Property Expo
×




Credit : Duwun

#Unicode Version

Apple ကုမ္ပဏီရဲ့ iPhone သစ် မိတ်ဆက်ပွဲမှာ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ကျောင်းသားတွေကို iPad တွေ ပေးလှူဖို့စီစဉ်ထားကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။

ကုမ္ပဏီရဲ့ "Everyone Can Code" (လူတိုင်းကုဒ်ရေးနိုင်ရမည်) ပရိုဂရမ်အရ ကျောင်းသားပေါင်း ၅၀,၀၀၀ ကျော်ကို iPad တွေ ပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းပရိုဂရမ်ဟာ စာသင်ခန်းတွေထဲမှာ အခြေခံကုဒ်ရေးဆွဲနည်းကို သင်ကြားပေးတဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ Apple ရဲ့ ကိုယ်ပိုင်ပရိုဂရမ်ရေးဆွဲနည်းဘာသာစကား Swift နဲ့ ပတ်သက်ပြီး ကလေးတွေကို "Swift Playgrounds" အက်ပလီကေးရှင်းအကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။

iPad တွေကို ပရိုဂရမ်မှာပါဝင်မယ့် ကျောင်းပေါင်း ၁၀၀ ကျော်က ကျောင်းသားတွေကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top