Kantharyar Centre
×

၂၀၀၂ ၊ ၂၀၀၃ ခုႏွစ္ေလာက္က စတင္ၿပီး ဟာမိုနီလိုက္ေနၿပီျဖစ္တဲ့ ေရမြန္က ၂၀၀၅ ခုႏွစ္မွာေတာ့ Idiots ဆိုတဲ့ Band နဲ႕အတူလက္တြဲကာ သီခ်င္းေတြ စတင္လုပ္ခဲ့ပါတယ္။ ပထမဆံုးအေခြအေနနဲ႕လူအဂီတဆိုတဲ့ အေခြအျပင္ မ်ားမၾကာေသးမီက ထြက္ရွိခဲ့တဲ့ ေခတ္သစ္ေက်ာက္ဆုိတဲ့ အေခြကလဲ ပရိသတ္အၾကိဳက္ေတြ႕တဲ့ အေခြတစ္ေခြျဖစ္လို႕ေနပါတယ္။ ဒါ့အျပင္ ေရးဖြဲ႕ခဲ့တဲ့ သီခ်င္းေပါင္းကလဲ တစ္ရာေက်ာ္ေနၿပီျဖစ္သလို ေဖ့စ္ဘြတ္ အင္စတာဂရမ္မွာတင္ခဲ့တဲ့ သူ႕ခ်စ္သူနဲ႕ပံုမ်ားေၾကာင့္ မီဒီယာမ်ား၊ ပရိသတ္မ်ားရဲ႕စိတ္၀င္စားျခင္းကို ခံခဲ့ရတဲ့ ေရမြန္ရဲ႕အခ်စ္ေရးသတင္းနဲ႕လက္ရွိဂီတလႈပ္ရွားမႈမ်ားအေၾကာင္းကိုေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ ဂီတလႈပ္ရွားမႈအေနနဲ႕ ဘာေတြလုပ္ျဖစ္ေနလဲ။

ကၽြန္ေတာ္တို႕အခုဂ်ဴလိုင္ ၂၇ က ထြက္ထားတဲ့ ေခတ္သစ္ေက်ာက္အေခြ အဲ့ဒီေကာင္အတြက္ပဲ ကၽြန္ေတာ္တုိ႕သီခ်င္းေတြတုိက္ေနတယ္။ သီခ်င္းေတြက အသစ္ေတြျဖစ္တဲ့အတြက္ အဲ့ဒီေကာင္ေတြကို ေက်ညက္ေအာင္ပဲ လုပ္ေနတယ္။ ပရိုမိုးရွင္း အစီအစဥ္ေတြ နယ္မွာထပ္လုပ္ဖုိ႕ရွိတယ္။ ရန္ကုန္မွာ လုပ္ခဲ့ဖူးသလိုပဲ နယ္မွာထြက္လုပ္ဖုိ႕ရွိတယ္။ ၿပီးေတာ့ ကၽြန္ေတာ္တို႕ပထမအေခြရဲ႕ အမ္တီဗီကလဲ အမွန္တကယ္ၿပီးသြားတာၾကာလွၿပီ။ တစ္ႏွစ္ေက်ာ္ေလာက္ရွိၿပီ။ 5 Plus မွာျပဖုိ႕ဆုိၿပီးေပးထားတာ အဲ့ဒီေကာင္က အခုထက္ထိ မျပျဖစ္ေသးတာေပါ့။ အဲ့ဒါေလးကို အျမန္ဆံုး ပရိသတ္ကုိျပႏုိင္ေအာင္တိုက္တြန္းေနတယ္။ ေနာက္တစ္ခုက တတိယအေခြျဖစ္ဖို႕အတြက္ကို သီခ်င္းေတြစစုေနပါၿပီ။ ၿပီးေတာ့ လတ္တေလာအနီးဆံုးကေတာ့ ၂၄ ရက္ေန႕ျမရိပ္ညိဳမွာ ဘုိဘုိအင္တာတိန္းမန္႕ကစီစဥ္တဲ့ Grand Royal ရိႈးရွိပါတယ္။

