Property Expo
×

ကမၻာေက်ာ္ကင္မရာကုမၸဏီ Leica နဲ႔ပူးေပါင္းျပီး Dual Camera ထည့္သြင္းကာ စမတ္ဖုန္းကင္မရာနည္းပညာကို အဆင့္တစ္ခုျမွင့္တင္လိုက္တဲ့ Huawei P9 ကို ဓာတ္ပံုပညာရွင္ေတြကပါ ႏွစ္သက္စြာသံုးစြဲလာတာကို ေတြ႕ရပါတယ္။

ကမၻာေက်ာ္ကင္မရာကုမၸဏီ Leica နဲ႔ပူးေပါင္းျပီး Dual Camera ထည့္သြင္းကာ စမတ္ဖုန္းကင္မရာနည္းပညာကို အဆင့္တစ္ခုျမွင့္တင္လိုက္တဲ့ Huawei P9 ကို ဓာတ္ပံုပညာရွင္ေတြကပါ ႏွစ္သက္စြာသံုးစြဲလာတာကို ေတြ႕ရပါတယ္။ အဲဒီလို Huawei P9 ကိုႏွစ္သက္စြာသံုးစြဲလာတဲ့ နာမည္ေက်ာ္ဓာတ္ပံုပညာရွင္ေတြျဖစ္တဲ့ ကိုေအာင္ျပည္စိုး၊ ကိုေအာင္သန္းတုိး၊ ကိုထက္ေအာင္ေက်ာ္၊ ကို Jason Ya ၊ မခိုင္ပြင့္ျဖဴ နဲ႔ ကိုေအာင္ေက်ာ္ဝင္း တုိ႔က သူတု႔ိဘာေၾကာင့္ Huawei P9 ကိုႏွစ္သက္ရတယ္ဆိုတာနဲ႔ပတ္သက္ျပီး ေျပာၾကားခဲ့တာနဲ႔ပတ္သက္လို႔ ျပန္လည္ေကာက္ႏႈတ္ေဖာ္ျပေပး လုိက္ပါတယ္။

ကိုေအာင္ျပည္စိုး

လမ္းမထြက္ျပီးေတာ့ ဓာတ္ပံုရိုက္တဲ့အခါမွာ ကင္မရာႀကီးနဲ႔ဆိုရင္ လူေတြကသတိထားမိတဲ့ အတြက္ အဆင္မေျပတတ္ဘဲ ဖုန္းနဲ႔ရိုက္တဲ့အခါမွာေတာ့ လူေတြကသိပ္သတိမထားမိတာေၾကာင့္ ကိုယ္လိုခ်င္တဲ့အေန အထားမ်ိဳးအတိုင္း ပံုေကာင္းေတြကို ရႏိုင္ေၾကာင္း နဲ႔ P9 Dual Camera ရဲ႕ Mono chrome လုပ္ေဆာင္ခ်က္ကို သေဘာက်ေၾကာင္း ကိုေအာင္ျပည္စိုးက ေျပာပါတယ္။ ဒါ့အျပင္ P9 ရဲ႕ Mono Chrome လုပ္ေဆာင္ခ်က္ကို အသံုးျပဳၿပီး ရိုက္ကူးတဲ့ အျဖဴ၊အမည္းဓာတ္ပံုေတြဟာဆုိရင္ တကယ့္ကင္မရာအႀကီးနဲ႔ရိုက္သလို အရည္အေသြးျပည့္မီေၾကာင္းလည္း ကိုေအာင္ျပည္စိုးက ေျပာၾကားခဲ့ပါေသးတယ္။ ေနာက္ျပီး ဖုန္းနဲ႔ရိုက္ထားတဲ့ပံုေတြကို ပံုထုတ္ၾကည့္တဲ့အခါမွာလည္း အရည္အေသြးမက်သြားတာကိုေတြ႕ရတဲ့အတြက္ သေဘာက်မိေၾကာင္း ကိုေအာင္ျပည္စိုးက ထပ္ေလာင္းေျပာၾကားပါ ေသးတယ္။ နိဂံုးခ်ဳပ္အေနနဲ႔ကိုေအာင္ျပည့္စိုးက အထက္ပါအခ်က္ေတြေၾကာင့္ P9 က သူ႔ရဲ႕လူေနမႈဘဝပံုစံကိုေတာင္ ေျပာင္းလဲေပးႏိုင္ခဲ့ေၾကာင္း မွတ္ခ်က္ျပဳေျပာၾကားသြားခဲ့ပါတယ္။

