Property Expo
×




Credit:Thit Htoo Lwin

#Unicode Version
ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေတစ်ရပ်ကို အကြီးအကဲဖြစ်သူ Jerry Brown က ပြီးခဲ့တဲ့ စနေနေ့က လက်မှတ်ထိုးခဲ့တာကြောင့် IMDb တို့လို ဖျော်ဖြေရေးဆိုင်ရာ အချက်အလက် စာမျက်နှာကြီးတွေမှာ တကယ်လို့ မင်းသား၊ မင်းသမီးတွေက အသက်အရွယ်ကို ဖယ်ရှားပေးဖို့ ပြောလာရင် ဖယ်ရှားပေးရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီအတွက်ကျွန်တော်တို့နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရပါတယ်။ သရုပ်ဆောင်တွေရဲ့ မွေးနေ့ကို IMDb လိုစာမျက်နှာမျိုးကနေ အွန်လိုင်းမှာဖော်ပြတာဟာ အန္တရာယ်ရှိလာနိုင်တာကြောင့်ပါ” လို့ ဖော်ပြထားပါတယ်။

ဥပဒေအမှတ် AB 1687 နဲ့ ဖော်ပြခဲ့တာဖြစ်ပြီး အဓိကဦးဆောင်သူ Ian Calderon ကနေပြီး အခုလို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ Amazon ပိုင်ဆိုင်တဲ့ IMDb ဝက်ဘ်ဆိုက်ဟာ မင်းသမီးသရုပ်ဆောင်တွေရဲ့ တရားစွဲမှုကို ခံရပြီး ဒေါ်လာ တစ်သန်းကျော် လျော်ခဲ့ရဖူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top