-ေခတ္သစ္ေက်ာက္အေျခအေနကေရာ ဘယ္လိုမ်ိဳးရွိလဲ။

ေခတ္သစ္ေက်ာက္က အခုျမန္မာျမဴးဆစ္စတိုးမွာလဲ ၁၁ပုဒ္ေလာက္က အေရာင္းရဆံုးသီခ်င္းထဲမွာ ပါတယ္။ ၿပီးေတာ့ ေရဒီယို Channal List ၂ခု ၊ ၃ခုမွာလဲ top ten listေတြထဲမွာပါတယ္။ ၿပီးေတာ့ City Mart အားလံုးမွာလဲTop Ten မွာ Second ၀င္ေနပါတယ္။

-လူအဂီတနဲ႕ေခတ္သစ္ေက်ာက္ ႏွစ္ေခြရဲ႕ ပရိသတ္အားေပးမႈကိုလဲ ႏႈိင္းယွဥ္ျပေပးပါဦး။

ပထမအေခြထြက္တုန္းက ပိုေတာင္ဆိုးေသးတယ္။ ကၽြန္ေတာ္တို႕က အသစ္လဲအသစ္ဗ်ာ။ ပရိုမိုးရွင္းလဲ မလုပ္ဘူး။ စာနယ္ဇင္းပြဲေတာင္ မလုပ္ဘူး။ ဒီအတုိင္းပဲထုတ္လုိက္တာဆိုေတာ့ စစထြက္ၿပီး တစ္ႏွစ္ေလာက္ထိစိတ္ဓာတ္က်ေနေသးတယ္။ ငါတို႕အေခြကေတာ့ သြားၿပီေပါ့။ ဒါေပမဲ့မေမွ်ာ္လင့္ပဲ ေျဖးေျဖးခ်င္းမွျပန္ေပါက္လာၿပီး သံုးေလးႏွစ္အတြင္းမွာမွ ေျဖးေျဖးခ်င္းဖြဲမီးလို စိမ့္စိမ့္ေပါက္လာၿပီးေတာ့ အခုထက္ထိကိုေရာင္းရေနတုန္းေပါ့။ ဒုတိယအေခြက ထြက္တဲ့အခ်ိန္တုန္းကေတာ္ေတာ္၀ယ္ၾကတယ္။ ေနာက္တစ္သုတ္ေတာင္ ထပ္ရုိက္ရေတာ့မယ္ထင္တယ္။ သီခ်င္းေတြကလဲ ေျဖးေျဖးခ်င္းစိမ့္မၿပီးေပါက္မယ္လို႕ထင္ပါတယ္။

-ပရိုမိုးရွင္းကို တစ္ေနရာထဲမွာမလုပ္ပဲ ေနရာေတြျဖန္႕ၿပီး လုပ္ျဖစ္ခဲ့တဲ့စိတ္ကူးကေရာ ဘယ္လိုမ်ားလဲ။

ကၽြန္ေတာ္တို႕ကပရိုမိုးရွင္းကို လာရိုးလာစဥ္ အႏုပညာရွင္ေတြေခၚၿပီးလက္မွတ္ထိုး၊ သီခ်င္းဆိုျပ ၿပီးရင္အေခြေရာင္းဆိုတာက လူတိုင္းလုပ္ေနၿပီ။ ရိုးေနၿပီဗ်ာ။ အဲ့ဒါေၾကာင့္ပရိသတ္ေတြနဲ႕လဲရင္းႏွီးမႈရေအာင္သူမ်ားမလုပ္တဲ့ အိုင္ဒီယာလဲျဖစ္ေအာင္ Street Musicion ေတြလို လမ္းမေပၚမွာတီးခ်င္တယ္။ ေတြ႕တဲ့သူလာနားေထာင္ေပါ့။ ကုိယ္ေတြကလဲ လမ္းမမွာတီးတယ္ဆုိတဲ့ Feel ကိုရမယ္။ ေတြ႕တဲ့လူတိုင္းလဲလာၾကည့္လို႕ရတယ္။ အဲ့ဒါေၾကာင့္ Idiots go ကုိလုပ္ျဖစ္တာပါ။ အခုနယ္ဖက္မွာလဲ သြားလုပ္ဖို႕စီစဥ္ေနပါတယ္။