ကုိေအာင္သန္းတုိး

ကိုေအာင္သန္းတိုးကေတာ့ P9 ကိုသူႏွစ္သက္ရတဲ့အခ်က္ေတြကို ေျပာၾကားရာမွာ သူစကၤာပူသြားတုန္းက Huawei P9 က ျမန္မာစံေတာ္ခ်ိန္ေရာ၊ စကၤာပူစံေတာ္ခ်ိန္ကိုပါ ေဖာ္ျပေပးတာေၾကာင့္ ျမန္မာျပည္မွာက်န္ရစ္ခဲ့တဲ့ မိသားစုဆီကို ဖုန္းဆက္ရတာအပါအဝင္ ကိစၥအေတာ္မ်ားမ်ားမွာ အဆင္ေျပသြားခဲ့ေၾကာင္းပထမဆံုးေျပာၾကားခဲ့ပါတယ္။ ေနာက္တစ္ခ်က္အေနနဲ႔ Huawei P9 မွာပါဝင္တဲ့ ဓာတ္ပံုတည္းျဖတ္ Application က စြမ္းေဆာင္ရည္အလြန္ေကာင္းမြန္ျပီး တျခားဖုန္းေတြလို ျပင္ပ ဓာတ္ပံုတည္းျဖတ္ Application ေတြကိုအသံုးျပဳေနဖို႔မလိုေတာ့ေၾကာင္း ေျပာပါတယ္။ ေနာက္ဆံုးအခ်က္အေနနဲ႔ေတာ့ ကိုေအာင္သန္းတိုးက P9 ရဲ႕ Finger Print Sensor ဟာ လုပ္ေဆာင္ပံုအလြန္လွ်င္ျမန္ျပီး Sensor ေပၚကိုလက္တင္လိုက္ရံုနဲ႔ ဖုန္းက Lock က်ေနရာကေန ခ်က္ခ်င္းပြင့္လာေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ကိုထက္ေအာင္ေက်ာ္

P9 ရဲ႕ အဓိကအားသားခ်က္ကသူ႔ရဲ႕ Leica Dual Camera ျဖစ္ပါတယ္လို႔ ေျပာၾကားခဲ့သူကေတာ့ ကိုထက္ေအာင္ေက်ာ္ပါ။ P9 ရဲ႕ Dual Camera ဟာဆုိရင္ Automated Mode နဲ႔ရိုက္ရင္ေတာင္ ပံုရိပ္ေတြကအရည္အေသြးေကာင္းမြန္ျပီး Professional Mode နဲ႔ ရုိက္မယ္ဆိုရင္လည္း Aperture ၊ White Balance ၊ Shutter Speed၊ ISO စတဲ့လုပ္ေဆာင္ခ်က္ ေတြကို အေသးစိတ္ခ်ိန္ျပီး စိတ္ၾကိဳက္ရိုက္ႏုိင္တာကိုႏွစ္သက္မိေၾကာင္း ကိုထက္ေအာင္ေက်ာ္က ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ DSLR ကင္မရာေတြနဲ႔ရိုက္သလို RAW Format နဲ႔ရိုက္ျပီးမွ Setting ေတြကိုအေသးစိတ္ျပန္ခ်ိန္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ကလည္း ဓါတ္ပံုပညာရွင္ေတြအတြက္ အလြန္အဆင္ေျပတဲ့လုပ္ေဆာင္ခ်က္ျဖစ္ေၾကာင္း ကိုထက္ေအာင္ေက်ာ္က ေျပာပါေသးတယ္။

ကို Jason Ya

P9 ရဲ႕ Leica ကင္မရာအျပင္ Display ကိုလည္းသေဘာက်ႏွစ္သက္တာကေတာ့ ကို Jason Ya ျဖစ္ပါတယ္။ P9 ရဲ႕ Display ဟာေနေရာင္ေအာက္မွာၾကည့္တဲ့အခါမွာေတာင္ မ်က္လံုးကိုအားစိုက္စရာမလိုတဲ့အတြက္ အရမ္းအဆင္ ေျပေၾကာင္း၊ ဒါေၾကာင့္ပဲ ခရီးသြားတဲ့အခါမွာ P9 ကိုပဲယူသြားျပီး ဓာတ္ပံုေတြရိုက္ျဖစ္ေၾကာင္း ကို Jason Ya ကဆိုပါတယ္။ ကင္မရာပိုင္းမွာ Color Temperature ပါဝင္တဲ့အတြက္ အေရာင္ေတြျပန္ခ်ိန္ရတာအဆင္ေျပျပီး Light Painting Effect ကလည္း ညဘက္ေတြမွာ Creation Shot ေတြရိုက္တဲ့အခါအဆင္ေျပျပီး ထြက္လာတဲ့ ပံုရိပ္ေတြကလည္း အားရစရာေကာင္းတာေၾကာင့္ႏွစ္သက္မိေၾကာင္း ကို Jason Ya ကေျပာၾကားခဲ့ပါတယ္။

