Kantharyar Centre
×

Google တက္ဘလက္ပရိတ္သတ္ေတြအတြက္ မေမွ်ာ္လင့္ထားတဲ့ သတင္းေကာင္းတစ္ပုဒ္ ထြက္ေပၚလာျပီ ျဖစ္ပါတယ္။

Google ဟာ Pixel အမွတ္တံဆိပ္နဲ႔ စမတ္ဖုန္းႏွစ္လုံးကို မၾကာမီအခ်ိန္အတြင္းမွာ မိတ္ဆက္သြားေတာ့မွာျဖစ္ျပီး၊ တစ္ခ်ိန္တည္းမွာ ၇ လက္မအရြယ္ တက္ဘလက္တစ္လုံးကိုလည္း ပူးတြဲမိတ္ဆက္သြားဖြယ္ရွိတယ္လုိ႔ သိရပါတယ္။

စမတ္ဖုန္းသတင္းေတြနဲ႔ ပတ္သတ္ျပီး ယုံၾကည္စိတ္ခ်ရတဲ့ Evan Blass ရဲ့ သတင္းေပးမွဳအရ၊ RAM 4GB ပါ အဆုိပါ Google တက္ဘလက္ကို Huawei ကုမၸဏီက ထုတ္လုပ္ေပးထားတာျဖစ္ျပီး၊ ယခုႏွစ္မကုန္ခင္ေလာက္မွာ ထြက္ရွိဖြယ္ရွိတယ္လုိ႔ သိရပါတယ္။

Google ဟာ “Nexus” ဆုိတဲ့ အမွတ္တံဆိပ္နာမည္အစား “Google” ဒါမွမဟုတ္ “Pixel” အမွတ္တံဆိပ္နဲ႔ပဲ ဖုန္းအသစ္ေတြ ထုတ္လုပ္သြားေတာ့မယ္ဆုိတဲ့ အခ်က္ေၾကာင့္၊ ယခုတက္ဘလက္ဟာလည္း Nexus နာမည္နဲ႔ ထြက္ရွိလာဖုိ႔မရွိပါဘူး။

Google တက္ဘလက္ေတြထဲမွာ Nexus 7 က ေအာင္ျမင္မွဳအၾကီးမားဆုံးျဖစ္ျပီး၊ တန္ဖုိးနည္းသလုိ၊ တာရွည္ခံ၊ ဒီဇိုင္းမိုက္၊ အရြယ္အစားကလည္း အိတ္ကပ္ထဲ အလြယ္တကူထည့္ႏိုင္ေလာက္နဲ႔ အေနအထားမွာရွိတာေၾကာင့္ နာမည္ေကာင္းရခဲ့တဲ့ တက္ဘလက္တစ္လုံး ျဖစ္ပါတယ္။ အခုထြက္မယ့္တက္ဘလက္အသစ္ကလည္း Nexus 7 အရြယ္ေလာက္ပဲဆုိေတာ့ Huawei အေနနဲ႔ Nexus 6P လုိမ်ိဳး ေအာင္ျမင္မွဳေတြ ယူေဆာင္ေပးႏိုင္မလားဆုိတာကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

Google အေနနဲ႔ ယခုတက္ဘလက္ကို ေအာက္တိုဘာလ ၄ ရက္ေန႔မွ က်င္းပမယ့္ ကုန္ပစၥည္းအသစ္မိတ္ဆက္ပြဲမွာ တျခားထုတ္ကုန္အသစ္ေတြနဲ႔အတူ တပါတည္းမိတ္ဆက္သြားဖြယ္ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Google တက်ဘလက်ပရိတ်သတ်တွေအတွက် မမျှော်လင့်ထားတဲ့ သတင်းကောင်းတစ်ပုဒ် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Google ဟာ Pixel အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းနှစ်လုံးကို မကြာမီအချိန်အတွင်းမှာ မိတ်ဆက်သွားတော့မှာဖြစ်ပြီး၊ တစ်ချိန်တည်းမှာ ၇ လက်မအရွယ် တက်ဘလက်တစ်လုံးကိုလည်း ပူးတွဲမိတ်ဆက်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

စမတ်ဖုန်းသတင်းတွေနဲ့ ပတ်သတ်ပြီး ယုံကြည်စိတ်ချရတဲ့ Evan Blass ရဲ့ သတင်းပေးမှုအရ၊ RAM 4GB ပါ အဆိုပါ Google တက်ဘလက်ကို Huawei ကုမ္ပဏီက ထုတ်လုပ်ပေးထားတာဖြစ်ပြီး၊ ယခုနှစ်မကုန်ခင်လောက်မှာ ထွက်ရှိဖွယ်ရှိတယ်လို့ သိရပါတယ်။

Google ဟာ “Nexus” ဆိုတဲ့ အမှတ်တံဆိပ်နာမည်အစား “Google” ဒါမှမဟုတ် “Pixel” အမှတ်တံဆိပ်နဲ့ပဲ ဖုန်းအသစ်တွေ ထုတ်လုပ်သွားတော့မယ်ဆိုတဲ့ အချက်ကြောင့်၊ ယခုတက်ဘလက်ဟာလည်း Nexus နာမည်နဲ့ ထွက်ရှိလာဖို့မရှိပါဘူး။

Google တက်ဘလက်တွေထဲမှာ Nexus 7 က အောင်မြင်မှုအကြီးမားဆုံးဖြစ်ပြီး၊ တန်ဖိုးနည်းသလို၊ တာရှည်ခံ၊ ဒီဇိုင်းမိုက်၊ အရွယ်အစားကလည်း အိတ်ကပ်ထဲ အလွယ်တကူထည့်နိုင်လောက်နဲ့ အနေအထားမှာရှိတာကြောင့် နာမည်ကောင်းရခဲ့တဲ့ တက်ဘလက်တစ်လုံး ဖြစ်ပါတယ်။ အခုထွက်မယ့်တက်ဘလက်အသစ်ကလည်း Nexus 7 အရွယ်လောက်ပဲဆိုတော့ Huawei အနေနဲ့ Nexus 6P လိုမျိုး အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Google အနေနဲ့ ယခုတက်ဘလက်ကို အောက်တိုဘာလ ၄ ရက်နေ့မှ ကျင်းပမယ့် ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲမှာ တခြားထုတ်ကုန်အသစ်တွေနဲ့အတူ တပါတည်းမိတ်ဆက်သွားဖွယ်ရှိနေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top