-ေခတ္သစ္ေက်ာက္ထြက္တဲ့အခ်ိန္မွာေရာ Link ကျပန္႕တာမ်ိဳးၾကံဳရေသးလား။

ရွိတာေပါ့။ တက္တာေပါ့။ တခ်ိဳ႕ပရိသတ္ေတြက်ေတာ့လဲ နယ္ေတြမွာ အေခြမေရာက္လို႕တခ်ိဳ႕က်ေတာ့လဲ ႏုိင္ငံျခားေရာက္ေနလို႕၀ယ္လို႕မရလို႕ဆိုတဲ့နည္းမ်ိဳးစံုနဲ႕ေပါ့။ ဒါမ်ိဳးကေတာ့ ျဖစ္မွာပဲ။ ႏိုင္ငံတကာမွာေတာင္ ဘယ္ေလာက္ေပါက္တဲ့ဟာျဖစ္ျဖစ္ အြန္လိုင္းကျပန္႕တာေတာ့ ရွိတာပဲ။ ေပါက္တဲ့သီခ်င္းဆို ဘယ္မွာ Down Down ရတာပဲ။ ဒီမွာလဲ အဲ့ဒီဟာကၾကံဳေတာ့ၾကံဳရမွာပဲ။ သူငယ္ခ်င္းေတြထဲမွာေတာင္မွ တခ်ိဳ႕သူေတြဆုိ လက္ေဆာင္ေပးကိုေပးရမဲ့သူေတြ ရွိတယ္ဗ်ာ။ သူတို႕ကိုေတာင္ မေပးရေသးဘူး။ ၀ယ္ၿပီးနားေထာင္ၿပီးေနၾကၿပီ။ အေခြထြက္ခါစကဆို ကၽြန္ေတာ့္ေ၀ါမွာ အေခြေလးေတြ၀ယ္ထားတဲ့သူေတြရုိက္ၿပီး ပံုေလးေတြ Tag တင္ၾကတာ အေယာက္ ၄၀၀ေလာက္ရွိမယ္။ အဲ့ဒီလိုအားေပးတဲ့သူေတြရွိလို႕လဲ ကၽြန္ေတာ္တို႕ေရွ႕ဆက္လို႕ရတာပါ။

-လူအဂီတနဲ႕ေခတ္သစ္ေက်ာက္ ႏွစ္ေခြရဲ႕ကြာျခားမႈေလးေတြကဘာေတြျဖစ္မလဲ။

ကြဲျပားတာေတြေတာ့ရွိတယ္။ စာသားအေၾကာင္းအရာေတြလဲကြဲျပားသြားတယ္။ မ်ားေသာအားျဖင့္က သီခ်င္းေတြေတာ္ေတာ္မ်ားမ်ား ကၽြန္ေတာ္ေရးတာဆုိေတာ့ ကၽြန္ေတာ့္ရဲ႕life Experience နဲ႕ပတ္သက္ၿပီးေတာ့ ေတာက္ေလွ်ာက္က ကၽြန္ေတာ့္အေၾကာင္းေတြလိုပဲျဖစ္ေနတယ္။ ကၽြန္ေတာ္အသက္လဲ နည္းနည္းၾကီးလာတဲ့အတြက္ စာသားအေၾကာင္းအရာပုိင္းကေတာ့ အေတြးအေခၚေျပာင္းသြားတာမ်ိဳးရွိတယ္။ ေရာ့ခ္ထဲမွာေတာ့ ေရာ့ခ္ထဲမွာပဲ။ Metal ဆန္တဲ့ဟာေတြလဲပါတယ္။ ဒီအေခြထဲမွာဆုိ ပါတဲ့သီခ်င္းပံုစံေတြကအရင္ေခြနဲ႕မတူဘူး။ ကၽြန္ေတာ္ကုိယ္တုိင္ကိုက သီခ်င္းေတြတစ္ပုဒ္နဲ႕တစ္ပုဒ္ပံုစံတူတာကိုမၾကိဳက္ဘူး။ ပံုစံမတူေအာင္အျမဲလုပ္ပါတယ္။

-ေခတ္သစ္ေက်ာက္အေခြအေျခအေနအေပၚ အစ္ကို႕ရဲ႕စိတ္ေက်နပ္မႈကေရာ ဘယ္လိုမ်ိဳးရွိလဲ။

သီခ်င္းေတြကအားရတယ္။ တကယ့္အႏွစ္ေတြၾကီးပဲ။ ဒါေပမဲ့ Vocal ေတာ့အားမရဘူး။ ပထမအေခြေလာက္ Recording ေတြ၊ Vocal ေတြအားမရဘူး။ Mixing ပိုင္းမွာလဲ တခ်ိဳ႕လိုအပ္တာေလးေတြရွိသြားတယ္။

