Property Expo
×

မၾကာေသးမီက Apple ဟာ သူ႔ရဲ႕ Messages app ကို စတစ္ကာေတြ၊ အင္နီမီးရွင္းေတြ၊ OpenTable နဲ႔ Fandango တုိ႔လုိ ဝန္ေဆာင္မႈေတြနဲ႔ တြဲဖက္သုံးႏုိင္ေအာင္ ထည့္သြင္းကာ မဟာျပဳျပင္မြမ္းမံမႈ ျပဳလုပ္ခဲ့ပါတယ္။ ဒီလုပ္ေဆာင္ခ်က္ေတြကို Apple ထုတ္ မိုဘုိင္းလ္ပစၥည္းကိရိယာေတြအတြက္ေတာ့ စက္တင္ဘာ ၁၃ ရက္ေန႔မွာ ထုတ္လုပ္ျဖန္႔ခ်ိ္ခဲ့တဲ့  iPhone နဲ႔ iPad ေတြမွာ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
 
စတစ္ကာေတြဟာ LINE နဲ႔ Facebook Messenger စတဲ့ မက္ေဆ့ခ်္ပုိ႔ app တုိ႔မွာ အရင္က လူသိမ်ားခဲ့ေပမယ့္ ဒါဟာ Apple ထုတ္ iPhone ရဲ႕ လစ္ဟာေနတဲ့ စာပို႔ app အတြက္ေတာ့ ပထမဆုံးအၾကိမ္ျပဳလုပ္ျခင္း ျဖစ္ပါတယ္။ စတစ္ကာေတြကို iPhone ကီးဘုတ္မွာ အသင့္ထည့္မေပးပါဘူး။ အခုမွ ေလာေလာလတ္လတ္ ျပဳလုပ္ထားတဲ့ iMessage App Store ကေန ေဒါင္းလုဒ္ ရယူရမွာျဖစ္ပါတယ္။
 
စတစ္ကာေတြအျပင္ အေသးစားဂိမ္းေတြနဲ႔ Messages ထဲမွာ ထည့္သုံးႏုိင္ေအာင္ ဒီဇုိင္းျပဳလုပ္ထားတဲ့ တျခားဝန္ေဆာင္မႈေတြပါ ေတြ႔ရပါမယ္။ အဆုိပါ App Store အေနနဲ႔ Mickey Mouse ၊ Pac-Man ကာရုိက္တာေတြ ပါဝင္တဲ့ စတစ္ကာအမ်ဳိးမ်ဳိးလည္း စီစဥ္ေဆာင္ရြက္ေပးထားပါေသးတယ္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
မကြာသေးမီက Apple ဟာ သူ့ရဲ့ Messages app ကို စတစ်ကာတွေ၊ အင်နီမီးရှင်းတွေ၊ OpenTable နဲ့ Fandango တို့လို ဝန်ဆောင်မှုတွေနဲ့ တွဲဖက်သုံးနိုင်အောင် ထည့်သွင်းကာ မဟာပြုပြင်မွမ်းမံမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို Apple ထုတ် မိုဘိုင်းလ်ပစ္စည်းကိရိယာတွေအတွက်တော့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်လုပ်ဖြန့်ချိခဲ့တဲ့  iPhone နဲ့ iPad တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

စတစ်ကာတွေဟာ LINE နဲ့ Facebook Messenger စတဲ့ မက်ဆေ့ချ်ပို့ app တို့မှာ အရင်က လူသိများခဲ့ပေမယ့် ဒါဟာ Apple ထုတ် iPhone ရဲ့ လစ်ဟာနေတဲ့ စာပို့ app အတွက်တော့ ပထမဆုံးအကြိမ်ပြုလုပ်ခြင်း ဖြစ်ပါတယ်။ စတစ်ကာတွေကို iPhone ကီးဘုတ်မှာ အသင့်ထည့်မပေးပါဘူး။ အခုမှ လောလောလတ်လတ် ပြုလုပ်ထားတဲ့ iMessage App Store ကနေ ဒေါင်းလုဒ် ရယူရမှာဖြစ်ပါတယ်။

စတစ်ကာတွေအပြင် အသေးစားဂိမ်းတွေနဲ့ Messages ထဲမှာ ထည့်သုံးနိုင်အောင် ဒီဇိုင်းပြုလုပ်ထားတဲ့ တခြားဝန်ဆောင်မှုတွေပါ တွေ့ရပါမယ်။ အဆိုပါ App Store အနေနဲ့ Mickey Mouse ၊ Pac-Man ကာရိုက်တာတွေ ပါဝင်တဲ့ စတစ်ကာအမျိုးမျိုးလည်း စီစဉ်ဆောင်ရွက်ပေးထားပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top