Property Expo
×

                       iPhone ဝယ္ယူရန္ တန္းစီေစာင့္ဆိုင္းေနသူမ်ား။

စင္ကာပူ ႏုိင္ငံတြင္ iPhone ဝယ္ယူလုိေသာေၾကာင့္ ေလယာဉ္လက္မွတ္ လိမ္လည္ ဝယ္ယူခဲ့သူ ႏွစ္ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။


ၿပီးခဲ့သည့္လက Apple ကုမၸဏီက စတင္ေရာင္းခ်ခဲ့ေသာ iPhone အသစ္မ်ားအေပၚ လုိလားေတာင္းဆိုမႈ အလြန္ျမင့္တက္ေနၿပီး စင္ကာပူ ႏုိင္ငံသား ႏွစ္ဦးက အဆိုပါ စမတ္ဖုန္းမ်ား ဝယ္ယူႏုိင္ရန္ ဉာဏ္မ်ားခဲ့ျခင္း ျဖစ္သည္။ ပံုမွန္အားျဖင့္ အသစ္ထြက္ iPhone 7ႏွင့္ iPhone 7 Plusတို႔ကို ဝယ္ယူရန္ Apple ထုတ္ကုန္ အေရာင္းဆိုင္မ်ားတြင္ တန္းစီ ေစာင့္ဆိုင္းရေလ့ ရွိသည္။

စက္တင္ဘာ ၁၆ ရက္တြင္မူ အဆိုပါ အမ်ိဳးသားႏွစ္ဦးကို ေလဆိပ္ဥပေဒမ်ား ေဖာက္ဖ်က္မႈျဖင့္ ရဲမ်ားက ဖမ္းဆီးခဲ့သည္။ ၎တို႔သည္ အမွန္တကယ္ လုိက္ပါစီးနင္းရန္ အစီအစဉ္ မရွိသည့္ ေလယာဉ္ ခရီးစဉ္အတြက္ လက္မွတ္မ်ား ဝယ္ယူခဲ့ၿပီး ထိုလက္မွတ္မ်ားကို ျပသကာ ခ်န္ဂီေလဆိပ္ရွိ အေရာင္းဆိုင္တြင္ iPhone 7မ်ား ဝယ္ယူခဲ့ေၾကာင္း သိရသည္။

ရဲမ်ားက ယင္းတို႔ႏွစ္ဦးသည္ စင္ကာပူမွ ထြက္ခြာရန္ လံုးဝ အစီအစဉ္ မရွိခဲ့ေသာေၾကာင့္ ဆိုက္ေရာက္ထြက္ခြာ ခန္းမထဲတြင္ ရွိမေနခဲ့သင့္ဟု ဆိုသည္။ ထို႔ေၾကာင့္လည္း အကာအကြယ္ေပးရန္ သတ္မွတ္ထားသည့္ ေနရာႏွင့္ ဧရိယာမ်ားဆိုင္ရာ အက္ဥပေဒအရ ၎တို႔ကို စြဲခ်က္တင္ခဲ့ျခင္း ျဖစ္သည္။ အကယ္၍ ျပစ္မႈထင္ရွားပါက စင္ကာပူေဒၚလာ ၁၀၀၀ ထိ ဒဏ္ေၾကးျဖစ္ေစ၊ ၂ ႏွစ္ထိ ေထာင္ဒဏ္ျဖစ္ေစ အျမင့္ဆံုးျပစ္ဒဏ္ ခ်မွတ္ႏုိင္မည္ ျဖစ္သည္။

စင္ကာပူ ရဲတပ္ဖြဲ႕က ေစ်းဝယ္ရန္ ရည္ရြယ္ခ်က္ သက္သက္ျဖင့္ ေလဆိပ္မ်ား၏ လုပ္ငန္းေဆာင္ရြက္မႈကို အေႏွာင့္အယွက္ မေပးသင့္ေၾကာင္းလည္း သတိေပး ေၾကညာခဲ့သည္။