-အခုလက္ရွိမွာ ဘယ္သူေတြရဲ႕သီခ်င္းကို အမ်ားဆံုးနားေထာင္ျဖစ္ေနလဲ။

ေတာက္ေလွ်ာက္နားေထာင္ျဖစ္ေနတာက 21 Pilots ရဲ႕ Blurry Face ဆိုတဲ့ အေခြနားေထာင္ေနတယ္။ ေနာက္ Of Mice & Men ရဲ႕ Restoring Force ဆိုတဲ့အေခြရယ္ အဲ့ဒီႏွစ္ေခြနားေထာင္ျဖစ္ေနပါတယ္။

-သူတို႕သီခ်င္းေတြကိုအျမဲနားေထာင္ျဖစ္ေတာ့ ကုိယ္သီခ်င္းဖန္တီးတဲ့အခါမ်ိဳးမွာျပန္သံုးတာမ်ိဳးေရာရွိမလား။

သူတို႕ရဲ႕ Mood ေနာက္တီးဟန္ေတြဘာေတြေပါ့။ ဒါေပမဲ့စာသားအေၾကာင္းအရာ၊ ေကာ့ဒ္၊ မယ္လိုဒီ၊ Pattern ေတြ၊ ဂစ္တာ Skill ေတြဘာမွယူမသံုးဘူး။ သူတို႕ရဲ႕ mood နဲ႕သူတုိ႕ရဲ႕ Presentation ေလာက္ကိုပဲ influence ယူတယ္။

-ျပည္တြင္းကဆိုရင္ေရာ ဘယ္သူေတြရဲ႕သီခ်င္းကိုအမ်ားဆံုးနားေထာင္ျဖစ္လဲ။

ၾကိဳက္တာကေတာ့ အရင္လူေတြပိုမ်ားတယ္။ အင္ပါယာ IC ၊ ဦးငွက္၊ ကိုဟန္ထြန္းတုိ႕ကိုၾကိဳက္တယ္။ ဒါေပမဲ့ ေအာ္ရီဂ်င္နယ္ Artist ေတြကိုပုိၿပီးေတာ့ၾကိဳက္တယ္။

-ေနာက္တက္တဲ့သူေတြထဲမွာအစ္ကိုသေဘာက်တဲ့ Artist ေတြေရာရွိဦးမလား။

သာဒီးလူၾကိဳက္တယ္။ ကိုေ၀လလဲၾကိဳက္တယ္။ ဟိုဖက္အပိုင္းမွာဆို X – box ၾကိဳက္တယ္။ ကိုယ့္ျမဴးဆစ္ကုိယ္ဖန္တီးၿပီး အရမ္းၾကီး မခုိးခ်တာေတြကိုၾကိဳက္တယ္။ စုတုျပဳကေတာ့ Artist တုိင္းေတာ္ေတာ္မ်ားမ်ားလုပ္ၾကတာပဲ။ ဒါေပမဲ့ကိုယ့္ရဲ႕ဟန္ေလးပါတဲ့ Artist   ေတြကိုေတာ့ သေဘာက်တယ္။

-အခုလက္ရွိမွာ SIR နဲ႕ Relationship ကိုလဲအားလံုးကစိတ္၀င္စားေနၾကတယ္။

ကၽြန္ေတာ္တို႕စာနယ္ဇင္းရွင္းလင္းပြဲ လုပ္ဖို႕ရွိတယ္။ SIR အေၾကာင္းကို အခုထက္ထိ ပရိသတ္ကုိကၽြန္ေတာ္တုိ႕ဘာမွမေျပာျပရေသးတဲ့အတြက္ အဲ့ဒါေလးကို စာနယ္ဇင္းပြဲလုပ္ျဖစ္ရင္ဖိတ္လိုက္ပါ့မယ္။ အဲ့ဒီအခါက်မွေသခ်ာေျပာျပပါ့မယ္။ အခုေလာေလာဆယ္က Idiots အေနနဲ႕ပဲ လႈပ္ရွားတယ္။

-Instagram မွာတင္တဲ့ တခ်ိဳ႕ပံုေတြေၾကာင့္အစ္ကို႕အခ်စ္ေရးကိုစိတ္၀င္စားေနၾကေတာ့ လက္ရွိအေနအထားေလးကိုလဲသိခ်င္ပါတယ္။

