Kantharyar Centre
×







Credit:Thit Htoo Lwin

#Unicode Version
ဒီဆောင်းဦမှာ Gabriel Luna က နောက်ဆုံးပေါ် Ghost Rider ပုံစံကို Marvel’s Agents of S.H.I.E.L.D ဆီကိုခေါ်ဆောင်လာတဲ့အခါမှာတော့ Ol’ Flame Head ကရုပ်ရှင်ကားကြီးကနေ ပိတ်ကားလေးပေါ်ကို ကူးပြောင်းလာပါပြီ။

 မော်တော်ဆိုင်ကယ်မစီးဘဲ Robbie Reyes ကတော့ မီးတောက်လောင်နေတဲ့ 1969 Dodge Charger ကိုမောင်းလာတာပါ။ နတ်ဆိုးနှင့် သူရဲ့ကားတို့ကို တဟုန်းဟုန်းတောက်လောင်နေတဲ့အတိုင်းတွေ့ရမှာပါ။

Ghost Rider က “အရမ်းကို ခြားနားတဲ့ ဇာတ်လမ်းတွေကိုဖွင့်လှစ်ပေးပါတယ်” လို့ S.H.I.E.L.D အမှုဆောင်ထုတ်လုပ်သူ Jeff Bell ကပြောပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့ လူသိများဆုံး Marvel ဇာတ်ကောင်ဖြစ်ရုံသာမက  မူရင်းကိုက သူတို့ကိုယ်သူတို့ သဘာဝလွန်ဖြစ်ရပ်အဖြစ် တင်ပြထားတာပါ။

“စပိုင်တွေနှင့် အေးဂျင့်တွေ” သာအများဆုံးပါဝင်တဲ့လောကထဲမှာတည်ရှိတဲ့ ဒီဇာတ်လမ်းတွဲအတွက် စွန်စားတာသာမကဘဲ Marvel Cinematic Universe တစ်ခုလုံးအတွက် စွန့်စားမှုဖြစ်ပါတယ်။  နိုဝင်ဘာလထဲမှာ Doctor Strange ကို ပိတ်ကားကြီးမှာမတွေ့ရခင် Ghost Rider က MCU ထဲမှာ ထူးခြားနက်နဲတဲ့ ဉာဏ်အမြင်ကို ယုံကြည်သက်ဝင်မှုအတွက် စည်းမျဉ်းတွေကို ခင်းပေးသွားမှာပါ။

Ghost Rider ပါဝင်လာတာက ဒီဇာတ်လမ်းတွဲ ည ၁၀ နာရီကို ရွှေ့သွားတာနှင့်လည်း တိုက်ဆိုင်နေပါတယ်။ Daisy အဖြစ်သရုပ်ဆောင်တဲ့ Chloe Bennet ပြောပြချက်အရ ဒီ Season မှာ အရင်ကထက် “darker and sexier” ဖြစ်တာတွေပါလာမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

“Robbie Reyes ရဲ့ Ghost Rider ပုံစံနဲ့ ရင်နှီးမယ်ဆိုရင် Season တစ်လျှောက်လုံး ဒီပုံစံအတိုင်း တောက်လျောက်သွားမှာပါ” လို့ ပြောပြပါတယ်။ ဒီဇာတ်လမ်းတွဲမှာ လက်စားချေတာတွေ၊ ဒဏ်ခတ်တာတွေ၊ ကောင်းမှုနှင့် မကောင်းမှုကြားက စည်းမျဉ်းတွေနှင့် ဘယ်လိုလူက သေဖို့ထိုက်တန်တယ်ဆိုတာတွေနှင့် ရင်ဆိုင်ရမယ်ဆိုတာကိုလည်း သိကြောင်းပြောသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top