Property Expo
×






Credit : Duwun

#Unicode Version

စက်တင်ဘာလ ၆ ရက်ညမှာ ကျင်းပတဲ့ GQ Men of the Year ဆုပေးပွဲမှာ ကယ်ဗင်ဟားရစ်က Patron Solo Artist Of The Year ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော့်ရဲ့ မန်နေဂျာ မာ့ခ်ဂီလီစိုင်ကို အရမ်းကောင်းခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်။ ဒီနှစ်ထဲမှာ အများကြီးဖြတ်ကျော်ခဲ့ရသလို အများကြီး ရှာဖွေတွေ့ရှိခဲ့ရတယ်" လို့ သူက ဆိုပါတယ်။

ကယ်ဗင်ဟားရစ်ဟာ ပြီးခဲ့တဲ့လက ဝင်ငွေအကောင်းဆုံး ဒီဂျေသမားအဖြစ် သတ်မှတ်ခံရသလို MTV Video ဂီတဆုပေးပွဲမှာလည်း အကောင်းဆုံး အမျိုးသားဗီဒီယိုဆုကို ရရှိခဲ့ပါတယ်။

၁၅ လကြာ တေလာဆွစ်နဲ့ ချစ်သူဖြစ်ခဲ့ပြီး လူတွေအားကျရတဲ့ အချစ်ရေးဖြစ်ခဲ့ပေမဲ့ ရုတ်တရက်အချစ်ရေး အဆုံးသတ်သွားခဲ့ပြီး နှစ်ပတ်အကြာ တေလာဆွစ်က တွမ်ဟစ်ဒယ်လ်စတန်နဲ့ ချစ်ဇာတ်လမ်းသစ် စခဲ့တဲ့အတွက် ကယ်ဗင်ဟားရစ်မှာ ဒေါသထွက်ခဲ့ရပါသေးတယ်။

တိုက်ဆိုင်လှစွာပဲ တေလာဆွစ်က တွမ်ဟစ်ဒယ်လ်စတန်နဲ့ ပြတ်သွားပြီဖြစ်ကြောင်းကို ကယ်ဗင်ဟားရစ် GQ ဆုယူခဲ့တဲ့ ညမှာပဲ ကြေညာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top