Property Expo
×

ကမၻာေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ေလဒီဂါဂါကေတာ့ သူမရဲ႕သီခ်င္းအယ္ဘမ္သစ္ထြက္ရွိမယ့္ ေန႔စြဲကို ေၾကညာခဲ့ၿပီးတဲ့ေနာက္မွာ အယ္လ္ဘမ္သစ္မွာ အသံုးျပဳမယ့္ ကာဗာဓာတ္ပံုကိုလည္း သူမရဲ႕ တြစ္တာစာမ်က္ႏွာကေနတစ္ဆင့္ တရားဝင္ထုတ္ေဖာ္လုိက္ၿပီျဖစ္ပါတယ္။

သူမရဲ႕ ကာဗာဓာတ္ပံုထဲမွာေတာ့ အေပၚပိုင္းမွာ အဝတ္အထည္ဝတ္ဆင္ထားျခင္းမရွိဘဲ ပန္းႏုေရာင္ လွ်ာက်ယ္ဦးထုပ္တစ္လံုးကို ေဆာင္းထားတာကို ေတြ႕ျမင္ရပါတယ္။ ဒီအယ္လ္ဘမ္ရဲ႕ ကာဗာဓာတ္ပံုကေတာ့ ဂါဂါရဲ႕ အရုိးရႈင္းဆံုးဓာတ္ပံုတစ္ခုလည္းျဖစ္ေနတာကို အံ့ၾသရမွာပါ။

ဒီအယ္လ္ဘမ္ရဲ႕ နာမည္ကိုေတာ့ ေလဒီဂါဂါရဲ႕ အေဒၚျဖစ္သူကေပးထားခဲ့တာျဖစ္ၿပီး ေအာက္တိုဘာ၂၁ ရက္မွာ ထြက္ရွိႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။



ဒီအယ္ဘမ္မွာေတာ့ Mark Ronson နဲ႔ Florence Welch စတဲ့ သီခ်င္းဖန္တီးသူေတြလည္း ပါဝင္အားျဖည့္ေပးထားတဲ့အျပင္ အယ္လ္ဘမ္မထြက္ခင္မွာ “Perfect Illusion” ဆိုတဲ့ သီခ်င္းကို Single အေနနဲ႔ တရားဝင္ထြက္ရွိမယ္လို႔ သိရပါတယ္။

ဒီအယ္လ္ဘမ္ထဲမွာေတာ့ “John Wayne” , “Sinner’s Prayer” စတဲ့ သီခ်င္းေတြက ပရိသတ္ေတြအတြက္ ထူးျခားမယ့္သီခ်င္းေတြျဖစ္လာလိမ့္မယ္လုိ႔လည္း ေလဒီဂါဂါက အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့ဖူးပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin




#Unicode Version
ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ လေဒီဂါဂါကတော့ သူမရဲ့သီချင်းအယ်ဘမ်သစ်ထွက်ရှိမယ့် နေ့စွဲကို ကြေညာခဲ့ပြီးတဲ့နောက်မှာ အယ်လ်ဘမ်သစ်မှာ အသုံးပြုမယ့် ကာဗာဓာတ်ပုံကိုလည်း သူမရဲ့ တွစ်တာစာမျက်နှာကနေတစ်ဆင့် တရားဝင်ထုတ်ဖော်လိုက်ပြီဖြစ်ပါတယ်။

သူမရဲ့ ကာဗာဓာတ်ပုံထဲမှာတော့ အပေါ်ပိုင်းမှာ အဝတ်အထည်ဝတ်ဆင်ထားခြင်းမရှိဘဲ ပန်းနုရောင် လျှာကျယ်ဦးထုပ်တစ်လုံးကို ဆောင်းထားတာကို တွေ့မြင်ရပါတယ်။ ဒီအယ်လ်ဘမ်ရဲ့ ကာဗာဓာတ်ပုံကတော့ ဂါဂါရဲ့ အရိုးရှုင်းဆုံးဓာတ်ပုံတစ်ခုလည်းဖြစ်နေတာကို အံ့သြရမှာပါ။

ဒီအယ်လ်ဘမ်ရဲ့ နာမည်ကိုတော့ လေဒီဂါဂါရဲ့ အဒေါ်ဖြစ်သူကပေးထားခဲ့တာဖြစ်ပြီး အောက်တိုဘာ၂၁ ရက်မှာ ထွက်ရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။


ဒီအယ်ဘမ်မှာတော့ Mark Ronson နဲ့ Florence Welch စတဲ့ သီချင်းဖန်တီးသူတွေလည်း ပါဝင်အားဖြည့်ပေးထားတဲ့အပြင် အယ်လ်ဘမ်မထွက်ခင်မှာ “Perfect Illusion” ဆိုတဲ့ သီချင်းကို Single အနေနဲ့ တရားဝင်ထွက်ရှိမယ်လို့ သိရပါတယ်။

ဒီအယ်လ်ဘမ်ထဲမှာတော့ “John Wayne” , “Sinner’s Prayer” စတဲ့ သီချင်းတွေက ပရိသတ်တွေအတွက် ထူးခြားမယ့်သီချင်းတွေဖြစ်လာလိမ့်မယ်လို့လည်း လေဒီဂါဂါက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ဖူးပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top