စင္ကာပူတြင္ တရားဝင္ Appleစတိုးမ်ား ဖြင့္လွစ္မႈ မရွိေသးသည့္အတြက္ တစ္ဆင့္ အေရာင္းဆိုင္မ်ားတြင္ တန္းစီဝယ္ယူျခင္း၊ အြန္လုိင္းမွ မွာယူျခင္းတို႔ျဖင့္သာ iPhone အသစ္မ်ားကို ပိုင္ဆိုင္ႏုိင္မည္ ျဖစ္သည္။ စင္ကာပူသို႔ ပထမအသုတ္ ေရာက္ရွိလာသည့္ iPhone 7 အသစ္မ်ားသည္ ရက္ပိုင္းအတြင္း ေရာင္းကုန္သြားေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:CNA

#Unicode Version
iPhone ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများ။

စင်ကာပူ နိုင်ငံတွင် iPhone ဝယ်ယူလိုသောကြောင့် လေယာဉ်လက်မှတ် လိမ်လည် ဝယ်ယူခဲ့သူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့်လက Apple ကုမ္ပဏီက စတင်ရောင်းချခဲ့သော iPhone အသစ်များအပေါ် လိုလားတောင်းဆိုမှု အလွန်မြင့်တက်နေပြီး စင်ကာပူ နိုင်ငံသား နှစ်ဦးက အဆိုပါ စမတ်ဖုန်းများ ဝယ်ယူနိုင်ရန် ဉာဏ်များခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အသစ်ထွက် iPhone 7နှင့် iPhone 7 Plusတို့ကို ဝယ်ယူရန် Apple ထုတ်ကုန် အရောင်းဆိုင်များတွင် တန်းစီ စောင့်ဆိုင်းရလေ့ ရှိသည်။

စက်တင်ဘာ ၁၆ ရက်တွင်မူ အဆိုပါ အမျိုးသားနှစ်ဦးကို လေဆိပ်ဥပဒေများ ဖောက်ဖျက်မှုဖြင့် ရဲများက ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် အမှန်တကယ် လိုက်ပါစီးနင်းရန် အစီအစဉ် မရှိသည့် လေယာဉ် ခရီးစဉ်အတွက် လက်မှတ်များ ဝယ်ယူခဲ့ပြီး ထိုလက်မှတ်များကို ပြသကာ ချန်ဂီလေဆိပ်ရှိ အရောင်းဆိုင်တွင် iPhone 7များ ဝယ်ယူခဲ့ကြောင်း သိရသည်။

ရဲများက ယင်းတို့နှစ်ဦးသည် စင်ကာပူမှ ထွက်ခွာရန် လုံးဝ အစီအစဉ် မရှိခဲ့သောကြောင့် ဆိုက်ရောက်ထွက်ခွာ ခန်းမထဲတွင် ရှိမနေခဲ့သင့်ဟု ဆိုသည်။ ထို့ကြောင့်လည်း အကာအကွယ်ပေးရန် သတ်မှတ်ထားသည့် နေရာနှင့် ဧရိယာများဆိုင်ရာ အက်ဥပဒေအရ ၎င်းတို့ကို စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ပြစ်မှုထင်ရှားပါက စင်ကာပူဒေါ်လာ ၁၀၀၀ ထိ ဒဏ်ကြေးဖြစ်စေ၊ ၂ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်မည် ဖြစ်သည်။

စင်ကာပူ ရဲတပ်ဖွဲ့က ဈေးဝယ်ရန် ရည်ရွယ်ချက် သက်သက်ဖြင့် လေဆိပ်များ၏ လုပ်ငန်းဆောင်ရွက်မှုကို အနှောင့်အယှက် မပေးသင့်ကြောင်းလည်း သတိပေး ကြေညာခဲ့သည်။

စင်ကာပူတွင် တရားဝင် Appleစတိုးများ ဖွင့်လှစ်မှု မရှိသေးသည့်အတွက် တစ်ဆင့် အရောင်းဆိုင်များတွင် တန်းစီဝယ်ယူခြင်း၊ အွန်လိုင်းမှ မှာယူခြင်းတို့ဖြင့်သာ iPhone အသစ်များကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ စင်ကာပူသို့ ပထမအသုတ် ရောက်ရှိလာသည့် iPhone 7 အသစ်များသည် ရက်ပိုင်းအတွင်း ရောင်းကုန်သွားကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:CNA
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top