Kantharyar Centre
×

ေကာလာဟလသတင္းေတြနဲ႔ သတင္းထုတ္ျပန္ခ်က္အမ်ဳိးမ်ဳိး ထြက္ရိွအျပီးမွာ ေနာက္ဆုံး iPhone သစ္ တကယ္ထြက္ရိွလာပါတယ္။ စက္တင္ဘာလ ၇ ရက္ေန႔မွာ Apple မွ iPhone 7 နဲ႔ iPhone 7 Plus ကို ေၾကျငာမိတ္ဆက္ခဲ့ပါတယ္။ ဖုန္းအသစ္အေၾကာင္း အေသးစိတ္ကို ေရးသားေပးထားပါတယ္။

၁။ အေရာင္သစ္

ပန္းေရာင္၊ ေရႊေရာင္နဲ႔ ေငြေရာင္အျပင္ iPhone ကို အနက္ေရာင္ျဖင့္လည္း ရရိွမွာျဖစ္ပါတယ္။ သေဘာက်ႏွစ္သက္စရာ အနက္ေရာင္ေမာ္ဒယ္လ္ကို 128GB နဲ႔ 256GB model နဲ႔သာ ရရိွမွာ ျဖစ္ပါတယ္။

၂။ Home Button သစ္

ယခု iPhone သစ္ေတြမွာ လက္ျဖင့္ ဖိလုိက္တာနဲ႔ တုံ႔ျပန္မႈခံစားေစမယ့္ နည္းပညာအသုံးျပဳထားတဲ့ home button ပါရိွပါတယ္။ ဒါ့ေၾကာင့္ app တစ္ခုကေန ေနာက္တစ္ခု ေျပာင္းေရြ႕တုိင္း အလုပ္လုပ္ေနေၾကာင္းသိေစရန္ တက်ည္က်ည္ျဖစ္ေပၚပါလိမ့္မယ္။

၃။ ေရစိုခံနဲ႔ ဖုန္ထိခံစနစ္

IP67 ႏႈန္းျဖင့္ ေရစိုခံစနစ္ ထည့္သြင္းထားပါတယ္။

၄။ ကင္မရာသစ္

12-megapixel ေနာက္ကင္မရာမွာ flash မီးမွာ LED မီးသီး ၄ ခု ပါရိွပါမယ္။ ဓာတ္ပုံရုိက္တဲ့အခါ အလင္းအား ၅၀% ပိုလင္းမယ့္ အဓိပၸါယ္ပဲ ျဖစ္ပါတယ္။ iPhone 7 Plus မွာ dual-lens camera ပါရိွပါတယ္။ ဒီ lens ၂ ခုက angle က်ယ္ျပီး အေဝးကေန အနီးကပ္ပုံ လွမ္းရုိက္ယူႏုိင္တဲ့ မွန္ဘီလူး 56mm telephoto lens အမ်ဳိးအစားျဖစ္ပါတယ္။ ဒီ dual-lens စနစ္က zoom ၁၀ဆ မက ဆြဲႏုိင္ပါတယ္။ ေရွ႕ကင္မရာမွာ 7 megapixel ပါ ဝင္ပါတယ္။ 

၅။ ပိုမိုေတာက္ပတဲ့ ဖန္သားျပင္

ယခု iPhone သစ္ဖန္သားျပင္က ၂၅ ရာခုိင္ႏႈန္း ပိုလင္းလက္ေတာက္ပပါတယ္။ iPhone 7 မွာ ၄.၇ လက္မမ်က္ႏွာျပင္အက်ယ္နဲ႔ iPhone 7 Plus မွာ ၅.၅ လက္မမ်က္ႏွာျပင္အက်ယ္ ရိွပါတယ္။ ထုထည္အထူအပါးကေတာ့ iPhone 6S နဲ႔ 6S Plus တုိ႔နဲ႔ တစ္ပုံစံတည္းပါပဲ။ 

၆။ ပိုမိုေကာင္းမြန္တဲ့ စတီရီယုိအသံ

စပီကာသစ္မွာ အသံတိုးက်ယ္ ႏွစ္ဆ ပိုပါမယ္။

၇။ Storage ေရြးခ်ယ္စရာ

ယခု iPhone မွာ 32GB model ကစတင္ျပီး 128GB သုိ႔မဟုတ္ 256GB model ထိ ေရြးခ်ယ္ခြင့္ရမွာ ျဖစ္ပါတယ္။

ဒီေနရာမွာ သိပ္မဝင္မက်မယ့္ အခ်က္တစ္ခ်က္ရိွပါတယ္။ နားၾကပ္ေပါက္ ေတြ႔ရေတာ့မွာ မဟုတ္ပါဘူး။ ၄င္းအစား EarPods လုိ႔ေခၚတဲ့ နားၾကပ္သစ္ ဖုန္းနဲ႔အတူတြဲဖက္ပါရိွျပီး အားသြင္းၾကိဳးကတဆင့္ ခ်ိတ္ဆက္အသုံးျပဳရမွာ ျဖစ္ပါတယ္။ Adapter ကို ၾကိဳးတပ္နားၾကပ္နဲ႔အတူ ထည့္သြင္းထားပါတယ္။ ဒါေပမယ့္ Bluetooth နည္းပညာ စိတ္မဝင္စားပါက Apple အေနျဖင့္ ဘက္ထရီ ၅ နာရီၾကာခံ ၾကိဳးမဲ့နားၾကပ္ AirPods ထုတ္လုပ္ပါလိမ့္မယ္။ iPhone 7 ကို ၆၄၇ ေဒၚလာ၊ iPhone 7 Plus ကို ၇၆၉ ေဒၚလာနဲ႔ လက္လီေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Preorder ကို စက္တင္ဘာလ ၉ ရက္ေန႔ စတင္ျပီး ကုန္ပစၥည္းေပးပို႔ရက္ကို စက္တင္ဘာလ ၁၆ ရက္ေန႔ဝန္းက်င္ စတင္သြားမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ကောလာဟလသတင်းတွေနဲ့ သတင်းထုတ်ပြန်ချက်အမျိုးမျိုး ထွက်ရှိအပြီးမှာ နောက်ဆုံး iPhone သစ် တကယ်ထွက်ရှိလာပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့မှာ Apple မှ iPhone 7 နဲ့ iPhone 7 Plus ကို ကြေငြာမိတ်ဆက်ခဲ့ပါတယ်။ ဖုန်းအသစ်အကြောင်း အသေးစိတ်ကို ရေးသားပေးထားပါတယ်။

