Kantharyar Centre
×





Credit:Thit Htoo Lwin

#Unicode Version
HP ဟာ Window 10 စနစ်သုံး စမတ်ဖုန်းဖြစ်တဲ့ Elite x3 စမတ်ဖုန်းကို အမေရိကန်ပြည်ထောင်စုရဲ့ အွန်လိုင်းစတိုးတွေကနေတစ်ဆင့် ရောင်းချနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပစ္စည်းအနေနဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၈၀၀ ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ထပ်တိုးအနေနဲ့ Elite x3 ဟာ တခြား စပီကတွေ Printer တွေထပ်မံတပ်ဆင်နိုင်ပြီး ဒေါ်လာ ၄၀ နဲ့ ဒေါ်လာ ၃၀ အသီးသီးရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Elite x3 ဟာ ၅.၉၆လက်မ QHD Touchscreen ပါဝင်ပြီး Gorilla Glass 4 ကိုအသုံးပြုထားပါတယ်။ 16 MP ကျောဘက်ကင်မရာနဲ့ 8 MP Selfie ကင်မရာတွေပါဝင်ပါတယ်။ RAM ပမာဏအနေနဲ့ 4GB ပါဝင်ပြီး 64 GB ရှိတဲ့ Internal Storage ကို ထပ်မံချဲ့ထွင်နိုင်ပါတယ်။

ဘက်ထရီကတော့ 4150 mAh ရှိမှာဖြစ်ပြီး Qualcomm Snapdragon 820 Processor ကို Window 10 စနစ်နဲ့ အလုပ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top