Property Expo
×

               ေစ်းကြက္သို႔ မိတ္ဆက္ျပသထားေသာ FordKUAG ကားတစ္စီး

အေမရိကန္အေျခစိုက္ ဖို႔ဒ္ကားကုမၸဏီက Ford KUGA အမ်ဳိးအစားကို ျမန္မာျပည္ေစ်းကြက္သို႔ ျဖန္႔ျဖဴးေရာင္းခ်ႏုိင္ရန္ စက္တင္ဘာ ၃ ရက္က တရား၀င္မိတ္ဆက္ခဲ့သည္။

၂၀၁၃ က စတင္ထုတ္လုပ္ ေသာ Ford KUGA ကို ျမန္မာ ျပည္ေစ်းကြက္သို႔ အာရွႏုိင္ငံမ်ား ႏွင့္အၿပိဳင္ တင္သြင္းေရာင္းခ်ႏုိင္ ရန္ မိတ္ဆက္ျခင္း ျဖစ္သည္။

တံခါးငါးေပါက္ပါ SUV ျဖစ္ ေသာ KUGA ကို ေစ်းကြက္၀ယ္ လိုအားကိုၾကည့္ၿပီး အစီးေရအ ေျမာက္အျမား တင္သြင္းေရာင္းခ် ႏုိင္ရန္ Ford က ခန္႔မွန္းထားသည္။

အင္ဂ်င္ပါ၀ါ ၁၅၀၀ ရွိၿပီး လူငါးဦးထက္မနည္း စီးနင္းႏုိင္ေသာ FordKUGA သည္ Eco Boost နည္းပညာကို ထည့္သြင္းထားေသာ ေၾကာင့္ သာမန္ထက္ဆီစားႏႈန္း သက္သာေၾကာင္း Ford က ထုတ္ျပန္ထားသည္။

Ford KUGA သည္ ျပည္ တြင္းေစ်းကြက္၌ ကန္ေဒၚလာငါး ေသာင္းခဲြျဖင့္ စတင္ေရာင္းခ်မည္ ဟု ဆုိသည္။

      ရန္ကုန္ၿမိဳ႕တြင္ အေရာင္းျပခန္း ဖြင့္လွစ္ေရာင္းခ်ေနၿပီျဖစ္ေသာ Ford Brand New ကားအေရာင္း ျပခန္းသည္ ယခုႏွစ္ ဧၿပီမွဇူလုိင္ အထိ စာရင္းမ်ားအရ Ford ကား အမ်ဳိးအစားစုံ အစီးေရ ၁၀၀ ခန္႔ေရာင္းခ်ထားေၾကာင္း တရား၀င္ေမာ္ေတာ္ယာဥ္ တင္သြင္းျဖန္႔ျဖဴးေရာင္းခ်သူမ်ားအသင္းက ထုတ္ျပန္ထားသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဈေးကွက်သို့ မိတ်ဆက်ပြသထားသော FordKUAG ကားတစ်စီး

အမေရိကန်အခြေစိုက် ဖို့ဒ်ကားကုမ္ပဏီက Ford KUGA အမျိုးအစားကို မြန်မာပြည်ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရန် စက်တင်ဘာ ၃ ရက်က တရားဝင်မိတ်ဆက်ခဲ့သည်။

၂၀၁၃ က စတင်ထုတ်လုပ် သော Ford KUGA ကို မြန်မာ ပြည်ဈေးကွက်သို့ အာရှနိုင်ငံများ နှင့်အပြိုင် တင်သွင်းရောင်းချနိုင် ရန် မိတ်ဆက်ခြင်း ဖြစ်သည်။

တံခါးငါးပေါက်ပါ SUV ဖြစ် သော KUGA ကို ဈေးကွက်ဝယ် လိုအားကိုကြည့်ပြီး အစီးရေအ မြောက်အမြား တင်သွင်းရောင်းချ နိုင်ရန် Ford က ခန့်မှန်းထားသည်။

အင်ဂျင်ပါဝါ ၁၅၀၀ ရှိပြီး လူငါးဦးထက်မနည်း စီးနင်းနိုင်သော FordKUGA သည် Eco Boost နည်းပညာကို ထည့်သွင်းထားသော ကြောင့် သာမန်ထက်ဆီစားနှုန်း သက်သာကြောင်း Ford က ထုတ်ပြန်ထားသည်။

Ford KUGA သည် ပြည် တွင်းဈေးကွက်၌ ကန်ဒေါ်လာငါး သောင်းခွဲဖြင့် စတင်ရောင်းချမည် ဟု ဆိုသည်။

      ရန်ကုန်မြို့တွင် အရောင်းပြခန်း ဖွင့်လှစ်ရောင်းချနေပြီဖြစ်သော Ford Brand New ကားအရောင်း ပြခန်းသည် ယခုနှစ် ဧပြီမှဇူလိုင် အထိ စာရင်းများအရ Ford ကား အမျိုးအစားစုံ အစီးရေ ၁၀၀ ခန့်ရောင်းချထားကြောင်း တရားဝင်မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းက ထုတ်ပြန်ထားသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top