Kantharyar Centre
×

အာဖဂန္နစၥတန္ႏုိင္ငံၿမိဳ႕ေတာ္ ကာဘူးလ္မွာ တနလၤာေန႔ေႏွာင္းပုိင္း တတိယအႀကိမ္ေျမာက္ ေပါက္ကြဲမႈ ျဖစ္သြားခဲ့ပါတယ္။ တနလၤာေန႔ အေစာပုိင္းတုန္းက ကားေပၚမွာ ေဖာက္ခြဲေရးပစၥည္းေတြ အျပည့္တင္လာတဲ့ အေသခံဗုံးခြဲသမားက ေဖာက္ခြဲမႈ ျပဳလုပ္ခဲ့တဲ့အတြက္ အနဲဆုံး လူ ၃၀ ေသဆုံးၿပီး ၉၀ ေလာက္ ထိခုိက္ဒဏ္ရာ ရသြားခဲ့ၿပီး နာရီ အနည္းငယ္အၾကာမွာ ေပါက္ကြဲမႈ ထပ္မံ ျဖစ္ခဲ့တာပါ။

ႀကီးမားတဲ့ ေပါက္ကြဲမႈႀကီးေနာက္မွာ ေသနတ္ပစ္ခတ္မႈေတြလည္း ျဖစ္ေပၚခဲ့ပါတယ္။ ႏုိင္ငံျခားသားေတြ အတည္းမ်ားတဲ့ ဟုိတယ္ကုိ ပစ္မွတ္ထား တုိက္ခုိက္တာလုိ႔ ဆုိပါတယ္။ အာဖဂန္အထူးတပ္ဖြဲ႔ေတြ ခ်က္ျခင္းေရာက္လာၿပီး အေဆာက္အဦးထဲကုိ ၀င္ဖုိ႔ ႀကိဳးစားတဲ့ ေသနတ္သမား ၂ ဦးနဲ႔ အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

ပစ္ခတ္မႈေၾကာင့္ ေသဆုံးတယ္ဆုိတဲ့ သတင္းထြက္မလာေသးသလုိ ဒီတုိက္ခုိက္မႈကုိ ဘယ္သူျပဳလုပ္တယ္ဆုိတဲ့ ထုတ္ေဖာ္ ေျပာဆုိသူလည္း မရွိေသးပါဘူး။

အေစာပုိင္း နာရီအတန္ၾကာတုန္းကေတာ့ အာဖဂန္ကာကြယ္ေရး၀န္ႀကီးဌာနအနီးမွာ ခပ္ေစာေစာက ျဖစ္သြားတဲ့ ေပါက္ကြဲမႈ အေသးေလးကုိ လူေတြ ၀ုိင္းၾကည့္ေနၾကတဲ့အခ်ိန္ အေသခံဗုံးခြဲသမားက ေနာက္ထပ္ ေဖာက္ခြဲမႈတခု ျပဳလုပ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုေအ (ျမန္မာပုိင္း)

Unicode Version

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မှာ တနင်္လာနေ့နှောင်းပိုင်း တတိယအကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်သွားခဲ့ပါတယ်။ တနင်္လာနေ့ အစောပိုင်းတုန်းက ကားပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်လာတဲ့ အသေခံဗုံးခွဲသမားက ဖောက်ခွဲမှု ပြုလုပ်ခဲ့တဲ့အတွက် အနဲဆုံး လူ ၃၀ သေဆုံးပြီး ၉၀ လောက် ထိခိုက်ဒဏ်ရာ ရသွားခဲ့ပြီး နာရီ အနည်းငယ်အကြာမှာ ပေါက်ကွဲမှု ထပ်မံ ဖြစ်ခဲ့တာပါ။

ကြီးမားတဲ့ ပေါက်ကွဲမှုကြီးနောက်မှာ သေနတ်ပစ်ခတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေ အတည်းများတဲ့ ဟိုတယ်ကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။ အာဖဂန်အထူးတပ်ဖွဲ့တွေ ချက်ခြင်းရောက်လာပြီး အဆောက်အဦးထဲကို ဝင်ဖို့ ကြိုးစားတဲ့ သေနတ်သမား ၂ ဦးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးတယ်ဆိုတဲ့ သတင်းထွက်မလာသေးသလို ဒီတိုက်ခိုက်မှုကို ဘယ်သူပြုလုပ်တယ်ဆိုတဲ့ ထုတ်ဖော် ပြောဆိုသူလည်း မရှိသေးပါဘူး။

အစောပိုင်း နာရီအတန်ကြာတုန်းကတော့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနအနီးမှာ ခပ်စောစောက ဖြစ်သွားတဲ့ ပေါက်ကွဲမှု အသေးလေးကို လူတွေ ဝိုင်းကြည့်နေကြတဲ့အချိန် အသေခံဗုံးခွဲသမားက နောက်ထပ် ဖောက်ခွဲမှုတခု ပြုလုပ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top