အဲ့ဒါကၽြန္ေတာ္လဲျပသနာတက္ေနတယ္။ ပံုေတြတင္လို႕ေယာကၡမၾကီးက ကၽြန္ေတာ့္ကိုအေသဆဲေနတယ္။ ျဖစ္ႏုိင္ရင္ Public မွာ မခ်ျပခ်င္ေသးပါဘူး။

-ဆက္လုပ္သြားမဲ့ ဂီတပိုင္းနဲ႕ပတ္သက္ၿပီး ပရိသတ္ၾကီးကို ဘာမ်ားအသိေပးခ်င္ပါေသးလဲ။

ကၽြန္ေတာ္တို႕ Idiots ကေတာ့ ေတာက္ေလွ်ာက္သြားေနမယ္။ ကၽြန္ေတာ္တတ္ႏုိင္သေလာက္ဒီ့ထက္၊ ဒီ့ထက္ပိုေကာင္းတဲ့ Creation ေတြကိုထပ္လုပ္သြားမယ္။ တျခားဟာေတြလဲအမ်ားၾကီးရွိပါေသးတယ္။ ပရိသတ္ၾကိဳက္တဲ့ Idiots ကေတာ့ စိတ္မပ်က္ေစရဘူး။ အာမခံပါတယ္။ အားေပးတာနဲ႕တန္ေအာင္ဆက္လုပ္သြားပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
၂၀၀၂ ၊ ၂၀၀၃ ခုနှစ်လောက်က စတင်ပြီး ဟာမိုနီလိုက်နေပြီဖြစ်တဲ့ ရေမွန်က ၂၀၀၅ ခုနှစ်မှာတော့ Idiots ဆိုတဲ့ Band နဲ့အတူလက်တွဲကာ သီချင်းတွေ စတင်လုပ်ခဲ့ပါတယ်။ ပထမဆုံးအခွေအနေနဲ့လူအဂီတဆိုတဲ့ အခွေအပြင် များမကြာသေးမီက ထွက်ရှိခဲ့တဲ့ ခေတ်သစ်ကျောက်ဆိုတဲ့ အခွေကလဲ ပရိသတ်အကြိုက်တွေ့တဲ့ အခွေတစ်ခွေဖြစ်လို့နေပါတယ်။ ဒါ့အပြင် ရေးဖွဲ့ခဲ့တဲ့ သီချင်းပေါင်းကလဲ တစ်ရာကျော်နေပြီဖြစ်သလို ဖေ့စ်ဘွတ် အင်စတာဂရမ်မှာတင်ခဲ့တဲ့ သူ့ချစ်သူနဲ့ပုံများကြောင့် မီဒီယာများ၊ ပရိသတ်များရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ရေမွန်ရဲ့အချစ်ရေးသတင်းနဲ့လက်ရှိဂီတလှုပ်ရှားမှုများအကြောင်းကိုမေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ကျွန်တော်တို့အခုဂျူလိုင် ၂၇ က ထွက်ထားတဲ့ ခေတ်သစ်ကျောက်အခွေ အဲ့ဒီကောင်အတွက်ပဲ ကျွန်တော်တို့သီချင်းတွေတိုက်နေတယ်။ သီချင်းတွေက အသစ်တွေဖြစ်တဲ့အတွက် အဲ့ဒီကောင်တွေကို ကျေညက်အောင်ပဲ လုပ်နေတယ်။ ပရိုမိုးရှင်း အစီအစဉ်တွေ နယ်မှာထပ်လုပ်ဖို့ရှိတယ်။ ရန်ကုန်မှာ လုပ်ခဲ့ဖူးသလိုပဲ နယ်မှာထွက်လုပ်ဖို့ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ပထမအခွေရဲ့ အမ်တီဗီကလဲ အမှန်တကယ်ပြီးသွားတာကြာလှပြီ။ တစ်နှစ်ကျော်လောက်ရှိပြီ။ 5 Plus မှာပြဖို့ဆိုပြီးပေးထားတာ အဲ့ဒီကောင်က အခုထက်ထိ မပြဖြစ်သေးတာပေါ့။ အဲ့ဒါလေးကို အမြန်ဆုံး ပရိသတ်ကိုပြနိုင်အောင်တိုက်တွန်းနေတယ်။ နောက်တစ်ခုက တတိယအခွေဖြစ်ဖို့အတွက်ကို သီချင်းတွေစစုနေပါပြီ။ ပြီးတော့ လတ်တလောအနီးဆုံးကတော့ ၂၄ ရက်နေ့မြရိပ်ညိုမှာ ဘိုဘိုအင်တာတိန်းမန့်ကစီစဉ်တဲ့ Grand Royal ရှိုးရှိပါတယ်။

