Property Expo
×

 ငလ်င္ဒဏ္ေၾကာင့္ ပုဂံေဒသတြင္ ထိခိုက္ပ်က္စီးသည့္ ဘုရားေစတီမ်ား ျပန္လည္ျပဳျပင္ ရန္ ပ်က္စီးဆံုး႐ႈံးမႈမ်ားကို စစ္တမ္းေကာက္ယူျခင္းႏွင့္ အကဲျဖတ္ေလ့လာျခင္းတို႔ ျပဳလုပ္ရာ၌ အသံုးျပဳႏိုင္ရန္ Huawei P9 စမတ္ဖုန္းအလံုးတစ္ရာႏွင့္ က်ပ္သိန္းငါးရာ လွဴဒါန္းမည္ျဖစ္ေၾကာင္း Huawei ျမန္မာမွ သတင္းရရွိသည္။

‘‘ႏိုင္ငံရဲ႕ အမွတ္လကၡဏာ သဖြယ္ျဖစ္တဲ့ ေရွးေဟာင္းသမုိင္း ဝင္အဖိုးတန္နယ္ေျမမ်ားမွာ အခု လို ပ်က္စီးထိခိုက္မႈေတြကို ျမင္ ေတြ႕ခဲ့ရတဲ့အတြက္ ဝမ္းနည္းမိပါ တယ္။ ကြၽန္ေတာ္တို႔ရဲ႕ လွဴဒါန္းမႈ ေတြကေနတစ္ဆင့္ ယဥ္ေက်းမႈ အေမြအႏွစ္နယ္ေျမမ်ားမွာ မူလ အတိုင္း ႐ိုးရာမပ်က္ ျပန္လည္ျပဳ ျပင္မြမ္းမံ ထိန္းသိမ္းေစာင့္ေရွာက္ သြားႏိုင္ဖို႔အတြက္ အားေပးကူညီ သြားမွာပါ’’ဟု Huawei ျမန္မာကုမၸဏီလီမိတက္ အမႈေဆာင္ အရာရွိခ်ဳပ္ Mr.Zhang Liman က ေျပာၾကားသည္။


Huawei အေနျဖင့္ ၎တို႔၏ စမတ္ဖုန္းမ်ားထဲမွ ကင္မရာအ ေကာင္းဆံုး စမတ္ဖုန္းအျဖစ္ရပ္ တည္ေနသည့္ ေက်ာဘက္တြင္ Dual Lens တပ္ဆင္ထားေသာ P9 စမတ္ဖုန္းအလံုးတစ္ရာကို ေရွးေဟာင္းေစတီပုထုိးမ်ားႏွင့္အ ေဆာက္အအံုမ်ား ျပန္လည္ျပဳ ျပင္တည္ေဆာက္ႏိုင္ေရးအတြက္ ယူနက္စကိုႏွင့္ ပူးေပါင္းေဆာင္ ရြက္ေနေသာ ကြၽမ္းက်င္ပညာရွင္ မ်ားအား ေထာက္ပံ့ေပးမည္ျဖစ္ ေၾကာင္း သိရသည္။

 အဆိုပါ စမတ္ဖုန္းမ်ားမွ တစ္ဆင့္ ပ်က္စီးဆံုး႐ႈံးမႈမ်ားကို စစ္တမ္းေကာက္ယူျခင္းႏွင့္ မွတ္ တမ္းတင္အကဲျဖတ္ေလ့လာျခင္း မ်ားအတြက္ အေထာက္အကူျပဳ ႏုိင္မည္ျဖစ္ၿပီး က်ပ္သိန္းငါးရာ ကို ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္း မ်ားတြင္ လိုအပ္သည့္ေနရာ၌ အသံုးျပဳႏိုင္ရန္ လွဴဒါန္းမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

