Kantharyar Centre
×






Credit: duwun

#Unicode Version

Godfather နဲ့ Bodyguard ကားတွေမှာ ပါခဲ့တဲ့ အိမ်ကြီးကို ဒေါ်လာ ၁၉၅ သန်းနဲ့ ရောင်းချတော့မယ်လို့ သိရပါတယ်။

Beverly House လို့ခေါ်တဲ့ အဆိုပါအိမ်ကြီးဟာ ဂျွန်အက်ကနေဒီနဲ့ သူ့ဇနီးဖြစ်သူတို့ ပျားရည်ဆမ်းခရီးထွက်စဉ်က လာရောက်အနားယူခဲ့တဲ့ အိမ်ကြီးလည်း ဖြစ်ပါတယ်။ အိမ်ကြီးကို ၁၉၂၀ ခုနှစ်တွေက တည်ဆောက်ခဲ့တာဖြစ်ပြီး ခြံဧကအကျယ်ဟာ စတုရန်းပေ ငါးသောင်းရှိတယ်လို့ သိရပါတယ်။

လက်ရှိပိုင်ရှင်ဖြစ်တဲ့ ရှေ့နေနဲ့ စီးပွားရေးလုပ်ငန်းရှင် လီယိုနာ့ဒ်ရို့စ်က ၁၉၇၆ ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က အိမ်ကြီးကို ပြန်ရောင်းဖို့ သူက စီစဉ်ခဲ့ဖူးပြီး အဆိုပါအချိန်တုန်းက ဝယ်လက်ကို အိမ်တွင်းလိုက်ပြတာတင် ၂ နာရီကြာခဲ့တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top