Property Expo
×

ဒန္ဇဲ၀ါရွင္တန္ ပါ၀င္သ႐ုပ္ေဆာင္ထားၿပီး ၁၉၆၀ ၀န္းက်င္က အေျခအေနကို ေနာက္ခံထား ႐ိုက္ကူးထားေသာ The Magnificent Seven ႐ုပ္ရွင္သည္ ပြဲဦးထြက္ ျပသသည့္ သီတင္းပတ္မွာပင္ အျခားေသာ ႐ုပ္ရွင္ကားမ်ားကို ေက်ာ္တက္ၿပီး ေျမာက္အေမရိက၏ ၀င္ေငြအမ်ားဆံုး ႐ုပ္ရွင္စာရင္း၏ ထိပ္ဆံုး၌ ရပ္တည္ေနသည္။
The Magnificent Seven ႐ုပ္ရွင္မွာ အလြန္ဆိုးသြမ္းသည့္ လူခုနစ္ဦးက ၿမိဳ႕တစ္ၿမိဳ႕ကို ေလာဘႀကီးေသာ စက္မႈလုပ္ရွင္တစ္ဦး၏ လက္ထဲမွ ကာကြယ္သည့္အေၾကာင္းျဖစ္ၿပီး ပြဲဦးထြက္ျပသသည့္ သီတင္းပတ္တြင္ ၀င္ေငြေဒၚလာ ၃၅ သန္း ရရွိထားသည္။

ဒုတိယေနရာ၌ ရပ္တည္ေနသည္မွာ ၿပီးခဲ့သည့္ သီတင္းပတ္ကပင္ စတင္ထြက္ရွိခဲ့သည့္ အန္နီေမးရွင္း ဇာတ္ကားတစ္ကား ျဖစ္ေသာ Storks ျဖစ္ၿပီး ၀င္ေငြေဒၚလာ ၂၁ ဒသမ ၈ သန္း ရရွိထားသည္။ ယင္း႐ုပ္ရွင္ထဲတြင္ ကေလးမ်ားကို လိုက္လံ ပို႔ေဆာင္ေပးရေသာ ဓေလ့ရွိခဲ့သည့္ ငွက္က်ားျဖဴမ်ားသည္ လက္ရွိတြင္ လက္လီကုန္ပစၥည္း လိုက္ပို႔သူမ်ား ျဖစ္ေနၾကၿပီျဖစ္သည္။ ထိုအခ်ိန္ တြင္ ထိုငွက္မ်ားသည္ ေမြးကင္းစ မိန္းကေလးတစ္ဦးကို အိမ္တစ္အိမ္သို႔ ရွာေဖြပို႔ေပးရမည့္ တာ၀န္ယူရခ်ိန္တြင္ အခက္ေတြ႕ၾကပံုအေၾကာင္း ျဖစ္သည္။

သီတင္းႏွစ္ပတ္ ဆက္တိုက္ စာရင္း၏ ထိပ္ဆံုး၌ ရပ္တည္ခဲ့ေသာ ေလယာဥ္မွဴးတစ္ဦး၏ ျဖစ္ရပ္မွန္ဇာတ္လမ္းကို ႐ိုက္ကူးထားေသာ Sully မွာ နံပါတ္သံုးေနရာသို႔ ဆင္းသြားၿပီး ၀င္ေငြေဒၚလာ ၁၃ ဒသမ ၈ သန္းရရွိခဲ့သည္။ Sully ႐ုပ္ရွင္သည္ ျပသ ခဲ့သည့္ သီတင္းသံုးပတ္အတြင္း ၀င္ေငြေဒၚလာ ၉၂ ဒသမ ၄ သန္း ရရွိခဲ့ၿပီးျဖစ္သည္။

နံပါတ္ေလးေနရာ၌ ၀င္ေငြေဒၚလာ ၄ ဒသမ ၅ သန္း ရရွိထားေသာ Bridget Jones’s Baby ရွိေနၿပီး အေမရိကန္ေထာက္လွမ္းေရး လွ်ဳိ႕၀ွက္ခ်က္အမ်ားအျပားကို ဖြင့္ခ်ခဲ့သည့္ အက္ဒ၀ပ္စႏိုးဒင္၏ အေၾကာင္းကို ဒါ႐ိုက္တာ အိုလီဗာစတုန္းက ႐ိုက္ကူးထားေသာ Snowden ႐ုပ္ရွင္က ၀င္ေငြေဒၚလာ ၄ ဒသမ ၁ သန္းျဖင့္ နံပါတ္ ငါးေနရာတြင္ ရပ္တည္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven News

