Property Expo
×





Credit:Thit Htoo Lwin

#Unicode Version
သင့်အနေနဲ့ iPhone 7 ကို ဝယ်ယူဖို့အတွက် အားခဲထားတယ်ဆိုရင်တော့ အချိန်အနည်းငယ်စောင့်ဆိုင်းရပါလိမ့်မယ်။ iPhone 7 Plus အတွက် ပထမအသုတ် ရောင်းချဖို့ ပြင်ဆင်ထားတဲ့ အလုံးရေ အားလုံးဟာ pre-order မှာတင်ပဲ ရောင်းလို့ ကုန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

 ဒီဇိုင်းပိုင်းအနည်းငယ်သာပြောင်းလဲလာပြီး jet black အရောင်သစ် ၊ ကျောကင်မရာ နှစ်လုံးတွဲနဲ့ ထွက်ရှိလာတဲ့ iPhone 7 Plus ဟာဆိုရင်တော့ မျှော်မှန်းထားတာထက်လည်း ပိုပြီးအရောင်းသွက်လျက်ရှိနေတာပါ။

“ကျွန်တော်တို့ကို အမြဲအားပေးနေတဲ့ စိတ်ရှည်တဲ့ customer တွေကို အရမ်းကို ကျေးဇူးတင်ပါတယ်။ iPhone အသစ်တွေကို အားလုံးရဲ့ လက်ထဲကို အရောက်ပို့နိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပေးနေပါတယ်။ အရမ်းအလျင်လိုနေတဲ့ သူတွေအတွက်ပေါ့” လို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထရူဒီမူလာက ပြောကြားခဲ့တာပါ။

သိပ်ပြီးအပြောင်းအလဲမများခဲ့တဲ့ iPhone 7 စီးရီးကို ဝေဖန်သူတွေများပြားလျက်ရှိနေခဲ့ပေမယ့်လည်း အရောင်ပိုင်းတိုးတက်မှု ၊ hardware ပိုင်းတိုးတက်မှုတွေနဲ့အတူ အသစ်ထွက်ရှိထားတဲ့ iOS 10 ကလည်း ရောင်းအားကောင်းစေမယ့် အဓိက အချက်တွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top