Kantharyar Centre
×

ေနာက္ဆံုးထြက္ရွိထားတဲ့ iPhone 7 ကိုမွာယူခဲ့သူတစ္ဦးက သူ႔ထံကို ေပါက္ကြဲမႈျဖစ္ထားပံုရတဲ့ iPhone သာေရာက္လာခဲ့တယ္လို႔ သိရပါတယ္။ လူမႈကြန္ယက္မွာ တင္ထားတဲ့ ဓာတ္ပံုဟာ ခ်က္ျခင္းပဲ ပ်ံ႕ႏွံ႔သြားခဲ့တာပါ။ ဒါတကယ္ပဲ ျဖစ္ခဲ့တာလား၊ သံုးစြဲသူအမွားေၾကာင့္ ျဖစ္တာလားဆိုတာကိုေတာ့ တရားဝင္မသိရေသးပါဘူး။

တကၠဆက္ျပည္နယ္မွာ ေနထုိင္သူတစ္ဦးဟာ iPhone 7 ကို အိမ္အေရာက္မွာယူခဲ့သူတစ္ဦးျဖစ္ၿပီး ဖုန္းေရာက္လာမယ့္ေန႔ရက္ကို ေစာင့္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဖုန္းေရာက္လာတဲ့အခ်ိန္ ပါကင္ဗူးကို ဖြင့္လိုက္တဲ့အခါ ေပါက္ကြဲမီးေလာင္ထားတဲ့ iPhone 7 ကို ေတြ႔လိုက္ရတာျဖစ္ပါတယ္။

စက္႐ံုက ထုတ္တဲ့အခ်ိန္နဲ႔ ပစၥည္းပို႔တဲ့ ၾကားထဲမွာ တစ္ခုခုေတာ့ ျဖစ္ခဲ့ၿပီထင္ပါတယ္။ ပံုကိုသာ ၾကည့္ၾကပါေတာ့ဗ်ာ။ အေကာင္းဘက္ကေျပာရရင္ေတာ့ ဗူးခြံမီးမေလာင္ဘူးေပါ့" လို႔ reddit ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ အဲဒီလူမႈကြန္ယက္ပို႔စ္ေအာက္မွာ Apple ကုမၸဏီရဲ႕ စာရင္းကိုင္တစ္ဦးက သံုးစြဲသူရဲ႕သတင္းအခ်က္အလက္ေတြ လာေရာက္ေမးျမန္းသြားတာ ေတြ႔ရပါတယ္။

ဘာဆက္ျဖစ္မလဲမသိေပမယ့္ ကုမၸဏီက အစားထိုးေပးမယ့္ ဖုန္းေရာက္လာခဲ့မယ္ဆိုရင္ေတာ့ ဒီမွာဆက္တင္ေပးသြားမယ္လို႔ သံုးစြဲသူက ေျပာၾကားခဲ့ပါတယ္။

မၾကာေသးခင္က ဆမ္ေဆာင္း Note 7 ဖုန္းေတြ ေပါက္ကဲဲြမႈျဖစ္လို႔ကုမၸဏီက ျပန္သိမ္းရသလိုပဲ iPhone 7 လည္းျဖစ္ေနၿပီလားလို႔ စိုးရိမ္ေနသူေတြ မ်ားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

နောက်ဆုံးထွက်ရှိထားတဲ့ iPhone 7 ကိုမှာယူခဲ့သူတစ်ဦးက သူ့ထံကို ပေါက်ကွဲမှုဖြစ်ထားပုံရတဲ့ iPhone သာရောက်လာခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ယက်မှာ တင်ထားတဲ့ ဓာတ်ပုံဟာ ချက်ခြင်းပဲ ပျံ့နှံ့သွားခဲ့တာပါ။ ဒါတကယ်ပဲ ဖြစ်ခဲ့တာလား၊ သုံးစွဲသူအမှားကြောင့် ဖြစ်တာလားဆိုတာကိုတော့ တရားဝင်မသိရသေးပါဘူး။

တက္ကဆက်ပြည်နယ်မှာ နေထိုင်သူတစ်ဦးဟာ iPhone 7 ကို အိမ်အရောက်မှာယူခဲ့သူတစ်ဦးဖြစ်ပြီး ဖုန်းရောက်လာမယ့်နေ့ရက်ကို စောင့်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းရောက်လာတဲ့အချိန် ပါကင်ဗူးကို ဖွင့်လိုက်တဲ့အခါ ပေါက်ကွဲမီးလောင်ထားတဲ့ iPhone 7 ကို တွေ့လိုက်ရတာဖြစ်ပါတယ်။

စက်ရုံက ထုတ်တဲ့အချိန်နဲ့ ပစ္စည်းပို့တဲ့ ကြားထဲမှာ တစ်ခုခုတော့ ဖြစ်ခဲ့ပြီထင်ပါတယ်။ ပုံကိုသာ ကြည့်ကြပါတော့ဗျာ။ အကောင်းဘက်ကပြောရရင်တော့ ဗူးခွံမီးမလောင်ဘူးပေါ့" လို့ reddit ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီလူမှုကွန်ယက်ပို့စ်အောက်မှာ Apple ကုမ္ပဏီရဲ့ စာရင်းကိုင်တစ်ဦးက သုံးစွဲသူရဲ့သတင်းအချက်အလက်တွေ လာရောက်မေးမြန်းသွားတာ တွေ့ရပါတယ်။

ဘာဆက်ဖြစ်မလဲမသိပေမယ့် ကုမ္ပဏီက အစားထိုးပေးမယ့် ဖုန်းရောက်လာခဲ့မယ်ဆိုရင်တော့ ဒီမှာဆက်တင်ပေးသွားမယ်လို့ သုံးစွဲသူက ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ဆမ်ဆောင်း Note 7 ဖုန်းတွေ ပေါက်ကဲွဲမှုဖြစ်လို့ကုမ္ပဏီက ပြန်သိမ်းရသလိုပဲ iPhone 7 လည်းဖြစ်နေပြီလားလို့ စိုးရိမ်နေသူတွေ များခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top