Property Expo
×









Credit: duwun

#Unicode Version

Gucci က အသစ်ထုတ်လိုက်တဲ့ ဆိတ်မွေးနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်ပါးဟာ ဒေါ်လာ ၁၆၀၀ တန်ပါတယ်။

စီးလိုက်တဲ့အချိန်မှာ ခြေထောက်မှာ ဆံပင်ပေါက်နေသလို ဖြစ်နေတဲ့ အဲဒီဖိနပ်ကို Milan Fashion Week မှာ ပထမဆုံး စီးပြခဲ့တာ ဖြစ်ပါတယ်။

ဒီဖိနပ်ကို သင်ဝယ်ချင်တယ်ဆိုရင်တောင် စောင့်ရပါဦးမယ်။ အခုလောလောဆယ်တော့ ရောင်းလို့ ကုန်သွားပါပြီ။

ဒီလိုဖိနပ်တွေဟာ ပေါ့ပါးလွတ်လပ်တဲ့ စကပ်လေးတွေ ဒါမှမဟုတ် ဂျင်းဝတ်စုံလေးတွေနဲ့ အလိုက်ဆက်ဆုံးပဲလို့ ဆိုပါတယ်။

ဒါပေမဲ့ ရောင်းကုန်တယ်ဆိုတာကိုတောင် ပရိသတ်က စဉ်းစားမရဖြစ်နေပါတယ်။ ဈေးကကြီးတဲ့အပြင် ဆံပင်မွေးတွေ လျှပ်တိုက်နေမယ့် ဖိနပ်ကို ဘယ်လိုလူမျိုးတွေ စီးကြမလဲ မသိပါဘူး။

တွစ်တာအသုံးပြုသူတွေက အဲဒီဆံပင်ဖိနပ်ကို လှောင်ပြောင်ထားကြပါတယ်။

ဒေါ်နယ်ထရန့်ကို မနှစ်သက်သူတစ်ဦးကဆိုရင် Gucci က ဒေါ်နယ်ထရန့်ရဲ့ဆံပင်နဲ့ ဖိနပ်လုပ်လိုက်တယ်လို့ နောက်ပြောင်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top