#Unicode Version
ဒန်ဇဲဝါရှင်တန် ပါဝင်သရုပ်ဆောင်ထားပြီး ၁၉၆၀ ဝန်းကျင်က အခြေအနေကို နောက်ခံထား ရိုက်ကူးထားသော The Magnificent Seven ရုပ်ရှင်သည် ပွဲဦးထွက် ပြသသည့် သီတင်းပတ်မှာပင် အခြားသော ရုပ်ရှင်ကားများကို ကျော်တက်ပြီး မြောက်အမေရိက၏ ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံး၌ ရပ်တည်နေသည်။
The Magnificent Seven ရုပ်ရှင်မှာ အလွန်ဆိုးသွမ်းသည့် လူခုနစ်ဦးက မြို့တစ်မြို့ကို လောဘကြီးသော စက်မှုလုပ်ရှင်တစ်ဦး၏ လက်ထဲမှ ကာကွယ်သည့်အကြောင်းဖြစ်ပြီး ပွဲဦးထွက်ပြသသည့် သီတင်းပတ်တွင် ဝင်ငွေဒေါ်လာ ၃၅ သန်း ရရှိထားသည်။

ဒုတိယနေရာ၌ ရပ်တည်နေသည်မှာ ပြီးခဲ့သည့် သီတင်းပတ်ကပင် စတင်ထွက်ရှိခဲ့သည့် အန်နီမေးရှင်း ဇာတ်ကားတစ်ကား ဖြစ်သော Storks ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၂၁ ဒသမ ၈ သန်း ရရှိထားသည်။ ယင်းရုပ်ရှင်ထဲတွင် ကလေးများကို လိုက်လံ ပို့ဆောင်ပေးရသော ဓလေ့ရှိခဲ့သည့် ငှက်ကျားဖြူများသည် လက်ရှိတွင် လက်လီကုန်ပစ္စည်း လိုက်ပို့သူများ ဖြစ်နေကြပြီဖြစ်သည်။ ထိုအချိန် တွင် ထိုငှက်များသည် မွေးကင်းစ မိန်းကလေးတစ်ဦးကို အိမ်တစ်အိမ်သို့ ရှာဖွေပို့ပေးရမည့် တာဝန်ယူရချိန်တွင် အခက်တွေ့ကြပုံအကြောင်း ဖြစ်သည်။

သီတင်းနှစ်ပတ် ဆက်တိုက် စာရင်း၏ ထိပ်ဆုံး၌ ရပ်တည်ခဲ့သော လေယာဉ်မှူးတစ်ဦး၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားသော Sully မှာ နံပါတ်သုံးနေရာသို့ ဆင်းသွားပြီး ဝင်ငွေဒေါ်လာ ၁၃ ဒသမ ၈ သန်းရရှိခဲ့သည်။ Sully ရုပ်ရှင်သည် ပြသ ခဲ့သည့် သီတင်းသုံးပတ်အတွင်း ဝင်ငွေဒေါ်လာ ၉၂ ဒသမ ၄ သန်း ရရှိခဲ့ပြီးဖြစ်သည်။

နံပါတ်လေးနေရာ၌ ဝင်ငွေဒေါ်လာ ၄ ဒသမ ၅ သန်း ရရှိထားသော Bridget Jones’s Baby ရှိနေပြီး အမေရိကန်ထောက်လှမ်းရေး လျှို့ဝှက်ချက်အများအပြားကို ဖွင့်ချခဲ့သည့် အက်ဒဝပ်စနိုးဒင်၏ အကြောင်းကို ဒါရိုက်တာ အိုလီဗာစတုန်းက ရိုက်ကူးထားသော Snowden ရုပ်ရှင်က ဝင်ငွေဒေါ်လာ ၄ ဒသမ ၁ သန်းဖြင့် နံပါတ် ငါးနေရာတွင် ရပ်တည်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top