Property Expo
×
Credit: duwun
#Unicode Version
ကမ္ဘာလှည့်ခရီးသွားသူတွေအတွက် အသုံးတည့်စေမယ့် App အသစ်ကို Google က စက်တင်ဘာ ၁၉ ရက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ Google ရဲ့ ခရီးသွား App အသစ်ကို Trips လို့ အမည်ပေးထားပြီး ကမ္ဘာတစ်ဝန်း ခရီးသွားလာသူတွေအတွက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
အခမဲ့ ရယူနိုင်တဲ့ Googel Trips ကို Android နဲ့ iOS နှစ်မျိုးုလုံးမှာ အသုံးပြုနိုင်ပါတယ်။ Trips မှာ လေယာဉ်လက်မှတ်ဝယ်ယူမှု၊ ဟိုတယ်ငှားရမ်းမှုတွေ လုပ်ဆောင်နိုင်ပြီး မြို့ပေါင်း ၂၀၀ ကျော်နဲ့ပတ်သက်တဲ့ ခရီးသွားလမ်းညွှန်တွေကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မြို့များအလိုက် လည်ပတ်စရာကောင်းတဲ့ နေရာများ၊ စားသောက်ဖွယ်ရာများနဲ့ မြေပုံအညွန်းတွေကိုလည်း စုံလင်စွာ ကြည့်ရှုသိရှိနိုင်မယ်လို့ ဆိုပါတယ်။ Trips အသုံးပြုသူတွေက ညွန်းဆိုထားတဲ့ လည်ပတ်လို့ကောင်းတဲ့ နေရာတွေကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ Trips App ကို Google အကောင့်ဖြင့် ဝင်ရောက်အသုံးပြုနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top