Property Expo
×

Apple ကထုတ္လုပ္လုိက္တဲ့ ေနာက္ဆံုးေပၚ iPhone 7 ဖုန္းအမ်ိဳး အစားကုိ ဝယ္ယူႏုိင္ဖုိ႔ဆုိတာ သာမန္လူတန္းစားေတြအဖုိ႔ စိတ္ ကူးေတာင္ မယဥ္ရဲတဲ့ကိစၥပါပဲ။ ဒါေပမယ့္ တရုတ္ႏုိင္ငံက ေခြးေလး တစ္ေကာင္ဆီမွာေတာ့  ဒီတန္ဖိုးႀကီးဖုန္းေတြ မ်ားစြာရွိေနတယ္လုိ႔ သိရပါတယ္။

တရုတ္သန္းၾကြယ္သူေဌးတစ္ဦးရဲ႕ သားျဖစ္သူက သူေမြးထားတဲ့ အိမ္ေမြးေခြးေလးအတြက္ Apple ရဲ႕ ေနာက္ဆံုးေပၚ iPhone 7 ၈ လံုးကုိ လက္ေဆာင္အျဖစ္ ဝယ္ေပးထားခဲ့ၿပီး သူတုိ႔ဘယ္ေလာက္ ခ်မ္းသာၾကြယ္ဝေၾကာင္း ၾကြားဝါထားပါတယ္။

ေငြေၾကးပုိင္ဆုိင္မႈ ေပါင္ ၃၂ ဘီလ်ံနဲ႔ တရုတ္ႏုိင္ငံမွာ အခ်မ္းသာဆံုး အိမ္ၿခံေျမသူေဌး ဂ်ီဂ်န္လင္းရဲ႕ သားျဖစ္သူ ဝမ္စီေကာင္က သူ႔ရဲ႕ ေခြးမေလး ကုိကိုးဝမ္ အဲလက္စ္ကန္ မာလာမ်ဳအတြက္ ဖုန္းတစ္ လံုး တန္ဖိုးေပါင္ ၈၀၀ တန္တဲ့ တန္ဖိုးႀကီးလက္ေဆာင္ေတြကုိ ဝယ္ေပးထားတယ္ဆုိတဲ့အေၾကာင္း ဆုိရွယ္မွာတင္ထားခဲ့တာ ျဖစ္ ပါတယ္။

ကမာၻ႔ဇိမ္အက်ဆံုးနဲ႔ ကံအေကာင္းဆံုး ေခြးေလးတစ္ေကာင္ရယ္လုိ႔ သတ္မွတ္ထားရေလာက္ေအာင္ ကိုကိုးဝမ္ရဲ႕ သခင္ျဖစ္သူ သူေဌး သားက သူမအတြက္ တကယ့္ကုိဇိမ္က်က်ဘဝနဲ႔ေနထုိင္ႏုိင္ေအာင္ ဖန္တီးျပင္ဆင္ေပးထားပါတယ္။ သန္းခ်ီတန္တဲ့ ကားေတြ၊ ေစ်းႀကီး ႀကီး ေခြးအသံုးအေဆာင္ေတြ၊ အဝတ္အစားေတြ၊ ေမြးေန႔ကိတ္ခြဲၿပီး ပါတီပြဲေတြ၊ ေစ်းႀကီးႀကီး မ်ိဳးေကာင္းမ်ိဳးသန္႔ ေခြးေတြနဲ႔ ေတြ႔ဆံုခြင့္ ေပးျခင္း အစရွိသျဖင့္ အဆင့္အတန္းျမင့္ျမင့္ေနထုိင္ႏိုင္ေအာင္ ျပဳ လုပ္ေပးထားတာလည္း ျဖစ္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

Apple ကထုတ်လုပ်လိုက်တဲ့ နောက်ဆုံးပေါ် iPhone 7 ဖုန်းအမျိုး အစားကို ဝယ်ယူနိုင်ဖို့ဆိုတာ သာမန်လူတန်းစားတွေအဖို့ စိတ် ကူးတောင် မယဉ်ရဲတဲ့ကိစ္စပါပဲ။ ဒါပေမယ့် တရုတ်နိုင်ငံက ခွေးလေး တစ်ကောင်ဆီမှာတော့  ဒီတန်ဖိုးကြီးဖုန်းတွေ များစွာရှိနေတယ်လို့ သိရပါတယ်။

တရုတ်သန်းကြွယ်သူဌေးတစ်ဦးရဲ့ သားဖြစ်သူက သူမွေးထားတဲ့ အိမ်မွေးခွေးလေးအတွက် Apple ရဲ့ နောက်ဆုံးပေါ် iPhone 7 ၈ လုံးကို လက်ဆောင်အဖြစ် ဝယ်ပေးထားခဲ့ပြီး သူတို့ဘယ်လောက် ချမ်းသာကြွယ်ဝကြောင်း ကြွားဝါထားပါတယ်။

ငွေကြေးပိုင်ဆိုင်မှု ပေါင် ၃၂ ဘီလျံနဲ့ တရုတ်နိုင်ငံမှာ အချမ်းသာဆုံး အိမ်ခြံမြေသူဌေး ဂျီဂျန်လင်းရဲ့ သားဖြစ်သူ ဝမ်စီကောင်က သူ့ရဲ့ ခွေးမလေး ကိုကိုးဝမ် အဲလက်စ်ကန် မာလာမျုအတွက် ဖုန်းတစ် လုံး တန်ဖိုးပေါင် ၈၀၀ တန်တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို ဝယ်ပေးထားတယ်ဆိုတဲ့အကြောင်း ဆိုရှယ်မှာတင်ထားခဲ့တာ ဖြစ် ပါတယ်။

ကမ္ဘာ့ဇိမ်အကျဆုံးနဲ့ ကံအကောင်းဆုံး ခွေးလေးတစ်ကောင်ရယ်လို့ သတ်မှတ်ထားရလောက်အောင် ကိုကိုးဝမ်ရဲ့ သခင်ဖြစ်သူ သူဌေး သားက သူမအတွက် တကယ့်ကိုဇိမ်ကျကျဘဝနဲ့နေထိုင်နိုင်အောင် ဖန်တီးပြင်ဆင်ပေးထားပါတယ်။ သန်းချီတန်တဲ့ ကားတွေ၊ ဈေးကြီး ကြီး ခွေးအသုံးအဆောင်တွေ၊ အဝတ်အစားတွေ၊ မွေးနေ့ကိတ်ခွဲပြီး ပါတီပွဲတွေ၊ ဈေးကြီးကြီး မျိုးကောင်းမျိုးသန့် ခွေးတွေနဲ့ တွေ့ဆုံခွင့် ပေးခြင်း အစရှိသဖြင့် အဆင့်အတန်းမြင့်မြင့်နေထိုင်နိုင်အောင် ပြု လုပ်ပေးထားတာလည်း ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top