-ခေတ်သစ်ကျောက်အခြေအနေကရော ဘယ်လိုမျိုးရှိလဲ။

ခေတ်သစ်ကျောက်က အခုမြန်မာမြူးဆစ်စတိုးမှာလဲ ၁၁ပုဒ်လောက်က အရောင်းရဆုံးသီချင်းထဲမှာ ပါတယ်။ ပြီးတော့ ရေဒီယို Channal List ၂ခု ၊ ၃ခုမှာလဲ top ten listတွေထဲမှာပါတယ်။ ပြီးတော့ City Mart အားလုံးမှာလဲTop Ten မှာ Second ဝင်နေပါတယ်။

-လူအဂီတနဲ့ခေတ်သစ်ကျောက် နှစ်ခွေရဲ့ ပရိသတ်အားပေးမှုကိုလဲ နှိုင်းယှဉ်ပြပေးပါဦး။

ပထမအခွေထွက်တုန်းက ပိုတောင်ဆိုးသေးတယ်။ ကျွန်တော်တို့က အသစ်လဲအသစ်ဗျာ။ ပရိုမိုးရှင်းလဲ မလုပ်ဘူး။ စာနယ်ဇင်းပွဲတောင် မလုပ်ဘူး။ ဒီအတိုင်းပဲထုတ်လိုက်တာဆိုတော့ စစထွက်ပြီး တစ်နှစ်လောက်ထိစိတ်ဓာတ်ကျနေသေးတယ်။ ငါတို့အခွေကတော့ သွားပြီပေါ့။ ဒါပေမဲ့မမျှော်လင့်ပဲ ဖြေးဖြေးချင်းမှပြန်ပေါက်လာပြီး သုံးလေးနှစ်အတွင်းမှာမှ ဖြေးဖြေးချင်းဖွဲမီးလို စိမ့်စိမ့်ပေါက်လာပြီးတော့ အခုထက်ထိကိုရောင်းရနေတုန်းပေါ့။ ဒုတိယအခွေက ထွက်တဲ့အချိန်တုန်းကတော်တော်ဝယ်ကြတယ်။ နောက်တစ်သုတ်တောင် ထပ်ရိုက်ရတော့မယ်ထင်တယ်။ သီချင်းတွေကလဲ ဖြေးဖြေးချင်းစိမ့်မပြီးပေါက်မယ်လို့ထင်ပါတယ်။

-ပရိုမိုးရှင်းကို တစ်နေရာထဲမှာမလုပ်ပဲ နေရာတွေဖြန့်ပြီး လုပ်ဖြစ်ခဲ့တဲ့စိတ်ကူးကရော ဘယ်လိုများလဲ။

ကျွန်တော်တို့ကပရိုမိုးရှင်းကို လာရိုးလာစဉ် အနုပညာရှင်တွေခေါ်ပြီးလက်မှတ်ထိုး၊ သီချင်းဆိုပြ ပြီးရင်အခွေရောင်းဆိုတာက လူတိုင်းလုပ်နေပြီ။ ရိုးနေပြီဗျာ။ အဲ့ဒါကြောင့်ပရိသတ်တွေနဲ့လဲရင်းနှီးမှုရအောင်သူများမလုပ်တဲ့ အိုင်ဒီယာလဲဖြစ်အောင် Street Musicion တွေလို လမ်းမပေါ်မှာတီးချင်တယ်။ တွေ့တဲ့သူလာနားထောင်ပေါ့။ ကိုယ်တွေကလဲ လမ်းမမှာတီးတယ်ဆိုတဲ့ Feel ကိုရမယ်။ တွေ့တဲ့လူတိုင်းလဲလာကြည့်လို့ရတယ်။ အဲ့ဒါကြောင့် Idiots go ကိုလုပ်ဖြစ်တာပါ။ အခုနယ်ဖက်မှာလဲ သွားလုပ်ဖို့စီစဉ်နေပါတယ်။