မခိုင္ပြင့္ျဖဴ

မခိုင္ပြင့္ျဖဴကေတာ့ P9 ရဲ႕ကင္မရာဟာ DSLR ကင္မရာေတြကထြက္တဲ့ပံုရိပ္အတိုင္းထုတ္ေပးႏုိင္တယ္လို႔ ေျပာၾကား ခဲ့ပါတယ္။ ဒါ့အျပင္ P9 နဲ႔ရိုက္တဲ့ပံုေတြဟာ တျခားစမတ္ဖုန္းေတြနဲ႔ရိုက္တဲ့ပံုေတြနဲ႔ယွဥ္ရင္ အေရာင္ပိုမိုစိုေျပတာေၾကာင့္ လည္း P9 ကိုႏွစ္သက္မိေၾကာင္း မခိုင္ပြင့္ျဖဴက ေျပာျပသြားခဲ့ပါတယ္။

ကုိေအာင္ေက်ာ္ဝင္း

အျဖဴ၊အမည္းဓာတ္ပံုေတြရိုက္ရတာႏွစ္သက္တဲ့ ကိုေအာင္ေက်ာ္ဝင္းကလည္း P9 မွာပါဝင္တဲ့ Light Painting လုပ္ေဆာင္ခ်က္ကို သေဘာက်တယ္လို႔ဆိုပါတယ္။ တျခားဖုန္းေတြမွာ လုပ္ေဆာင္ဖို႔အဆင္မေျပတဲ့ ကင္မရာလုပ္ေဆာင္ခ်က္ေတြကို Huawei P9 မွာ အဆင္ေျပေျပ၊ လြယ္လြယ္ကူကူလုပ္ေဆာင္ႏုိင္တာကိုေတြ႕ရေၾကာင္း နဲ႔ P9 ရဲ႕ Mono Chrome ကင္မရာလုပ္ေဆာင္ခ်က္ကေတာ့ သူ႔လို အျဖဴအမည္းဓာတ္ပံုရိုက္ရတာဝါသနာပါသူေတြအတြက္ အသံုးအဝင္ဆံုးလုပ္ေဆာင္ခ်က္ပဲ ျဖစ္ေၾကာင္း ကိုေအာင္ေက်ာ္ဝင္းက ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
ကမ္ဘာကျော်ကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းပြီး Dual Camera ထည့်သွင်းကာ စမတ်ဖုန်းကင်မရာနည်းပညာကို အဆင့်တစ်ခုမြှင့်တင်လိုက်တဲ့ Huawei P9 ကို ဓာတ်ပုံပညာရှင်တွေကပါ နှစ်သက်စွာသုံးစွဲလာတာကို တွေ့ရပါတယ်။


ကမ္ဘာကျော်ကင်မရာကုမ္ပဏီ Leica နဲ့ပူးပေါင်းပြီး Dual Camera ထည့်သွင်းကာ စမတ်ဖုန်းကင်မရာနည်းပညာကို အဆင့်တစ်ခုမြှင့်တင်လိုက်တဲ့ Huawei P9 ကို ဓာတ်ပုံပညာရှင်တွေကပါ နှစ်သက်စွာသုံးစွဲလာတာကို တွေ့ရပါတယ်။ အဲဒီလို Huawei P9 ကိုနှစ်သက်စွာသုံးစွဲလာတဲ့ နာမည်ကျော်ဓာတ်ပုံပညာရှင်တွေဖြစ်တဲ့ ကိုအောင်ပြည်စိုး၊ ကိုအောင်သန်းတိုး၊ ကိုထက်အောင်ကျော်၊ ကို Jason Ya ၊ မခိုင်ပွင့်ဖြူ နဲ့ ကိုအောင်ကျော်ဝင်း တို့က သူတု့ိဘာကြောင့် Huawei P9 ကိုနှစ်သက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာနဲ့ပတ်သက်လို့ ပြန်လည်ကောက်နှုတ်ဖော်ပြပေး လိုက်ပါတယ်။

