Property Expo
×

Kanye West ႏွင့္ Drake က ၂ ေယာက္ေပါင္းၿပီး Album တစ္ခုကို တကယ္ထုတ္ပါေတာ့မယ္။

Hip-hop အဆိုေတာ္ႏွင့္ ဒီဇိုင္နာက “Hotline Bling” rapအဆိုေတာ္ႏွင့္အတူ ပေရာဂ်က္အသစ္တစ္ခု လုပ္ေနေၾကာင္း Vogue မဂၢဇင္းႏွင့္ အင္တာဗ်ဴးမွာ အတည္ျပဳခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ သီခ်င္းေတြလုပ္ေနၾကတာပါ။ စတူဒီယိုထဲမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ သီခ်င္းေတြအမ်ားႀကီးကို အတူလုပ္ေနၾကတယ္။ Album တစ္ခုလုပ္ေနၾကတာဆိုေတာ့ မၾကာခင္ စိတ္လွုပ္ရွားစရာေတြ လာေတာ့မွာပါ” လို႔ Kanye က ဖက္ရွင္မဂၢဇင္းကို ေျပာျပခဲ့ပါတယ္။

ၿပီးခဲ့တဲလက သူတို႔ ၂ေယာက္ရဲ႕ record label အမွတ္တံဆိပ္ေတြကို အတူတကြေဖာ္ျပထားတဲ့ ဆိုင္းဘုတ္တစ္ခု Los Angeles ၿမိဳ႕ထဲမွာေပၚလာတာဟာ Hip-hop စူပါစတားေတြက သူတို႔အတူပူးေပါင္းလုပ္ထားတာကို အရိပ္အျမြက္ေပးခဲ့တာျဖစ္တဲ့ပံုပါပဲ။

သို႔ေသာ္လည္း ဩဂုတ္လ ၁ ရက္က Toronto ၿမိဳ႕မွာက်င္းပတဲ့ OVO Fest မွာ ႏွစ္ေယာက္သား သဲလြန္စေတြေပးေတာ့မွ ရက္သတၱပတ္အေစာပိုင္းမွာ ႀကိဳတင္ခန္႔မွန္းၾကေတြစတင္လာတာပါ။

“ဒီ Album အတြက္ အားလံုးအသင့္ျဖစ္ၾကၿပီလား?” လို႔ Kanye က Drake ေဖ်ာ္ေျဖရမယ့္အပိုင္းမွာ ဧည့္သည္အျဖစ္လာေရာက္ၿပီး လူအုပ္ႀကီးကုိ ေမးခဲ့တာကို ပရိသတ္တစ္ေယာက္က ရိုက္ကူးၿပီး twitter မွာတင္ခဲ့ပါတယ္။

“အခုေျပာေနတာ ‘Pablo’ အေၾကာင္းမဟုတ္ဘူးေနာ္။ ‘View’ အေၾကာင္းလည္း မဟုတ္ဘူးေနာ္။ ဒီ Album အတြက္ အားလံုးအသင့္ျဖစ္ၾကၿပီလားလို႔ ေမးခ်င္တာပါ?” လို႔ Drake စင္ေပၚတက္မလာခင္ ညႊန္းၿပီး ရွင္းရွင္းလင္းလင္းေျပာခဲ့ပါတယ္။

Youtube မွာတင္ထားတဲ့ ေဖ်ာ္ေျဖပြဲရဲ႕ေနာက္တစ္ပိုင္းမွာေတာ့ Drake က Kanye ဘာေျပာေနတယ္ဆိုတာကို ပရိသတ္ေတြ သေဘာေပါက္ေအာင္ သူကိုယ္တိုင္ဆက္ေျပာခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ၂ေယာက္ Album တစ္ခုလုပ္မယ္ဆိုရင္ ခင္ဗ်ားတို႔ အဆင္သင့္ျဖစ္ၿပီလား? သူေမးေနတာ အဲ့ဒါပါ” လို႔ ေဖ်ာ္ေျဖပြဲေနာက္ပိုင္းမွာ ေျပာခဲ့ပါတယ္။

စူပါစတားေတြရဲ႕ ၂ဆအားထုတ္ထားတဲ့ Album ဟာ အမည္ႏွင့္ ထြက္ရွိမည့္ ရက္စြဲ မေၾကညာေသးေပမယ့္ တစ္ခ်ဳိ႕ပရိသတ္ေတြကေတာ့ ဘယ္မွာဝယ္ယူရရွိႏိုင္မလဲဆိုတာ သိခ်င္ေနၾကပါၿပီ။

Kanye ႏွင့္ Drake တို႔ႏွစ္ေယာက္ ေနာက္ဆံုးထြက္ထားတဲ့ Album ေတြကို Tidal ႏွင့္ Apple Music မွာသာ အသီးသီးဝယ္ယူရရွိႏိုင္ပါတယ္။ ေႏြရာသီတုန္းက အၿပိဳင္အဆိုင္ေတြမ်ားလာတဲ့ သီခ်င္းလႊင့္တဲ့ေလာကႏွင့္ ပတ္သက္ၿပီး Kanye က စံုေနေအာင္ twitter ေပၚမွာေရးထားပါတယ္။

