Shwe Zabu River View Condominium Promotion
×





Credit:Thit Htoo Lwin

#Unicode Version
ဒီနေ့ည ၁၁:၃၀ မှာ Apple ဟာ သူတို့ရဲ့ အဓိက စက်တင်ဘာလရဲ့ပွဲကြီးကို ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ အဲ့ဒါကတော့ iPhone မျိုးဆက်သစ် iPhone 7 ကိုမိတ်ဆက်တဲ့ပွဲ ပဲဖြစ်ပါတယ်။ ဒါပေမယ့် iPhone 7 အကြောင်း ကောလဟာလများစွာ ထွက်ရှိထားတော့ အသုံးပြုသူနဲ့ တီထွင်သူတွေကတော့ နောက်လာမယ့် ၂၀၁၇ခုနှစ်မှာ ထွက်ရှိမယ့် ဖုန်းအသစ်ကိုတောင် မျှော်လင့်နေကြပါပြီ။

ဒါပေမယ့် ဒီနေ့မှာ ပြုလုပ်မယ့် ဆန်ဖရန်စစ္စကိုက ပွဲအတွက် တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်တစားရှိနေကြပါတယ်။ ဖုန်းမထုတ်လုပ်ခင် ထွက်ရှိထားတဲ့ ကောလာဟလသတင်းတွေအတိုင်း နားကြပ်ပေါက်မပါဝင်တော့တာ၊ ရေစိမ်ခံစမတ်ဖုန်းအဖြစ် ထွက်ရှိလာမှာ၊ ကင်မရာနှစ်လုံးပါဝင်လာမှာ စတဲ့ သတင်းတွေမှန်မမှန်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

iPhone ဟာ ပြီးခဲ့တဲ့ နှစ်နှစ်တာကာလတုန်းက ထုတ်လုပ်ခဲ့တဲ့ iPhone 6 မှာ ကြီးမားတဲ့ ဒီဇိုင်းပြောင်းလဲမှုကြီးတစ်ခု ပြုလုပ်ပြီးနောက် ဒီသုံးနှစ်တာအတွင်းမှာတော့ ဒီဇိုင်းပိုင်းကို အကြီးအကျယ်ပြောင်းလဲဖွယ်မရှိသေးပါဘူး။

ဒါကြောင့် iPhone 7 ထွက်ရှိလာမယ့် ပုံစံကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top