Kantharyar Centre
×

Epson ဟာ ဒီအပတ္ထဲမွာပဲ ၿပီးခဲ့တဲ့ႏွစ္ကထုတ္လုပ္ခဲ့တဲ့ ပရုိဂ်က္တာ LS10000 ကုိဆက္ခံတဲ့ ပရုိဂ်က္တာ အမ်ိဳးအစားသစ္ျဖစ္တဲ့ LS10500 ကုိ ေၾကညာခဲ့ပါတယ္။ ေစ်းႏႈန္းအေနနဲ႔ ကေတာ့ ေဒၚလာ ၈၀၀၀ ဆုိတဲ့ တူညီတဲ့ ေစ်းႏႈန္းမွာပဲ ရွိေနၿပီး ပုိမုိေကာင္းမြန္တဲ့ ရုပ္သံအရည္အေသြး High Dynamic Range (HDR) ကုိ ေထာက္ပံ့ထားတာကုိိ ေတြ႔ရွိခဲ့ၾကရပါတယ္။

HDR ရုပ္ထြက္ရွိတာေၾကာင့္ Blu-Ray DVD ေတြကုိ 4K ရုပ္ထြက္နဲ႔ ထုတ္ေဖာ္ႏုိင္ေအာင္ ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ အလင္းထြက္တဲ့ႏႈန္းဟာ 1500 lumens ရွိၿပီး ပါဝင္တဲ့ မီးလံုးဟာ အနည္းဆံုး နာရီေပါင္း ၃၀၀၀၀ခန္႔ၾကာေအာင္ အသံုးျပဳႏုိင္တယ္လို႔သိရပါတယ္။

ဆက္ခံခဲ့တဲ့ မ်ိဳးဆက္ေဟာင္းလုိပဲ LS10500 ဟာ Ultra HD ရုပ္ထြက္ကုိ ထုတ္လုပ္ေပးႏုိင္မွာ ျဖစ္တယ္လုိ႔ Epson ကဆုိထားပါတယ္။ ဒီရုပ္ထြက္မ်ိဳးရရွိႏုိင္ေအာင္ ဂ်ပန္ရဲ႕ Sony ကလည္း လုပ္ေဆာင္ခဲ့ဖူးၿပီး သူတုိ႔ပုိင္ဆုိင္တဲ့ 8 megapixel chip ဟာဆုိရင္ ပံုရိပ္ေတြကုိ Ultra HD ရုပ္ထြက္ရရွိေအာင္ ထုတ္လုပ္ေပးႏုိင္မွာ ျဖစ္တယ္လုိ႔ ဆိုခဲ့ပါတယ္။ ဒါေပမယ့္ Sony ရဲ႕ Projector ဟာ ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၁၅၀၀၀ခန္႔က်သင့္မွာ ျဖစ္တာေၾကာင့္ LS10500 ရဲ႕ေစ်းႏႈန္းနဲ႔ ႏွစ္ဆနီးပါးကြာဟေနတာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Epson ဟာ ဒီအပတ်ထဲမှာပဲ ပြီးခဲ့တဲ့နှစ်ကထုတ်လုပ်ခဲ့တဲ့ ပရိုဂျက်တာ LS10000 ကိုဆက်ခံတဲ့ ပရိုဂျက်တာ အမျိုးအစားသစ်ဖြစ်တဲ့ LS10500 ကို ကြေညာခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ ကတော့ ဒေါ်လာ ၈၀၀၀ ဆိုတဲ့ တူညီတဲ့ ဈေးနှုန်းမှာပဲ ရှိနေပြီး ပိုမိုကောင်းမွန်တဲ့ ရုပ်သံအရည်အသွေး High Dynamic Range (HDR) ကို ထောက်ပံ့ထားတာကိို တွေ့ရှိခဲ့ကြရပါတယ်။

HDR ရုပ်ထွက်ရှိတာကြောင့် Blu-Ray DVD တွေကို 4K ရုပ်ထွက်နဲ့ ထုတ်ဖော်နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အလင်းထွက်တဲ့နှုန်းဟာ 1500 lumens ရှိပြီး ပါဝင်တဲ့ မီးလုံးဟာ အနည်းဆုံး နာရီပေါင်း ၃၀၀၀၀ခန့်ကြာအောင် အသုံးပြုနိုင်တယ်လို့သိရပါတယ်။

ဆက်ခံခဲ့တဲ့ မျိုးဆက်ဟောင်းလိုပဲ LS10500 ဟာ Ultra HD ရုပ်ထွက်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ Epson ကဆိုထားပါတယ်။ ဒီရုပ်ထွက်မျိုးရရှိနိုင်အောင် ဂျပန်ရဲ့ Sony ကလည်း လုပ်ဆောင်ခဲ့ဖူးပြီး သူတို့ပိုင်ဆိုင်တဲ့ 8 megapixel chip ဟာဆိုရင် ပုံရိပ်တွေကို Ultra HD ရုပ်ထွက်ရရှိအောင် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် Sony ရဲ့ Projector ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၅၀၀၀ခန့်ကျသင့်မှာ ဖြစ်တာကြောင့် LS10500 ရဲ့ဈေးနှုန်းနဲ့ နှစ်ဆနီးပါးကွာဟနေတာလည်း ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top