Kantharyar Centre
×

ျပီးခဲ့တဲ့ႏွစ္ေတြတုန္းက Google ထုတ္လုပ္ခဲ့တဲ့ Android စနစ္သံုးဖုန္းေတြဟာ တကယ့္အရည္အေသြးျပည့္တဲ့ ဖုန္းေတြကုိေတြ႔ျမင္ခဲ့ရေပမယ့္ ေစ်းႏႈန္းႀကီးျမွင့္မႈေၾကာင့္ ဝယ္ယူဖုိ႔အတြက္ မတတ္ႏုိင္ျဖစ္ခဲ့ၾကပါတယ္။ Nexus 6 ဖုန္းဟာ ေဒၚလာ ၆၄၉ရွိၿပီး ေစ်းအႀကီးဆံုးျဖစ္ခဲ့ပါတယ္။

ယခုတစ္ဖန္လည္း Android Police ရဲ႕ သတင္းတစ္ရပ္အရ Google ရဲ႕ HTC ကုမၸဏီက ထုတ္လုပ္ေပးမယ့္ စမတ္ဖုန္းဟာ (သတင္းေတြအရ နာမည္မွာ Pixel ႏွင့္ Pixel XL) ယမန္ႏွစ္ကလုိပဲ ေဒၚလာ ၆၅၀နဲ႔ စတင္ဖြယ္ရွိေနပါတယ္။

ဒါဟာဆုိရင္ လက္ရွိ Mainstream က ပစၥည္းေတြျဖစ္တဲ့ iPhone 7 နဲ႔ Galaxy S7 တုိ႔နဲ႔ တန္းတူေလာက္ရွိေနတာၿပီး ယခင္ႏွစ္ကထုတ္လုပ္ခဲ့တဲ့ Nexus 6P ရဲ႕ ေဒၚလာ ၅၀၀ထက္မ်ားျပားေနခဲ့ပါတယ္။

လက္ရွိအထိ ဘယ္လုိစြမ္းေဆာင္ရည္ေတြရွိေနမယ္ဆုိတာ မသိရေသးပါဘူး။ ဒါေပမယ့္ CEO ျဖစ္သူ Sandar Pichai ရဲ႕ေျပာၾကားခ်က္အရေတာ့ Google ရဲ႕အနာဂါတ္ဖုန္းအေနနဲ႔ သာမန္ဖုန္းေတြထက္ ပုိမုိထူးျခားဆန္းသစ္ေစမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ပြီးခဲ့တဲ့နှစ်တွေတုန်းက Google ထုတ်လုပ်ခဲ့တဲ့ Android စနစ်သုံးဖုန်းတွေဟာ တကယ့်အရည်အသွေးပြည့်တဲ့ ဖုန်းတွေကိုတွေ့မြင်ခဲ့ရပေမယ့် ဈေးနှုန်းကြီးမြှင့်မှုကြောင့် ဝယ်ယူဖို့အတွက် မတတ်နိုင်ဖြစ်ခဲ့ကြပါတယ်။ Nexus 6 ဖုန်းဟာ ဒေါ်လာ ၆၄၉ရှိပြီး ဈေးအကြီးဆုံးဖြစ်ခဲ့ပါတယ်။

ယခုတစ်ဖန်လည်း Android Police ရဲ့ သတင်းတစ်ရပ်အရ Google ရဲ့ HTC ကုမ္ပဏီက ထုတ်လုပ်ပေးမယ့် စမတ်ဖုန်းဟာ (သတင်းတွေအရ နာမည်မှာ Pixel နှင့် Pixel XL) ယမန်နှစ်ကလိုပဲ ဒေါ်လာ ၆၅၀နဲ့ စတင်ဖွယ်ရှိနေပါတယ်။

ဒါဟာဆိုရင် လက်ရှိ Mainstream က ပစ္စည်းတွေဖြစ်တဲ့ iPhone 7 နဲ့ Galaxy S7 တို့နဲ့ တန်းတူလောက်ရှိနေတာပြီး ယခင်နှစ်ကထုတ်လုပ်ခဲ့တဲ့ Nexus 6P ရဲ့ ဒေါ်လာ ၅၀၀ထက်များပြားနေခဲ့ပါတယ်။

လက်ရှိအထိ ဘယ်လိုစွမ်းဆောင်ရည်တွေရှိနေမယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် CEO ဖြစ်သူ Sandar Pichai ရဲ့ပြောကြားချက်အရတော့ Google ရဲ့အနာဂါတ်ဖုန်းအနေနဲ့ သာမန်ဖုန်းတွေထက် ပိုမိုထူးခြားဆန်းသစ်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top