Kantharyar Centre
×







Credit : thithtoolwin


#Unicode Version

အမျိုးသမီး တစ်ဦးက အွန်လိုင်းကနေ iphone 7 ဝယ်ယူခဲ့ပြီးပြီးချင်း ပုံမှန်မဟုတ်တာကို သိခဲ့ပါတယ်။

Apple ရဲ့ အသစ်ထွက်တဲ့ ပစ္စည်းကို ဝယ်ယူခဲ့တဲ့ Celene Mini တစ်ယောက် iphone3 နဲ့ iphone4 ကို တွေ့လို့ ရှော့ရသွားခဲ့ပါတယ်။

ဘူးထဲမှာ ဂျပန်ဂိမ်းတစ်ခုဖြစ်တဲ့ Yu-Gi-Oh! လို့နာမည်ရပြီး ဂိမ်းထဲကအကောင် နှစ်ကောင်ပေါင်းပြီး အားပိုကြီးတဲ့ တစ်ကောင်အဖြစ်ပြောင်းလဲဆော့ကစားနိုင်တဲ့ ဂိမ်းဆော့ဖို့ ‘fusion summon’ ကဒ် ပါဝင်ပါတယ်။

ဖုန်းရောင်းချတဲ့သူက ဒီဂိမ်းရဲ့ စည်းမျဉ်းစည်းကမ်းအရ iphone ကို အသုံးပြုသင့်တယ်လို့အကြံပေးထားပါတယ်။

‘rose gold iphone 7ကိုဝယ်ခဲ့တာ။ ဒါပေမယ့် iphone3 နဲ့ iphone4 ကို ဂိမ်းဆော့ဖို့ ပြောတဲ့ ကဒ်နဲ့ ရလိုက်တယ်။ ငါ့ကို အလှုပေးနေတယ်ထင်နေလား’ လို့ Celene Mini က ပြောဆိုရေးသားထားပါတယ်။

ဒီပိုစ့်ရဲ့အောက်မှာတော့ ပျော်ရွှင်တတ်သူတစ်ဦးက ‘မင်း iphone7 နှစ်လုံးဝယ် ပြီးရင် နှစ်လုံးပေါင်းပြီး iphone14 လုပ်လိုက်ပေါ့ ‘လို့ ဝင်ရောက်ရေးသားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top