Kantharyar Centre
×


           ရန္ကုန္ၿမိဳ႕ရွိ ႏုိဗုိတယ္ဟုိတယ္၌ ၾသဂုတ္ ၃၁ ရက္က Meizu
စမတ္ဖုန္းသစ္ကုိမိတ္ဆက္ေနစဥ္(ဓာတ္ပံု−ထက္အာကာေက်ာ္)

တ႐ုတ္ႏုိင္ငံအေျခစိုက္ စမတ္ဖုန္းကုမၸဏီ MEIZU Tech-nology သည္ ၎တို႔၏ထုတ္ကုန္ သစ္MX6 အမည္ရွိ စမတ္ဖုန္းကိုျပည္တြင္းေစ်းကြက္သို႔ စတင္ျဖန္႔ ခ်ိမည္ျဖစ္ေၾကာင္း ၾသဂုတ္ ၃၁ ရက္တြင္ ေၾကညာခဲ့သည္။

သတၱဳကိုယ္ထည္ျဖင့္ျပဳလုပ္ ထားေသာ MX6 စမတ္ဖုန္းကို ျပည္တြင္း ေစ်းကြက္တြင္ ၃၃၃,၀၀၀ က်ပ္ျဖင့္ ေရာင္းခ်မည္ျဖစ္ၿပီး ျပည္တြင္းရွိ GSM/WCDMA ႏွင့္CDMA ကြန္ရက္အားလံုးအတြက္ ေထာက္ပ့ံႏိုင္မည္ျဖစ္ေၾကာင္း ယင္းကုမၸဏီက သတင္းထုတ္ျပန္သည္။


‘‘လုပ္ငန္းသေဘာတရားနဲ႔ အေကာင္းဆံုး ဆက္လက္ ရပ္ တည္ဖို႔ရာ အေကာင္းဆံုးဒီဇိုင္း၊ အစြမ္းထက္တဲ့ အေသးစိတ္လုပ္ ေဆာင္ခ်က္ေတြ၊ သင့္တင့္တဲ့ ေစ်းႏႈန္းေတြနဲ႔ MEIZU ဟာ အသံုး ျပဳရလြယ္ကူတဲ့ စမတ္ဖုန္းနဲ႔ တီ ထြင္မႈေတြကို အဓိကထားေဆာင္ ရြက္သြားမွာပါ’’ဟု ယင္းကုမၸဏီ ၏ျမန္မာႏုိင္ငံဆိုင္ရာ မန္ေနဂ်ာ မစၥတာလီက ေျပာသည္။

MX6 တြင္ပါဝင္ေသာကင္ မရာအတြက္ Sony ၏ IMX386 CMOS Sensor ကို အသံုးျပဳထား ၿပီး 6P မွန္ဘီလူးတပ္ဆင္ထား ကာ 5.0 megapixel အရည္အ ေသြးရွိ ေရွ႕ကင္မရာတြင္လည္း အလင္းေရာင္နည္းခ်ိန္တြင္ ႐ိုက္ ကူးႏုိင္ရန္ ထုတ္လုပ္ထားသည္ဟု ဆိုသည္။

မ်က္ႏွာျပင္ ၅ ဒသမ ၅ လက္မအရြယ္အစားရွိ အဆိုပါစမတ္ဖုန္းအား Android ဗားရွင္း v6.0(Marshmallow) အသံုးျပဳထားၿပီး ဖုန္း၏ စြမ္းေဆာင္ရည္အတြက္ Deca-core CPU ႏွင့္ RAM 4GBကို တြဲဖက္ထုတ္လုပ္ထားသည္။ သိုေလွာင္ႏိုင္စြမ္းအတြက္ 32 GB ပမာဏပါရွိၿပီး ဖုန္းဘက္ထရီအ တြက္ 3060 mAh ကို အသံုးျပဳ ထားသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ သြဂုတ် ၃၁ ရက်က Meizu စမတ်ဖုန်းသစ်ကိုမိတ်ဆက်နေစဉ်(ဓာတ်ပုံ−ထက်အာကာကျော်)

တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းကုမ္ပဏီ MEIZU Tech-nology သည် ၎င်းတို့၏ထုတ်ကုန် သစ်MX6 အမည်ရှိ စမတ်ဖုန်းကိုပြည်တွင်းဈေးကွက်သို့ စတင်ဖြန့် ချိမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက်တွင် ကြေညာခဲ့သည်။

သတ္တုကိုယ်ထည်ဖြင့်ပြုလုပ် ထားသော MX6 စမတ်ဖုန်းကို ပြည်တွင်း ဈေးကွက်တွင် ၃၃၃,၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ပြည်တွင်းရှိ GSM/WCDMA နှင့်CDMA ကွန်ရက်အားလုံးအတွက် ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက သတင်းထုတ်ပြန်သည်။


‘‘လုပ်ငန်းသဘောတရားနဲ့ အကောင်းဆုံး ဆက်လက် ရပ် တည်ဖို့ရာ အကောင်းဆုံးဒီဇိုင်း၊ အစွမ်းထက်တဲ့ အသေးစိတ်လုပ် ဆောင်ချက်တွေ၊ သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ MEIZU ဟာ အသုံး ပြုရလွယ်ကူတဲ့ စမတ်ဖုန်းနဲ့ တီ ထွင်မှုတွေကို အဓိကထားဆောင် ရွက်သွားမှာပါ’’ဟု ယင်းကုမ္ပဏီ ၏မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာလီက ပြောသည်။

MX6 တွင်ပါဝင်သောကင် မရာအတွက် Sony ၏ IMX386 CMOS Sensor ကို အသုံးပြုထား ပြီး 6P မှန်ဘီလူးတပ်ဆင်ထား ကာ 5.0 megapixel အရည်အ သွေးရှိ ရှေ့ကင်မရာတွင်လည်း အလင်းရောင်နည်းချိန်တွင် ရိုက် ကူးနိုင်ရန် ထုတ်လုပ်ထားသည်ဟု ဆိုသည်။

မျက်နှာပြင် ၅ ဒသမ ၅ လက်မအရွယ်အစားရှိ အဆိုပါစမတ်ဖုန်းအား Android ဗားရှင်း v6.0(Marshmallow) အသုံးပြုထားပြီး ဖုန်း၏ စွမ်းဆောင်ရည်အတွက် Deca-core CPU နှင့် RAM 4GBကို တွဲဖက်ထုတ်လုပ်ထားသည်။ သိုလှောင်နိုင်စွမ်းအတွက် 32 GB ပမာဏပါရှိပြီး ဖုန်းဘက်ထရီအ တွက် 3060 mAh ကို အသုံးပြု ထားသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top