Kantharyar Centre
×

စားေသာက္ဆိုင္ေကာင္းေကာင္းတစ္ခုမွာ ညစာ ထြက္စားတာဟာ အစားအေသာက္ ေကာင္းေကာင္း စား ျခင္ရံု သက္သက္ဆိုတဲ့ ေခတ္မွာ သင္က်န္ခဲ့ၿပီလား။

တစ္ကယ္ေတာ့ လူမႈမီဒီယာ ေခတ္ကို ေရာက္လာတဲ့အခါမွာ အားလံုးဟာ စားေသာက္ဆိုင္ေကာင္းေကာင္းတစ္ခုမွာ ညစာ ထြက္စားတဲ့အခါ ထို စားေသာက္ဆိုင္က အစားအေသာက္ေလးေတြ ကို ဓါတ္ပံုရိုက္ၿပီး Instagram ၊ Facebook တို႔မွာ Post လုပ္ကာ ၾကြားေလ့ရွိလာပါတယ္။

Foodography လို႔ေခၚတဲ့ ဒီစားေသာက္ဆိုင္မွာေတာ့ Workshop ေတြနဲ႔ ၊ ညစာစားပြဲေတြကို လက္ခံ က်င္းပ ေပးၿပီး Instagram မွာ ဓါတ္ပံုေကာင္းေကာင္းတင္လို႔ရမယ့္ အစားအေသာက္ ပံုစံဆန္းဆန္းေတြ ကို ရရွိႏိုင္မယ့္ စားေသာက္ဆိုင္ပဲ ျဖစ္ပါတယ္။

ထိုစားေသာက္ဆိုင္ဟာ အစၥေရးႏိုင္ငံမွာ တည္ရွိၿပီး Catit လို႔ေခၚတဲ့ ေဒသတြင္း နာမည္ႀကီး စားေသာက္ဆိုင္ နဲ႔ ပူးေပါင္းဖြင့္လွစ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

ဒီစားေသာက္ဆိုင္ဖြင့္လွစ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ လာေရာက္စားေသာက္မယ့္ လူငယ္ေတြကို စမတ္ဖုန္း ကင္မရာ ကတစ္ဆင့္ အစားေသာက္ေတြ ကို ဓါတ္ပံု လွလွေလးရိုက္ကုးၿပီး လူမႈကြန္ရက္မွာ Post လုပ္ႏိုင္ေစဖို႔ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။

စားဖိုမႈး ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ Meir Adoni ကေတာ့ အစားအေသာက္ေတြကို အေရာင္ စံု ျဖစ္လာေအာင္ ေပါင္းစပ္ဖန္တီး ထားပါတယ္။ အရသာ ထက္ အသြင္ အျပင္ကို ဦးစား ေပး ခ်က္ျပဳတ္ တယ္လို႔ လည္းသိရပါတယ္။

ထိုစားေသာက္ဆိုင္မွာ လာေရာက္စားေသာက္သူ အားလံုးကလည္း သူတို႔ မွာယူ စားေသာက္တဲ့ အစားအေသာက္ ေတြကို ဓါတ္ပံုရိုက္ၿပီးတဲ့အခါ Foodgraphy ကို အတိုေကာက္ သတ္မွတ္ထားတဲ့ #fdgr ကို ထည့္သြင္းေရးသား Post လုပ္ေလ့ရွိတယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
စားသောက်ဆိုင်ကောင်းကောင်းတစ်ခုမှာ ညစာ ထွက်စားတာဟာ အစားအသောက် ကောင်းကောင်း စား ခြင်ရုံ သက်သက်ဆိုတဲ့ ခေတ်မှာ သင်ကျန်ခဲ့ပြီလား။

တစ်ကယ်တော့ လူမှုမီဒီယာ ခေတ်ကို ရောက်လာတဲ့အခါမှာ အားလုံးဟာ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုမှာ ညစာ ထွက်စားတဲ့အခါ ထို စားသောက်ဆိုင်က အစားအသောက်လေးတွေ ကို ဓါတ်ပုံရိုက်ပြီး Instagram ၊ Facebook တို့မှာ Post လုပ်ကာ ကြွားလေ့ရှိလာပါတယ်။

Foodography လို့ခေါ်တဲ့ ဒီစားသောက်ဆိုင်မှာတော့ Workshop တွေနဲ့ ၊ ညစာစားပွဲတွေကို လက်ခံ ကျင်းပ ပေးပြီး Instagram မှာ ဓါတ်ပုံကောင်းကောင်းတင်လို့ရမယ့် အစားအသောက် ပုံစံဆန်းဆန်းတွေ ကို ရရှိနိုင်မယ့် စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။

ထိုစားသောက်ဆိုင်ဟာ အစ္စရေးနိုင်ငံမှာ တည်ရှိပြီး Catit လို့ခေါ်တဲ့ ဒေသတွင်း နာမည်ကြီး စားသောက်ဆိုင် နဲ့ ပူးပေါင်းဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီစားသောက်ဆိုင်ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ လာရောက်စားသောက်မယ့် လူငယ်တွေကို စမတ်ဖုန်း ကင်မရာ ကတစ်ဆင့် အစားသောက်တွေ ကို ဓါတ်ပုံ လှလှလေးရိုက်ကုးပြီး လူမှုကွန်ရက်မှာ Post လုပ်နိုင်စေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

စားဖိုမှုး ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Meir Adoni ကတော့ အစားအသောက်တွေကို အရောင် စုံ ဖြစ်လာအောင် ပေါင်းစပ်ဖန်တီး ထားပါတယ်။ အရသာ ထက် အသွင် အပြင်ကို ဦးစား ပေး ချက်ပြုတ် တယ်လို့ လည်းသိရပါတယ်။

ထိုစားသောက်ဆိုင်မှာ လာရောက်စားသောက်သူ အားလုံးကလည်း သူတို့ မှာယူ စားသောက်တဲ့ အစားအသောက် တွေကို ဓါတ်ပုံရိုက်ပြီးတဲ့အခါ Foodgraphy ကို အတိုကောက် သတ်မှတ်ထားတဲ့ #fdgr ကို ထည့်သွင်းရေးသား Post လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top