Kantharyar Centre
×

ေတာင္အာဖရိကႏိုင္ငံ၊ ကိပ္ေတာင္းျမိဳ႕သားတစ္ေယာက္ဟာ လုယက္သူေတြရဲ႕ ေသနတ္နဲ႔ပစ္ခတ္ျခင္းကို ခံခဲ့ရေပမဲ့ သူ႔အကၤ် ီအိပ္ကပ္ထဲမွာ ထည့္ထားတဲ့ Huawei P8 lite ဖုန္းေၾကာင့္ အသက္ခ်မ္းသာရာရသြားခဲ့ပါတယ္။

Huawei P8 lite ဖုန္းသာခံမေနရင္ ဒါမွမဟုတ္ ဖုန္းက က်ည္ဆန္ကိုတားဆီးထားႏိုင္ေလာက္ေအာင္ မမာေက်ာခဲ့ရင္ က်ည္ဆံဟာ အဆုိပါ ကိပ္ေတာင္းျမိဳ႕သားရဲ႕ ရင္ဘက္ကိုေဖာက္ဝင္သြားမွာပါ။

Huawei P8 lite ဖုန္းခံေနလို႔ က်ည္ဆံဒဏ္ခံရေပမဲ့ အသက္ခ်မ္းသာရရသြားခဲ့သူက အသက္ ၄၁ ႏွစ္အရြယ္ အိုင္တီလုပ္ငန္းရွင္ ေအဘရာဟမ္ ဆိုသူပဲျဖစ္ပါတယ္။

ကေလး ၅ ေယာက္ရဲ႕ဖခင္ျဖစ္တဲ့ ေအဘရာဟမ္ဟာ ျပီးခဲ့တဲ့ စေနေန႔ညတုန္းက ေမြးေန႔ပါတီတစ္ခုကေနျပန္အလာမွာ သူ႔အိမ္ေရွ႕အနီးမွာပဲ ဓားျပေတြရဲ႕ လုယက္တုိက္ခိုက္မႈကိုခံခဲ့ရျပီး ေသနတ္နဲ႔ပါအပစ္ခံခဲ့ရတာ ျဖစ္ပါတယ္။

က်ည္ဆံထိမွန္တဲ့အခ်ိန္မွာ Huawei P8 lite ဖုန္းဟာ ကြဲေၾကသြားခဲ့ေပမဲ့ က်ည္ဆံကိုေပါက္ထြက္မသြားေအာင္ထိန္း ထားႏုိင္ခဲ့တာေၾကာင့္ ေအဘရာဟမ္ဟာ သတိလစ္ရံုပဲလစ္သြားခဲ့ျပီး အသက္ခ်မ္းသာရာရခဲ့တာ ျဖစ္ပါတယ္။

ေအဘရာဟမ္ဟာ ဟြာေဝးစမတ္ဖုန္းရဲ႕ အကာအကြယ္ေၾကာင့္ ေသနတ္နဲ႔ပစ္ခံရျပီး မေသတဲ့ ပထမဆံုးသူေတာ့ မဟုတ္ဘဲ အရင္တုန္းကလည္း Huawei P7 ၊ Huawei Media Pad တို႔ခံေနလို႔ ေသနတ္ဒဏ္ကေန အသက္ခ်မ္းသာရာ ရခဲ့တဲ့ အျဖစ္အပ်က္ေတြရွိခဲ့ဖူးပါတယ္။

ဒီေန႔ေခတ္မွာ Huawei အပါအဝင္ ကမၻာ့ထိပ္တန္းစမတ္ဖုန္းကုမၸဏီၾကီးေတြဟာ သူတို႔ ဖုန္းေတြရဲ႕ၾကံ့ခိုင္မႈကို အစြမ္းကုန္ ျမွင့္တင္လာေနၾကတဲ့အတြက္ ေစ်းကြက္ထဲက သတၳဳကိုယ္ထည္နဲ႔စမတ္ဖုန္းအခ်ိဳ႕ဟာ က်ည္ဆံဒဏ္ကုိခံႏုိင္တဲ့အထိ ၾကံ့ခိုင္မႈျမင့္တက္လာတာပဲ ျဖစ္ပါတယ္။

