Kantharyar Centre
×

ကမာၻေက်ာ္ အေမရိကန္ Apple ကုမၸဏီက iPhone 7 နဲ႔ 7 Plus လက္ကိုင္စမတ္ဖုံးေတြကုိ ဒီေန႔ မိတ္ဆက္လုိက္ပါတယ္။ အခုထြက္လာတဲ့ အုိင္ဖုန္းေတြဟာ ေပ ၁၅ဝ အနက္အထိ ေရစိမ္ခံျပီး iPhone 7 plus မွာ ကင္မရာ ၂လုံး တပ္ဆင္ထားပါတယ္။ ကင္မရာေတြက12MP ေတြပါ။ 4K ဗီဒီယုိကုိ 30fps နဲ႔ ရုိက္ကူးႏုိင္ပါတယ္။

iPhone 7 နဲ႔ 7 Plus ေတြကုိ ကမာၻ႔ႏုိင္ငံ ၂၅ ခုမွာ လာမယ့္ ၁၆ ရက္ေန႔ စတင္ေရာင္းခ်ပါလိမ့္မယ္။ အေမရိကန္ျပည္ေထာင္စုမွာ iPhone 7 ကုိ ၆၅ဝ ေဒၚလာ နဲ႔ 7 Plus ကုိ ၇၇ဝ ေဒၚလာ ေပးရမွာ ျဖစ္ပါတယ္။

တယ္လီဖုံးနဲ႔တခါတည္းပါဝင္မယ့္ နားၾကပ္ကုိတပ္ခ်င္ရင္ ၾကိဳးကုိဓါတ္အားသြင္းတဲ့ အေပါက္မွာ တပ္ဆင္ရမွာျဖစ္ျပီး EarPods လုိ႔အမည္ေပးထားတဲ့ ၾကိဳးမဲ့နားၾကပ္နဲ႔ နားဆင္လုိရင္ ေဒၚလာ ၁၆ဝ ထပ္မံကုန္က်ပါလိမ့္မယ္။ အဲဒီ ႀကိဳးမဲ့နားၾကပ္ကုိေတာ့ ေရွ႕လထဲက်မွ ဝယ္လုိ႔ရမွာပါ။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:RFA Burmese

#Unicode Version
ကမ္ဘာကျော် အမေရိကန် Apple ကုမ္ပဏီက iPhone 7 နဲ့ 7 Plus လက်ကိုင်စမတ်ဖုံးတွေကို ဒီနေ့ မိတ်ဆက်လိုက်ပါတယ်။ အခုထွက်လာတဲ့ အိုင်ဖုန်းတွေဟာ ပေ ၁၅ဝ အနက်အထိ ရေစိမ်ခံပြီး iPhone 7 plus မှာ ကင်မရာ ၂လုံး တပ်ဆင်ထားပါတယ်။ ကင်မရာတွေက12MP တွေပါ။ 4K ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

iPhone 7 နဲ့ 7 Plus တွေကို ကမ္ဘာ့နိုင်ငံ ၂၅ ခုမှာ လာမယ့် ၁၆ ရက်နေ့ စတင်ရောင်းချပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုမှာ iPhone 7 ကို ၆၅ဝ ဒေါ်လာ နဲ့ 7 Plus ကို ၇၇ဝ ဒေါ်လာ ပေးရမှာ ဖြစ်ပါတယ်။

တယ်လီဖုံးနဲ့တခါတည်းပါဝင်မယ့် နားကြပ်ကိုတပ်ချင်ရင် ကြိုးကိုဓါတ်အားသွင်းတဲ့ အပေါက်မှာ တပ်ဆင်ရမှာဖြစ်ပြီး EarPods လို့အမည်ပေးထားတဲ့ ကြိုးမဲ့နားကြပ်နဲ့ နားဆင်လိုရင် ဒေါ်လာ ၁၆ဝ ထပ်မံကုန်ကျပါလိမ့်မယ်။ အဲဒီ ကြိုးမဲ့နားကြပ်ကိုတော့ ရှေ့လထဲကျမှ ဝယ်လို့ရမှာပါ။


 ဖိုးသူတော် (www.phothutaw.com)
Credit:RFA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top