Property Expo
×

"ရန္ကုန္ၿမိဳေတာ္စည္ပင္နဲ႔ သက္ဆိုင္မယ္ထင္တယ္"

အျမင္မေတာ္တာနဲ႔ မျဖစ္သင့္မျဖစ္ထိုက္တာ ေတြ႕ေနရပါတယ္ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ မ်က္ျမင္ကိုယ္ေတြ႕မို႔တင္ျပလိုက္တာပါ။

ဒီေန(11.9.16)မနက္ လယ္ယာေျမ အသိမ္းခံရတဲ့ လယ္သမားေတြက ပညာေပးေဟာေျပာဘို႔ ဖိတ္ၾကားလို႔ေမွာ္ဘီအသြား သမိုင္းလမ္းဆုံမီးပြိဳင့္မွာ အျမင္မေတာ္တာပါ စည္ပင္ပိုင္တယ္လို႔ေျပာတဲ့ အျပာေရာင္အေဆာက္အဦးႀကီးရဲ႕ နံရံမွာတပ္ဆင္ထားတဲ (gard wire)စက္ဝိုင္းပုံသံဆူးႀကိဳးဟာ အလြန္က်ဥ္းေျမာင္းတဲ့ (2')သာက်ယ္တဲ့လမ္းေပၚအျမင့္(5')မွာ အျပင္ထြက္ေနတာမို႔ လမ္းသြားျပည္သူေတြအနၱရာယ္ေတြ႕ၾကဳံေနရပါတယ္။ မ်က္ႏွာ မ်က္စိနဲ႔တစ္တန္းတည္းအျမင့္မို႔ မ်က္လုံးအတြက္အနၱရာယ္ပါ။ ခရီးသြားျပည္သူတစ္ဦးမ်က္စိေရွ႕မွာ ဒုကၡေရာက္လို႔ ဒီ post ကိုေရးျဖစ္တာပါ။


လမ္းသြားျပည္သူေတြမွာေရြးစရာမရွိပါဘူး လမ္းေကြ႕ေၾကာမို႔ လမ္ဆုံႀကီးမို႔ ခဲရာခဲစစ္သြားေနရပါတယ္။ စည္ပင္ပိုင္အေဆာက္အဦးလို႔ေျပာပါတယ္။ မၾကာခင္ ဦးပိုင္က စစ္တပ္ပိုင္ေဆးရုံႀကီး GTI ဝင္းထဲကေန ဒီအေဆာက္အဦးကိုေျပာင္မွာလို႔လဲ သိရပါတယ္။ ယခုေလာေလာဆယ္ေတာ့ မ်က္စိကုေဆးရုံလို႔သိရပါတယ္။
ျပည္သူေတြေဘးကင္းဘို႔ သက္ဆိုင္သူေတြ ေဆာင္ရြက္ေပးပါလို႔ ေမတၱာရပ္ခံပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily


#Unicode version
"ရန်ကုန်မြိုတော်စည်ပင်နဲ့ သက်ဆိုင်မယ်ထင်တယ်"

အမြင်မတော်တာနဲ့ မဖြစ်သင့်မဖြစ်ထိုက်တာ တွေ့နေရပါတယ် နိုင်ငံသားတစ်ယောက်အနေနဲ့ မျက်မြင်ကိုယ်တွေ့မို့တင်ပြလိုက်တာပါ။

ဒီနေ(11.9.16)မနက် လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေက ပညာပေးဟောပြောဘို့ ဖိတ်ကြားလို့မှော်ဘီအသွား သမိုင်းလမ်းဆုံမီးပွိုင့်မှာ အမြင်မတော်တာပါ စည်ပင်ပိုင်တယ်လို့ပြောတဲ့ အပြာရောင်အဆောက်အဦးကြီးရဲ့ နံရံမှာတပ်ဆင်ထားတဲ (gard wire)စက်ဝိုင်းပုံသံဆူးကြိုးဟာ အလွန်ကျဉ်းမြောင်းတဲ့ (2')သာကျယ်တဲ့လမ်းပေါ်အမြင့်(5')မှာ အပြင်ထွက်နေတာမို့ လမ်းသွားပြည်သူတွေအန္တရာယ်တွေ့ကြုံနေရပါတယ်။ မျက်နှာ မျက်စိနဲ့တစ်တန်းတည်းအမြင့်မို့ မျက်လုံးအတွက်အန္တရာယ်ပါ။ ခရီးသွားပြည်သူတစ်ဦးမျက်စိရှေ့မှာ ဒုက္ခရောက်လို့ ဒီ post ကိုရေးဖြစ်တာပါ။

လမ်းသွားပြည်သူတွေမှာရွေးစရာမရှိပါဘူး လမ်းကွေ့ကြောမို့ လမ်ဆုံကြီးမို့ ခဲရာခဲစစ်သွားနေရပါတယ်။ စည်ပင်ပိုင်အဆောက်အဦးလို့ပြောပါတယ်။ မကြာခင် ဦးပိုင်က စစ်တပ်ပိုင်ဆေးရုံကြီး GTI ဝင်းထဲကနေ ဒီအဆောက်အဦးကိုပြောင်မှာလို့လဲ သိရပါတယ်။ ယခုလောလောဆယ်တော့ မျက်စိကုဆေးရုံလို့သိရပါတယ်။
ပြည်သူတွေဘေးကင်းဘို့ သက်ဆိုင်သူတွေ ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top