“ဒီ Apple Tidal ညည္းညဴေနတာေတြက ဂီတေလာကကို ဖ်က္ဆီးေနတယ္။ ႏွစ္ ၁၀၀ ေလာက္ဆိုရင္ ငါတို႔အကုန္ေသေနေလာက္ၿပီ။ ကေလးေတြကို သီခ်င္းနားေထာင္ပါေစ” လို႔ ဇူလိုင္လတုန္းက ေရးသားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Kanye West နှင့် Drake က ၂ ယောက်ပေါင်းပြီး Album တစ်ခုကို တကယ်ထုတ်ပါတော့မယ်။

Hip-hop အဆိုတော်နှင့် ဒီဇိုင်နာက “Hotline Bling” rapအဆိုတော်နှင့်အတူ ပရောဂျက်အသစ်တစ်ခု လုပ်နေကြောင်း Vogue မဂ္ဂဇင်းနှင့် အင်တာဗျူးမှာ အတည်ပြုခဲ့ပါတယ်။

“ကျွန်တော်တို့ သီချင်းတွေလုပ်နေကြတာပါ။ စတူဒီယိုထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေအများကြီးကို အတူလုပ်နေကြတယ်။ Album တစ်ခုလုပ်နေကြတာဆိုတော့ မကြာခင် စိတ်လှုပ်ရှားစရာတွေ လာတော့မှာပါ” လို့ Kanye က ဖက်ရှင်မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲလက သူတို့ ၂ယောက်ရဲ့ record label အမှတ်တံဆိပ်တွေကို အတူတကွဖော်ပြထားတဲ့ ဆိုင်းဘုတ်တစ်ခု Los Angeles မြို့ထဲမှာပေါ်လာတာဟာ Hip-hop စူပါစတားတွေက သူတို့အတူပူးပေါင်းလုပ်ထားတာကို အရိပ်အမြွက်ပေးခဲ့တာဖြစ်တဲ့ပုံပါပဲ။

သို့သော်လည်း ဩဂုတ်လ ၁ ရက်က Toronto မြို့မှာကျင်းပတဲ့ OVO Fest မှာ နှစ်ယောက်သား သဲလွန်စတွေပေးတော့မှ ရက်သတ္တပတ်အစောပိုင်းမှာ ကြိုတင်ခန့်မှန်းကြတွေစတင်လာတာပါ။

“ဒီ Album အတွက် အားလုံးအသင့်ဖြစ်ကြပြီလား?” လို့ Kanye က Drake ဖျော်ဖြေရမယ့်အပိုင်းမှာ ဧည့်သည်အဖြစ်လာရောက်ပြီး လူအုပ်ကြီးကို မေးခဲ့တာကို ပရိသတ်တစ်ယောက်က ရိုက်ကူးပြီး twitter မှာတင်ခဲ့ပါတယ်။

“အခုပြောနေတာ ‘Pablo’ အကြောင်းမဟုတ်ဘူးနော်။ ‘View’ အကြောင်းလည်း မဟုတ်ဘူးနော်။ ဒီ Album အတွက် အားလုံးအသင့်ဖြစ်ကြပြီလားလို့ မေးချင်တာပါ?” လို့ Drake စင်ပေါ်တက်မလာခင် ညွှန်းပြီး ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။

Youtube မှာတင်ထားတဲ့ ဖျော်ဖြေပွဲရဲ့နောက်တစ်ပိုင်းမှာတော့ Drake က Kanye ဘာပြောနေတယ်ဆိုတာကို ပရိသတ်တွေ သဘောပေါက်အောင် သူကိုယ်တိုင်ဆက်ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ၂ယောက် Album တစ်ခုလုပ်မယ်ဆိုရင် ခင်ဗျားတို့ အဆင်သင့်ဖြစ်ပြီလား? သူမေးနေတာ အဲ့ဒါပါ” လို့ ဖျော်ဖြေပွဲနောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

စူပါစတားတွေရဲ့ ၂ဆအားထုတ်ထားတဲ့ Album ဟာ အမည်နှင့် ထွက်ရှိမည့် ရက်စွဲ မကြေညာသေးပေမယ့် တစ်ချို့ပရိသတ်တွေကတော့ ဘယ်မှာဝယ်ယူရရှိနိုင်မလဲဆိုတာ သိချင်နေကြပါပြီ။

Kanye နှင့် Drake တို့နှစ်ယောက် နောက်ဆုံးထွက်ထားတဲ့ Album တွေကို Tidal နှင့် Apple Music မှာသာ အသီးသီးဝယ်ယူရရှိနိုင်ပါတယ်။ နွေရာသီတုန်းက အပြိုင်အဆိုင်တွေများလာတဲ့ သီချင်းလွှင့်တဲ့လောကနှင့် ပတ်သက်ပြီး Kanye က စုံနေအောင် twitter ပေါ်မှာရေးထားပါတယ်။

“ဒီ Apple Tidal ညည်းညူနေတာတွေက ဂီတလောကကို ဖျက်ဆီးနေတယ်။ နှစ် ၁၀၀ လောက်ဆိုရင် ငါတို့အကုန်သေနေလောက်ပြီ။ ကလေးတွေကို သီချင်းနားထောင်ပါစေ” လို့ ဇူလိုင်လတုန်းက ရေးသားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top