၁။ အရောင်သစ်

ပန်းရောင်၊ ရွှေရောင်နဲ့ ငွေရောင်အပြင် iPhone ကို အနက်ရောင်ဖြင့်လည်း ရရှိမှာဖြစ်ပါတယ်။ သဘောကျနှစ်သက်စရာ အနက်ရောင်မော်ဒယ်လ်ကို 128GB နဲ့ 256GB model နဲ့သာ ရရှိမှာ ဖြစ်ပါတယ်။

၂။ Home Button သစ်

ယခု iPhone သစ်တွေမှာ လက်ဖြင့် ဖိလိုက်တာနဲ့ တုံ့ပြန်မှုခံစားစေမယ့် နည်းပညာအသုံးပြုထားတဲ့ home button ပါရှိပါတယ်။ ဒါ့ကြောင့် app တစ်ခုကနေ နောက်တစ်ခု ပြောင်းရွေ့တိုင်း အလုပ်လုပ်နေကြောင်းသိစေရန် တကျည်ကျည်ဖြစ်ပေါ်ပါလိမ့်မယ်။

၃။ ရေစိုခံနဲ့ ဖုန်ထိခံစနစ်

IP67 နှုန်းဖြင့် ရေစိုခံစနစ် ထည့်သွင်းထားပါတယ်။

၄။ ကင်မရာသစ်

12-megapixel နောက်ကင်မရာမှာ flash မီးမှာ LED မီးသီး ၄ ခု ပါရှိပါမယ်။ ဓာတ်ပုံရိုက်တဲ့အခါ အလင်းအား ၅၀% ပိုလင်းမယ့် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ iPhone 7 Plus မှာ dual-lens camera ပါရှိပါတယ်။ ဒီ lens ၂ ခုက angle ကျယ်ပြီး အဝေးကနေ အနီးကပ်ပုံ လှမ်းရိုက်ယူနိုင်တဲ့ မှန်ဘီလူး 56mm telephoto lens အမျိုးအစားဖြစ်ပါတယ်။ ဒီ dual-lens စနစ်က zoom ၁၀ဆ မက ဆွဲနိုင်ပါတယ်။ ရှေ့ကင်မရာမှာ 7 megapixel ပါ ဝင်ပါတယ်။

၅။ ပိုမိုတောက်ပတဲ့ ဖန်သားပြင်

ယခု iPhone သစ်ဖန်သားပြင်က ၂၅ ရာခိုင်နှုန်း ပိုလင်းလက်တောက်ပပါတယ်။ iPhone 7 မှာ ၄.၇ လက်မမျက်နှာပြင်အကျယ်နဲ့ iPhone 7 Plus မှာ ၅.၅ လက်မမျက်နှာပြင်အကျယ် ရှိပါတယ်။ ထုထည်အထူအပါးကတော့ iPhone 6S နဲ့ 6S Plus တို့နဲ့ တစ်ပုံစံတည်းပါပဲ။

၆။ ပိုမိုကောင်းမွန်တဲ့ စတီရီယိုအသံ

စပီကာသစ်မှာ အသံတိုးကျယ် နှစ်ဆ ပိုပါမယ်။

၇။ Storage ရွေးချယ်စရာ

ယခု iPhone မှာ 32GB model ကစတင်ပြီး 128GB သို့မဟုတ် 256GB model ထိ ရွေးချယ်ခွင့်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ သိပ်မဝင်မကျမယ့် အချက်တစ်ချက်ရှိပါတယ်။ နားကြပ်ပေါက် တွေ့ရတော့မှာ မဟုတ်ပါဘူး။ ၎င်းအစား EarPods လို့ခေါ်တဲ့ နားကြပ်သစ် ဖုန်းနဲ့အတူတွဲဖက်ပါရှိပြီး အားသွင်းကြိုးကတဆင့် ချိတ်ဆက်အသုံးပြုရမှာ ဖြစ်ပါတယ်။ Adapter ကို ကြိုးတပ်နားကြပ်နဲ့အတူ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် Bluetooth နည်းပညာ စိတ်မဝင်စားပါက Apple အနေဖြင့် ဘက်ထရီ ၅ နာရီကြာခံ ကြိုးမဲ့နားကြပ် AirPods ထုတ်လုပ်ပါလိမ့်မယ်။ iPhone 7 ကို ၆၄၇ ဒေါ်လာ၊ iPhone 7 Plus ကို ၇၆၉ ဒေါ်လာနဲ့ လက်လီရောင်းချသွားမှာ ဖြစ်ပါတယ်။ Preorder ကို စက်တင်ဘာလ ၉ ရက်နေ့ စတင်ပြီး ကုန်ပစ္စည်းပေးပို့ရက်ကို စက်တင်ဘာလ ၁၆ ရက်နေ့ဝန်းကျင် စတင်သွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top