Huawei ကုမၸဏီဟာ ျပီးခဲ့တဲ့တစ္ႏွစ္အတြင္းမွာတင္ ကမၻာ့ႏုိင္ငံေပါင္း ၁၇၀ ေက်ာ္ကို စမတ္ဖုန္းအလံုးေပါင္း သန္း ၁၀၀ ထိ တင္ပို႔ထားျပီး ကမၻာ့ထိပ္တန္း စမတ္ဖုန္း ကုမၸဏီ ၃ ခု မွာတစ္ခုအပါအဝင္လည္း ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့သားတစ်ယောက်ဟာ လုယက်သူတွေရဲ့ သေနတ်နဲ့ပစ်ခတ်ခြင်းကို ခံခဲ့ရပေမဲ့ သူ့အင်္ကျ ီအိပ်ကပ်ထဲမှာ ထည့်ထားတဲ့ Huawei P8 lite ဖုန်းကြောင့် အသက်ချမ်းသာရာရသွားခဲ့ပါတယ်။

Huawei P8 lite ဖုန်းသာခံမနေရင် ဒါမှမဟုတ် ဖုန်းက ကျည်ဆန်ကိုတားဆီးထားနိုင်လောက်အောင် မမာကျောခဲ့ရင် ကျည်ဆံဟာ အဆိုပါ ကိပ်တောင်းမြို့သားရဲ့ ရင်ဘက်ကိုဖောက်ဝင်သွားမှာပါ။

Huawei P8 lite ဖုန်းခံနေလို့ ကျည်ဆံဒဏ်ခံရပေမဲ့ အသက်ချမ်းသာရရသွားခဲ့သူက အသက် ၄၁ နှစ်အရွယ် အိုင်တီလုပ်ငန်းရှင် အေဘရာဟမ် ဆိုသူပဲဖြစ်ပါတယ်။

ကလေး ၅ ယောက်ရဲ့ဖခင်ဖြစ်တဲ့ အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ စနေနေ့ညတုန်းက မွေးနေ့ပါတီတစ်ခုကနေပြန်အလာမှာ သူ့အိမ်ရှေ့အနီးမှာပဲ ဓားပြတွေရဲ့ လုယက်တိုက်ခိုက်မှုကိုခံခဲ့ရပြီး သေနတ်နဲ့ပါအပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျည်ဆံထိမှန်တဲ့အချိန်မှာ Huawei P8 lite ဖုန်းဟာ ကွဲကြေသွားခဲ့ပေမဲ့ ကျည်ဆံကိုပေါက်ထွက်မသွားအောင်ထိန်း ထားနိုင်ခဲ့တာကြောင့် အေဘရာဟမ်ဟာ သတိလစ်ရုံပဲလစ်သွားခဲ့ပြီး အသက်ချမ်းသာရာရခဲ့တာ ဖြစ်ပါတယ်။

အေဘရာဟမ်ဟာ ဟွာဝေးစမတ်ဖုန်းရဲ့ အကာအကွယ်ကြောင့် သေနတ်နဲ့ပစ်ခံရပြီး မသေတဲ့ ပထမဆုံးသူတော့ မဟုတ်ဘဲ အရင်တုန်းကလည်း Huawei P7 ၊ Huawei Media Pad တို့ခံနေလို့ သေနတ်ဒဏ်ကနေ အသက်ချမ်းသာရာ ရခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့ဖူးပါတယ်။

ဒီနေ့ခေတ်မှာ Huawei အပါအဝင် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီကြီးတွေဟာ သူတို့ ဖုန်းတွေရဲ့ကြံ့ခိုင်မှုကို အစွမ်းကုန် မြှင့်တင်လာနေကြတဲ့အတွက် ဈေးကွက်ထဲက သတ္ထုကိုယ်ထည်နဲ့စမတ်ဖုန်းအချို့ဟာ ကျည်ဆံဒဏ်ကိုခံနိုင်တဲ့အထိ ကြံ့ခိုင်မှုမြင့်တက်လာတာပဲ ဖြစ်ပါတယ်။

Huawei ကုမ္ပဏီဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာတင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်ကို စမတ်ဖုန်းအလုံးပေါင်း သန်း ၁၀၀ ထိ တင်ပို့ထားပြီး ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ ၃ ခု မှာတစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top