ဘူးလို့ ကတိပေးခဲ့ပါတယ်။

“လွန်ခဲ့တဲ့တစ်နှစ်က A Verry Murray Christmas ဇာတ်ကား ပွဲဦးထွက်တင်ဆက်တဲ့ပွဲ တက်ခဲ့ရပြီးနောက် ကော်ဇောနီပေါ်ကို နောက်ဘယ်တော့မှ ထပ်မလျှောက်တော့ဘူး။ လူတွေ ငတ်မွတ်နေတဲ့အချိန်မှာ ကျွန်မက ဘာလို့ ကော်ဇောနီပေါ်ရောက်နေရတာလဲ? ကျွန်မက ‘အရေးပါတဲ့သူ’ ဖြစ်နေလို့လား? ကျွန်မက ‘နာမည်ကြီးတဲ့သူ’ ဖြစ်နေလို့လား? အဲ့ဒါက ကျွန်မကဖြစ်ချင်တဲ့ပုံစံမျိုးမဟုတ်ဘူး။ အဲ့ဒါက သရော်ထားတဲ့ ဇာတ်လမ်းတိုလိုပဲ။ Zoolander လိုပဲ” လို့ အောက်တိုဘာလထုတ် Elle မဂ္ဂဇင်းအတွက် ပြောပြခဲ့ပါတယ်။

Cyrus က Alicia Keys၊ Blake Shelton၊ Adam Levine တို့နှင့်အတူ The Voice ရဲ့ ဆုံလည်ကုလားထိုင်နီမှာ နေရာယူပြီး ဒီပြိုင်ပွဲရဲ့ ၁၁ ခုမြောက် Season မှာပါဝင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအတွက်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြံပြုချက်တွေရှိနေပါတယ်။ “အထင်မလွဲစေချင်ပါဘူး ဒါပေမယ့် ကျွန်မရဲ့ပြိုင်ပွဲဝင်တွေကို ပြောချင်တာကတော့ Bernie Sanders လိုဖြစ်အောင်လုပ်ပါ။ လူတွေက ချစ်ခင်ပြီး အလိုရှိတဲ့သူမျိုးဖြစ်အောင်လုပ်ပါ။ အရှုပ်အထွေးတွေဖြစ်မှာ မပူပါနဲ့။ မှတ်မိနေစေမဲ့ အခိုက်အတန့်ဆိုတာ ဒီလိုပဲလုပ်ရတာပါ။ လူတွေ ပြောလည်းပြောကြပါစေ”

The Voice Season သစ်ကို စက်တင်ဘာလ ၁၉ ရက်ကစပြီး တနင်္လာနေ့နှင့် အင်္ဂါနေ့တိုင်း NBC တွင်ပြသသွားမှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top