-ခေတ်သစ်ကျောက်ထွက်တဲ့အချိန်မှာရော Link ကပြန့်တာမျိုးကြုံရသေးလား။

ရှိတာပေါ့။ တက်တာပေါ့။ တချို့ပရိသတ်တွေကျတော့လဲ နယ်တွေမှာ အခွေမရောက်လို့တချို့ကျတော့လဲ နိုင်ငံခြားရောက်နေလို့ဝယ်လို့မရလို့ဆိုတဲ့နည်းမျိုးစုံနဲ့ပေါ့။ ဒါမျိုးကတော့ ဖြစ်မှာပဲ။ နိုင်ငံတကာမှာတောင် ဘယ်လောက်ပေါက်တဲ့ဟာဖြစ်ဖြစ် အွန်လိုင်းကပြန့်တာတော့ ရှိတာပဲ။ ပေါက်တဲ့သီချင်းဆို ဘယ်မှာ Down Down ရတာပဲ။ ဒီမှာလဲ အဲ့ဒီဟာကကြုံတော့ကြုံရမှာပဲ။ သူငယ်ချင်းတွေထဲမှာတောင်မှ တချို့သူတွေဆို လက်ဆောင်ပေးကိုပေးရမဲ့သူတွေ ရှိတယ်ဗျာ။ သူတို့ကိုတောင် မပေးရသေးဘူး။ ဝယ်ပြီးနားထောင်ပြီးနေကြပြီ။ အခွေထွက်ခါစကဆို ကျွန်တော့်ဝေါမှာ အခွေလေးတွေဝယ်ထားတဲ့သူတွေရိုက်ပြီး ပုံလေးတွေ Tag တင်ကြတာ အယောက် ၄၀၀လောက်ရှိမယ်။ အဲ့ဒီလိုအားပေးတဲ့သူတွေရှိလို့လဲ ကျွန်တော်တို့ရှေ့ဆက်လို့ရတာပါ။

-လူအဂီတနဲ့ခေတ်သစ်ကျောက် နှစ်ခွေရဲ့ကွာခြားမှုလေးတွေကဘာတွေဖြစ်မလဲ။

ကွဲပြားတာတွေတော့ရှိတယ်။ စာသားအကြောင်းအရာတွေလဲကွဲပြားသွားတယ်။ များသောအားဖြင့်က သီချင်းတွေတော်တော်များများ ကျွန်တော်ရေးတာဆိုတော့ ကျွန်တော့်ရဲ့life Experience နဲ့ပတ်သက်ပြီးတော့ တောက်လျှောက်က ကျွန်တော့်အကြောင်းတွေလိုပဲဖြစ်နေတယ်။ ကျွန်တော်အသက်လဲ နည်းနည်းကြီးလာတဲ့အတွက် စာသားအကြောင်းအရာပိုင်းကတော့ အတွေးအခေါ်ပြောင်းသွားတာမျိုးရှိတယ်။ ရော့ခ်ထဲမှာတော့ ရော့ခ်ထဲမှာပဲ။ Metal ဆန်တဲ့ဟာတွေလဲပါတယ်။ ဒီအခွေထဲမှာဆို ပါတဲ့သီချင်းပုံစံတွေကအရင်ခွေနဲ့မတူဘူး။ ကျွန်တော်ကိုယ်တိုင်ကိုက သီချင်းတွေတစ်ပုဒ်နဲ့တစ်ပုဒ်ပုံစံတူတာကိုမကြိုက်ဘူး။ ပုံစံမတူအောင်အမြဲလုပ်ပါတယ်။

-ခေတ်သစ်ကျောက်အခွေအခြေအနေအပေါ် အစ်ကို့ရဲ့စိတ်ကျေနပ်မှုကရော ဘယ်လိုမျိုးရှိလဲ။

သီချင်းတွေကအားရတယ်။ တကယ့်အနှစ်တွေကြီးပဲ။ ဒါပေမဲ့ Vocal တော့အားမရဘူး။ ပထမအခွေလောက် Recording တွေ၊ Vocal တွေအားမရဘူး။ Mixing ပိုင်းမှာလဲ တချို့လိုအပ်တာလေးတွေရှိသွားတယ်။

-အခုလက်ရှိမှာ ဘယ်သူတွေရဲ့သီချင်းကို အများဆုံးနားထောင်ဖြစ်နေလဲ။

တောက်လျှောက်နားထောင်ဖြစ်နေတာက 21 Pilots ရဲ့ Blurry Face ဆိုတဲ့ အခွေနားထောင်နေတယ်။ နောက် Of Mice & Men ရဲ့ Restoring Force ဆိုတဲ့အခွေရယ် အဲ့ဒီနှစ်ခွေနားထောင်ဖြစ်နေပါတယ်။

