Property Expo
×

Suicide Squad ဇာတ္လမ္းထဲမွာ လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္ေကာင္ Harley Quinn ဟာ တစ္ေယာက္တည္း ပြဲထြက္လာေတာ့မွာပါ။ Harley Quinn အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Margot Robbie ဟာ Warner Bros ထုတ္လုပ္ေရးကုမၼဏီနဲ႔ သေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး သူမဟာ အသစ္ထြက္ရွိလာမယ့္ ဇာတ္လမ္းမွာေတာ့ Joker ဇာတ္ေကာင္နဲ႔အတူ တြဲဖက္ ပါ၀င္လာမွာျဖစ္ပါတယ္။

Suicide Sqaud ဇာတ္လမ္းရဲ ႔ ဇာတ္ညႊန္းတည္ေဆာက္ထားပံုအရ အဓိက ဇာတ္ေကာင္ မဟုတ္ခဲ့ေပမယ့္လည္း Margot Robbie ဟာ တစ္ကမာၻလံုးမွာ ေဒၚလာ သန္း ၇၀၀ အထိ ၀င္ေငြရရွိခဲ့တဲ့ Suicide Squad ဇာတ္လမ္းအတြက္ေတာ့ အဓိက အေၾကာင္းျပခ်က္ တစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အခု အသစ္ထပ္မံ ရိုက္ကူးမယ့္ Harley Quinn ဇာတ္ေကာင္ရဲ ႔ ဇာတ္လမ္းထဲမွာေတာ့ Joker အျဖစ္ Jared Leto ကပဲ ဆက္လက္ သရုပ္ေဆာင္မွာလားဆိုတာကို မသိရေသးသလို ဒီပေရာဂ်က္အတြက္ ဒါရိုက္တာ ဘယ္သူလည္း ဆိုတာကိုလည္း ေျပာျပျခင္းမရွိေသးပါဘူး။

ေနာက္ထပ္ သိရွိခဲ့ရတာ တစ္ခုကေတာ့ Margot Robbie ဟာ ထို Harley Quinn ဇာတ္လမ္းအသစ္ကို သူမရဲ ႔ ကိုယ္ပိုင္ထုတ္လုပ္ေရးလုပ္ငန္းျဖစ္တဲ့ LuckyChap Entertainment ကေန တြဲဖက္ ထုတ္လုပ္သြားမယ္ဆိုတာပါပဲ။ အဲဒီ Harley Quinn ဇာတ္လမ္းအသစ္ကေတာ့ Warner Bros ထုတ္လုပ္ေရးရဲ ႔ ဒုတိယေျမာက္ အမ်ိဳးသမီး ဦးစားေပး စူပါဟီးရိုး ဇာတ္လမ္းျဖစ္လာမွာပါ။ ေနာက္ႏွစ္ထဲမွာလည္း Warner Bros ထုတ္လုပ္ေရးက မင္းသမီး Gal Gadot သရုပ္ေဆာင္ထားတဲ့ Wonder Woman ဇာတ္လမ္းကို ျဖန္႔ခ်ိ တင္ဆက္ေတာ့မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

Suicide Squad ဇာတ်လမ်းထဲမှာ လူကြိုက်များခဲ့တဲ့ ဇာတ်ကောင် Harley Quinn ဟာ တစ်ယောက်တည်း ပွဲထွက်လာတော့မှာပါ။ Harley Quinn အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Margot Robbie ဟာ Warner Bros ထုတ်လုပ်ရေးကုမ္မဏီနဲ့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး သူမဟာ အသစ်ထွက်ရှိလာမယ့် ဇာတ်လမ်းမှာတော့ Joker ဇာတ်ကောင်နဲ့အတူ တွဲဖက် ပါဝင်လာမှာဖြစ်ပါတယ်။

Suicide Sqaud ဇာတ်လမ်းရဲ့ ဇာတ်ညွှန်းတည်ဆောက်ထားပုံအရ အဓိက ဇာတ်ကောင် မဟုတ်ခဲ့ပေမယ့်လည်း Margot Robbie ဟာ တစ်ကမ္ဘာလုံးမှာ ဒေါ်လာ သန်း ၇၀၀ အထိ ဝင်ငွေရရှိခဲ့တဲ့ Suicide Squad ဇာတ်လမ်းအတွက်တော့ အဓိက အကြောင်းပြချက် တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခု အသစ်ထပ်မံ ရိုက်ကူးမယ့် Harley Quinn ဇာတ်ကောင်ရဲ့ ဇာတ်လမ်းထဲမှာတော့ Joker အဖြစ် Jared Leto ကပဲ ဆက်လက် သရုပ်ဆောင်မှာလားဆိုတာကို မသိရသေးသလို ဒီပရောဂျက်အတွက် ဒါရိုက်တာ ဘယ်သူလည်း ဆိုတာကိုလည်း ပြောပြခြင်းမရှိသေးပါဘူး။

နောက်ထပ် သိရှိခဲ့ရတာ တစ်ခုကတော့ Margot Robbie ဟာ ထို Harley Quinn ဇာတ်လမ်းအသစ်ကို သူမရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ LuckyChap Entertainment ကနေ တွဲဖက် ထုတ်လုပ်သွားမယ်ဆိုတာပါပဲ။ အဲဒီ Harley Quinn ဇာတ်လမ်းအသစ်ကတော့ Warner Bros ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် အမျိုးသမီး ဦးစားပေး စူပါဟီးရိုး ဇာတ်လမ်းဖြစ်လာမှာပါ။ နောက်နှစ်ထဲမှာလည်း Warner Bros ထုတ်လုပ်ရေးက မင်းသမီး Gal Gadot သရုပ်ဆောင်ထားတဲ့ Wonder Woman ဇာတ်လမ်းကို ဖြန့်ချိ တင်ဆက်တော့မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top