Property Expo
×

ယုံခ်င္ယုံ မယုံခ်င္ေန။ Android စမတ္ဖုန္းသုံးစြဲသူေတြဟာ iPhone သုံးစြဲသူေတြထက္ ရိုးသားမႈ၊ ႏွိမ့္ခ်ျခင္း၊ သေဘာတူလက္ခံႏုိင္မႈနဲ႔ ပြင့္လင္းတဲ့ ပင္ကုိယ္လကၡဏာေတြ ပိုမ်ားၾကပါတယ္။ သုိ႔ေပမယ့္ သူတို႔မွာ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ စရုိက္ ပိုနည္းေၾကာင္း စိတ္ဝင္စားဖြယ္ ေလ့လာမႈတစ္ခုက ေဖာ္ျပထားပါတယ္။

ဒါဟာ iPhone သုံးသူေတြ အထက္တန္းက်က်ျဖစ္ဖုိ႔ ပိုအေရးၾကီးတယ္ ယူဆလုိ႔ ျဖစ္ႏုိင္ပါတယ္။ University of Lincoln က သုေတသနအဖြဲ႕က အမ်ဳိးသမီးေတြဟာ Android ထက္ iPhone က ကုိင္ေဆာင္ႏုိင္ေျခ ၂ ဆ ပိုမ်ားေၾကာင္းလည္း ရွာေဖြေတြ႔ရိွခဲ့ပါတယ္။

ဒီေလ့လာမႈက စမတ္ဖုန္းအသုံးျပဳသူေတြၾကား ပင္ကုိယ္စရုိက္ကြာျခားမႈေတြနဲ႔ပတ္သက္လုိ႔ အျမင္သစ္ေတြ ရရိွေစပါတယ္။ စမတ္ဖုန္းေရြးခ်ယ္မႈက စမတ္ဖုန္းဆုိင္ရာ ပုဂၢိဳလ္ေရးတင္စားမႈရဲ႕ အေျခခံက်ဆုံး အခ်က္ျဖစ္ျပီး သုံးစြဲသူေတြအေၾကာင္း မ်ားစြာ သိေစႏုိင္တယ္လုိ႔ လင္ကြန္းတကၠသုိလ္ စိတ္ပညာဌာနက Heather Shaw က ဆုိပါတယ္။ Shaw နဲ႔ သူမရဲ႕ သုေတသီအဖြဲ႕သားေတြဟာ iPhone န႔ဲ android စမတ္ဖုန္းသုံးစြဲသူေတြၾကား ကြဲျပားမႈအေပၚ ေလ့လာမႈ ၂ ခု ေဆာင္ရြက္ခဲ့ပါတယ္။ Lancaster University ကလည္း ယင္းေလ့လာမႈမွာ ပါဝင္ခဲ့ပါတယ္။

ပထမေလ့လာမႈမွာ သုေတသီေတြအေနနဲ႔ ပါဝင္စမ္းသပ္ခံသူ ၂၄၀ ကို ဖုန္း brand တစ္ခ်င္းစီ သုံးစြဲသူေတြနဲ႔ ဆက္စပ္တဲ့ ထူးျခားတဲ့ လကၡဏာနဲ႔ပတ္သက္လုိ႔ ေမးျမန္းခဲ့ျပီး ဒုတိယေလ့လာမႈမွာေတာ့ android နဲ႔ iPhone သုံးစြဲသူ ၅၃၀ ရဲ႕ ဒီပုံေသကားက်ပုံစံေတြနဲ႔ ပင္ရုိက္စရုိက္လကၡဏာေတြကို ႏိႈင္းယွဥ္စမ္းသပ္ခဲ့ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ယုံချင်ယုံ မယုံချင်နေ။ Android စမတ်ဖုန်းသုံးစွဲသူတွေဟာ iPhone သုံးစွဲသူတွေထက် ရိုးသားမှု၊ နှိမ့်ချခြင်း၊ သဘောတူလက်ခံနိုင်မှုနဲ့ ပွင့်လင်းတဲ့ ပင်ကိုယ်လက္ခဏာတွေ ပိုများကြပါတယ်။ သို့ပေမယ့် သူတို့မှာ ပျော်ပျော်နေတတ်တဲ့ စရိုက် ပိုနည်းကြောင်း စိတ်ဝင်စားဖွယ် လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။

ဒါဟာ iPhone သုံးသူတွေ အထက်တန်းကျကျဖြစ်ဖို့ ပိုအရေးကြီးတယ် ယူဆလို့ ဖြစ်နိုင်ပါတယ်။ University of Lincoln က သုတေသနအဖွဲ့က အမျိုးသမီးတွေဟာ Android ထက် iPhone က ကိုင်ဆောင်နိုင်ခြေ ၂ ဆ ပိုများကြောင်းလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုက စမတ်ဖုန်းအသုံးပြုသူတွေကြား ပင်ကိုယ်စရိုက်ကွာခြားမှုတွေနဲ့ပတ်သက်လို့ အမြင်သစ်တွေ ရရှိစေပါတယ်။ စမတ်ဖုန်းရွေးချယ်မှုက စမတ်ဖုန်းဆိုင်ရာ ပုဂ္ဂိုလ်ရေးတင်စားမှုရဲ့ အခြေခံကျဆုံး အချက်ဖြစ်ပြီး သုံးစွဲသူတွေအကြောင်း များစွာ သိစေနိုင်တယ်လို့ လင်ကွန်းတက္ကသိုလ် စိတ်ပညာဌာနက Heather Shaw က ဆိုပါတယ်။ Shaw နဲ့ သူမရဲ့ သုတေသီအဖွဲ့သားတွေဟာ iPhone နဲ့ android စမတ်ဖုန်းသုံးစွဲသူတွေကြား ကွဲပြားမှုအပေါ် လေ့လာမှု ၂ ခု ဆောင်ရွက်ခဲ့ပါတယ်။ Lancaster University ကလည်း ယင်းလေ့လာမှုမှာ ပါဝင်ခဲ့ပါတယ်။

ပထမလေ့လာမှုမှာ သုတေသီတွေအနေနဲ့ ပါဝင်စမ်းသပ်ခံသူ ၂၄၀ ကို ဖုန်း brand တစ်ချင်းစီ သုံးစွဲသူတွေနဲ့ ဆက်စပ်တဲ့ ထူးခြားတဲ့ လက္ခဏာနဲ့ပတ်သက်လို့ မေးမြန်းခဲ့ပြီး ဒုတိယလေ့လာမှုမှာတော့ android နဲ့ iPhone သုံးစွဲသူ ၅၃၀ ရဲ့ ဒီပုံသေကားကျပုံစံတွေနဲ့ ပင်ရိုက်စရိုက်လက္ခဏာတွေကို နှိုင်းယှဉ်စမ်းသပ်ခဲ့ပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top