-သူတို့သီချင်းတွေကိုအမြဲနားထောင်ဖြစ်တော့ ကိုယ်သီချင်းဖန်တီးတဲ့အခါမျိုးမှာပြန်သုံးတာမျိုးရောရှိမလား။

သူတို့ရဲ့ Mood နောက်တီးဟန်တွေဘာတွေပေါ့။ ဒါပေမဲ့စာသားအကြောင်းအရာ၊ ကော့ဒ်၊ မယ်လိုဒီ၊ Pattern တွေ၊ ဂစ်တာ Skill တွေဘာမှယူမသုံးဘူး။ သူတို့ရဲ့ mood နဲ့သူတို့ရဲ့ Presentation လောက်ကိုပဲ influence ယူတယ်။

-ပြည်တွင်းကဆိုရင်ရော ဘယ်သူတွေရဲ့သီချင်းကိုအများဆုံးနားထောင်ဖြစ်လဲ။

ကြိုက်တာကတော့ အရင်လူတွေပိုများတယ်။ အင်ပါယာ IC ၊ ဦးငှက်၊ ကိုဟန်ထွန်းတို့ကိုကြိုက်တယ်။ ဒါပေမဲ့ အော်ရီဂျင်နယ် Artist တွေကိုပိုပြီးတော့ကြိုက်တယ်။

-နောက်တက်တဲ့သူတွေထဲမှာအစ်ကိုသဘောကျတဲ့ Artist တွေရောရှိဦးမလား။

သာဒီးလူကြိုက်တယ်။ ကိုဝေလလဲကြိုက်တယ်။ ဟိုဖက်အပိုင်းမှာဆို X – box ကြိုက်တယ်။ ကိုယ့်မြူးဆစ်ကိုယ်ဖန်တီးပြီး အရမ်းကြီး မခိုးချတာတွေကိုကြိုက်တယ်။ စုတုပြုကတော့ Artist တိုင်းတော်တော်များများလုပ်ကြတာပဲ။ ဒါပေမဲ့ကိုယ့်ရဲ့ဟန်လေးပါတဲ့ Artist   တွေကိုတော့ သဘောကျတယ်။

-အခုလက်ရှိမှာ SIR နဲ့ Relationship ကိုလဲအားလုံးကစိတ်ဝင်စားနေကြတယ်။

ကျွန်တော်တို့စာနယ်ဇင်းရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်။ SIR အကြောင်းကို အခုထက်ထိ ပရိသတ်ကိုကျွန်တော်တို့ဘာမှမပြောပြရသေးတဲ့အတွက် အဲ့ဒါလေးကို စာနယ်ဇင်းပွဲလုပ်ဖြစ်ရင်ဖိတ်လိုက်ပါ့မယ်။ အဲ့ဒီအခါကျမှသေချာပြောပြပါ့မယ်။ အခုလောလောဆယ်က Idiots အနေနဲ့ပဲ လှုပ်ရှားတယ်။

-Instagram မှာတင်တဲ့ တချို့ပုံတွေကြောင့်အစ်ကို့အချစ်ရေးကိုစိတ်ဝင်စားနေကြတော့ လက်ရှိအနေအထားလေးကိုလဲသိချင်ပါတယ်။

အဲ့ဒါကျွန်တော်လဲပြသနာတက်နေတယ်။ ပုံတွေတင်လို့ယောက္ခမကြီးက ကျွန်တော့်ကိုအသေဆဲနေတယ်။ ဖြစ်နိုင်ရင် Public မှာ မချပြချင်သေးပါဘူး။

-ဆက်လုပ်သွားမဲ့ ဂီတပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်ကြီးကို ဘာများအသိပေးချင်ပါသေးလဲ။

ကျွန်တော်တို့ Idiots ကတော့ တောက်လျှောက်သွားနေမယ်။ ကျွန်တော်တတ်နိုင်သလောက်ဒီ့ထက်၊ ဒီ့ထက်ပိုကောင်းတဲ့ Creation တွေကိုထပ်လုပ်သွားမယ်။ တခြားဟာတွေလဲအများကြီးရှိပါသေးတယ်။ ပရိသတ်ကြိုက်တဲ့ Idiots ကတော့ စိတ်မပျက်စေရဘူး။ အာမခံပါတယ်။ အားပေးတာနဲ့တန်အောင်ဆက်လုပ်သွားပါမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top