ကိုအောင်ပြည်စိုး

လမ်းမထွက်ပြီးတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ ကင်မရာကြီးနဲ့ဆိုရင် လူတွေကသတိထားမိတဲ့ အတွက် အဆင်မပြေတတ်ဘဲ ဖုန်းနဲ့ရိုက်တဲ့အခါမှာတော့ လူတွေကသိပ်သတိမထားမိတာကြောင့် ကိုယ်လိုချင်တဲ့အနေ အထားမျိုးအတိုင်း ပုံကောင်းတွေကို ရနိုင်ကြောင်း နဲ့ P9 Dual Camera ရဲ့ Mono chrome လုပ်ဆောင်ချက်ကို သဘောကျကြောင်း ကိုအောင်ပြည်စိုးက ပြောပါတယ်။ ဒါ့အပြင် P9 ရဲ့ Mono Chrome လုပ်ဆောင်ချက်ကို အသုံးပြုပြီး ရိုက်ကူးတဲ့ အဖြူ၊အမည်းဓာတ်ပုံတွေဟာဆိုရင် တကယ့်ကင်မရာအကြီးနဲ့ရိုက်သလို အရည်အသွေးပြည့်မီကြောင်းလည်း ကိုအောင်ပြည်စိုးက ပြောကြားခဲ့ပါသေးတယ်။ နောက်ပြီး ဖုန်းနဲ့ရိုက်ထားတဲ့ပုံတွေကို ပုံထုတ်ကြည့်တဲ့အခါမှာလည်း အရည်အသွေးမကျသွားတာကိုတွေ့ရတဲ့အတွက် သဘောကျမိကြောင်း ကိုအောင်ပြည်စိုးက ထပ်လောင်းပြောကြားပါ သေးတယ်။ နိဂုံးချုပ်အနေနဲ့ကိုအောင်ပြည့်စိုးက အထက်ပါအချက်တွေကြောင့် P9 က သူ့ရဲ့လူနေမှုဘဝပုံစံကိုတောင် ပြောင်းလဲပေးနိုင်ခဲ့ကြောင်း မှတ်ချက်ပြုပြောကြားသွားခဲ့ပါတယ်။

ကိုအောင်သန်းတိုး

ကိုအောင်သန်းတိုးကတော့ P9 ကိုသူနှစ်သက်ရတဲ့အချက်တွေကို ပြောကြားရာမှာ သူစင်္ကာပူသွားတုန်းက Huawei P9 က မြန်မာစံတော်ချိန်ရော၊ စင်္ကာပူစံတော်ချိန်ကိုပါ ဖော်ပြပေးတာကြောင့် မြန်မာပြည်မှာကျန်ရစ်ခဲ့တဲ့ မိသားစုဆီကို ဖုန်းဆက်ရတာအပါအဝင် ကိစ္စအတော်များများမှာ အဆင်ပြေသွားခဲ့ကြောင်းပထမဆုံးပြောကြားခဲ့ပါတယ်။ နောက်တစ်ချက်အနေနဲ့ Huawei P9 မှာပါဝင်တဲ့ ဓာတ်ပုံတည်းဖြတ် Application က စွမ်းဆောင်ရည်အလွန်ကောင်းမွန်ပြီး တခြားဖုန်းတွေလို ပြင်ပ ဓာတ်ပုံတည်းဖြတ် Application တွေကိုအသုံးပြုနေဖို့မလိုတော့ကြောင်း ပြောပါတယ်။ နောက်ဆုံးအချက်အနေနဲ့တော့ ကိုအောင်သန်းတိုးက P9 ရဲ့ Finger Print Sensor ဟာ လုပ်ဆောင်ပုံအလွန်လျှင်မြန်ပြီး Sensor ပေါ်ကိုလက်တင်လိုက်ရုံနဲ့ ဖုန်းက Lock ကျနေရာကနေ ချက်ချင်းပွင့်လာကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကိုထက်အောင်ကျော်