ၾသဂုတ္ ၂၄ ရက္ ညေနက ေခ်ာက္ၿမိဳ႕ အေနာက္ဘက္ ၁၂မိုင္ခန္႔ကို ဗဟိုျပဳ၍ ၆ ဒသမ ၈ ရစ္ခ်္တာစေကးရွိ အင္အားျပင္းငလ်င္တစ္ခုလႈပ္ခတ္ရာ ပုဂံေဒသရွိ ေစတီပုထိုး ၃၉၇ ဆူပ်က္စီးခဲ့ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ထိခိုက်ပျက်စီးသည့် ဘုရားစေတီများ ပြန်လည်ပြုပြင် ရန် ပျက်စီးဆုံးရှုံးမှုများကို စစ်တမ်းကောက်ယူခြင်းနှင့် အကဲဖြတ်လေ့လာခြင်းတို့ ပြုလုပ်ရာ၌ အသုံးပြုနိုင်ရန် Huawei P9 စမတ်ဖုန်းအလုံးတစ်ရာနှင့် ကျပ်သိန်းငါးရာ လှူဒါန်းမည်ဖြစ်ကြောင်း Huawei မြန်မာမှ သတင်းရရှိသည်။

‘‘နိုင်ငံရဲ့ အမှတ်လက္ခဏာ သဖွယ်ဖြစ်တဲ့ ရှေးဟောင်းသမိုင်း ဝင်အဖိုးတန်နယ်မြေများမှာ အခု လို ပျက်စီးထိခိုက်မှုတွေကို မြင် တွေ့ခဲ့ရတဲ့အတွက် ဝမ်းနည်းမိပါ တယ်။ ကျွန်တော်တို့ရဲ့ လှူဒါန်းမှု တွေကနေတစ်ဆင့် ယဉ်ကျေးမှု အမွေအနှစ်နယ်မြေများမှာ မူလ အတိုင်း ရိုးရာမပျက် ပြန်လည်ပြု ပြင်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက် သွားနိုင်ဖို့အတွက် အားပေးကူညီ သွားမှာပါ’’ဟု Huawei မြန်မာကုမ္ပဏီလီမိတက် အမှုဆောင် အရာရှိချုပ် Mr.Zhang Liman က ပြောကြားသည်။


Huawei အနေဖြင့် ၎င်းတို့၏ စမတ်ဖုန်းများထဲမှ ကင်မရာအ ကောင်းဆုံး စမတ်ဖုန်းအဖြစ်ရပ် တည်နေသည့် ကျောဘက်တွင် Dual Lens တပ်ဆင်ထားသော P9 စမတ်ဖုန်းအလုံးတစ်ရာကို ရှေးဟောင်းစေတီပုထိုးများနှင့်အ ဆောက်အအုံများ ပြန်လည်ပြု ပြင်တည်ဆောက်နိုင်ရေးအတွက် ယူနက်စကိုနှင့် ပူးပေါင်းဆောင် ရွက်နေသော ကျွမ်းကျင်ပညာရှင် များအား ထောက်ပံ့ပေးမည်ဖြစ် ကြောင်း သိရသည်။

 အဆိုပါ စမတ်ဖုန်းများမှ တစ်ဆင့် ပျက်စီးဆုံးရှုံးမှုများကို စစ်တမ်းကောက်ယူခြင်းနှင့် မှတ် တမ်းတင်အကဲဖြတ်လေ့လာခြင်း များအတွက် အထောက်အကူပြု နိုင်မည်ဖြစ်ပြီး ကျပ်သိန်းငါးရာ ကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များတွင် လိုအပ်သည့်နေရာ၌ အသုံးပြုနိုင်ရန် လှူဒါန်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၄ ရက် ညနေက ချောက်မြို့ အနောက်ဘက် ၁၂မိုင်ခန့်ကို ဗဟိုပြု၍ ၆ ဒသမ ၈ ရစ်ချ်တာစကေးရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ရာ ပုဂံဒေသရှိ စေတီပုထိုး ၃၉၇ ဆူပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top