P9 ရဲ့ အဓိကအားသားချက်ကသူ့ရဲ့ Leica Dual Camera ဖြစ်ပါတယ်လို့ ပြောကြားခဲ့သူကတော့ ကိုထက်အောင်ကျော်ပါ။ P9 ရဲ့ Dual Camera ဟာဆိုရင် Automated Mode နဲ့ရိုက်ရင်တောင် ပုံရိပ်တွေကအရည်အသွေးကောင်းမွန်ပြီး Professional Mode နဲ့ ရိုက်မယ်ဆိုရင်လည်း Aperture ၊ White Balance ၊ Shutter Speed၊ ISO စတဲ့လုပ်ဆောင်ချက် တွေကို အသေးစိတ်ချိန်ပြီး စိတ်ကြိုက်ရိုက်နိုင်တာကိုနှစ်သက်မိကြောင်း ကိုထက်အောင်ကျော်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် DSLR ကင်မရာတွေနဲ့ရိုက်သလို RAW Format နဲ့ရိုက်ပြီးမှ Setting တွေကိုအသေးစိတ်ပြန်ချိန်နိုင်တဲ့ လုပ်ဆောင်ချက်ကလည်း ဓါတ်ပုံပညာရှင်တွေအတွက် အလွန်အဆင်ပြေတဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်း ကိုထက်အောင်ကျော်က ပြောပါသေးတယ်။

ကို Jason Ya

P9 ရဲ့ Leica ကင်မရာအပြင် Display ကိုလည်းသဘောကျနှစ်သက်တာကတော့ ကို Jason Ya ဖြစ်ပါတယ်။ P9 ရဲ့ Display ဟာနေရောင်အောက်မှာကြည့်တဲ့အခါမှာတောင် မျက်လုံးကိုအားစိုက်စရာမလိုတဲ့အတွက် အရမ်းအဆင် ပြေကြောင်း၊ ဒါကြောင့်ပဲ ခရီးသွားတဲ့အခါမှာ P9 ကိုပဲယူသွားပြီး ဓာတ်ပုံတွေရိုက်ဖြစ်ကြောင်း ကို Jason Ya ကဆိုပါတယ်။ ကင်မရာပိုင်းမှာ Color Temperature ပါဝင်တဲ့အတွက် အရောင်တွေပြန်ချိန်ရတာအဆင်ပြေပြီး Light Painting Effect ကလည်း ညဘက်တွေမှာ Creation Shot တွေရိုက်တဲ့အခါအဆင်ပြေပြီး ထွက်လာတဲ့ ပုံရိပ်တွေကလည်း အားရစရာကောင်းတာကြောင့်နှစ်သက်မိကြောင်း ကို Jason Ya ကပြောကြားခဲ့ပါတယ်။

မခိုင်ပွင့်ဖြူ

မခိုင်ပွင့်ဖြူကတော့ P9 ရဲ့ကင်မရာဟာ DSLR ကင်မရာတွေကထွက်တဲ့ပုံရိပ်အတိုင်းထုတ်ပေးနိုင်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် P9 နဲ့ရိုက်တဲ့ပုံတွေဟာ တခြားစမတ်ဖုန်းတွေနဲ့ရိုက်တဲ့ပုံတွေနဲ့ယှဉ်ရင် အရောင်ပိုမိုစိုပြေတာကြောင့် လည်း P9 ကိုနှစ်သက်မိကြောင်း မခိုင်ပွင့်ဖြူက ပြောပြသွားခဲ့ပါတယ်။

ကိုအောင်ကျော်ဝင်း

အဖြူ၊အမည်းဓာတ်ပုံတွေရိုက်ရတာနှစ်သက်တဲ့ ကိုအောင်ကျော်ဝင်းကလည်း P9 မှာပါဝင်တဲ့ Light Painting လုပ်ဆောင်ချက်ကို သဘောကျတယ်လို့ဆိုပါတယ်။ တခြားဖုန်းတွေမှာ လုပ်ဆောင်ဖို့အဆင်မပြေတဲ့ ကင်မရာလုပ်ဆောင်ချက်တွေကို Huawei P9 မှာ အဆင်ပြေပြေ၊ လွယ်လွယ်ကူကူလုပ်ဆောင်နိုင်တာကိုတွေ့ရကြောင်း နဲ့ P9 ရဲ့ Mono Chrome ကင်မရာလုပ်ဆောင်ချက်ကတော့ သူ့လို အဖြူအမည်းဓာတ်ပုံရိုက်ရတာဝါသနာပါသူတွေအတွက် အသုံးအဝင်ဆုံးလုပ်ဆောင်ချက်ပဲ ဖြစ်ကြောင်း ကိုအောင်ကျော်ဝင်းက ပြောကြားသွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top