Property Expo
×

အနာဂတ္ Galaxy Note မ်ားအတြက္ S-Pen တစ္ခုတြင္ စပီကာတစ္ခု ေပါင္းစပ္ပါဝင္မည့္ တီထြင္ဆန္းသစ္ေသာ ဒီဇိုင္းတစ္ခုကိုျပသထားသည့္ Samsung မူပိုင္ခြင့္တစ္ခုအား အေမရိကန္ မူပိုင္ခြင့္ႏွင့္အမွတ္တံဆိပ္ဌာနမွ ထုတ္ျပန္ေၾကညာခဲ့သည္။
အဆိုပါ မူပိုင္ခြင့္အရ စပီကာထြက္ေပါက္မ်ားသည္ Note S-Pen ကိုယ္ထည္တြင္ ေပါင္းစပ္ပါဝင္လာမည္ ျဖစ္သည္။ ထို႔အျပင္ စပီကာအလုပ္လုပ္ပံု နည္းလမ္းႏွစ္ခုကိုလည္း မူပိုင္ခြင့္တြင္ ေဖာ္ျပခဲ့သည္။ ပထမနည္းလမ္းမွာ S-Pen ကို Galaxy Note ကိုယ္ထည္တြင္ ထည့္သြင္းထားသည့္အခါ အသံက S-Pen ၏ ထိပ္ဘက္မွ ထြက္ေပၚလာမည္ျဖစ္သည္။ အကယ္၍ S-Pen ကို Note device မွ ဖယ္ရွားလိုက္သည့္အခါတြင္ အသံက အတြင္းပိုင္းစပီကာမွ ထြက္ေပၚလာမည္ျဖစ္သည္။

အကယ္၍ ၎မူပိုင္ခြင့္ကို အနာဂတ္တြင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့ပါက ျဖဳတ္ႏိုင္တပ္ႏိုင္သည့္ S-Pen စပီကာမွာ လက္ရိွ Galaxy Note 7 တြင္ pen slot အနီးတြင္ရိွသည့္ စပီကာေပါက္ေနရာကို အစားထိုးႏိုင္ဖြယ္ရိွသည္။ ထို႔အျပင္ ေရစိုခံသည့္ထုတ္ကုန္ဟူေသာ ဂုဏ္ပုဒ္ကို ဆက္လက္ထိန္းသိမ္းႏိုင္ရန္အတြက္ Samsung က S-Pen ရိွ စပီကာကို ေရစိုဒဏ္ခံႏိုင္ေစရန္ ျပဳလုပ္ရမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Internet Journal

#Unicode Version
အနာဂတ် Galaxy Note များအတွက် S-Pen တစ်ခုတွင် စပီကာတစ်ခု ပေါင်းစပ်ပါဝင်မည့် တီထွင်ဆန်းသစ်သော ဒီဇိုင်းတစ်ခုကိုပြသထားသည့် Samsung မူပိုင်ခွင့်တစ်ခုအား အမေရိကန် မူပိုင်ခွင့်နှင့်အမှတ်တံဆိပ်ဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ မူပိုင်ခွင့်အရ စပီကာထွက်ပေါက်များသည် Note S-Pen ကိုယ်ထည်တွင် ပေါင်းစပ်ပါဝင်လာမည် ဖြစ်သည်။ ထို့အပြင် စပီကာအလုပ်လုပ်ပုံ နည်းလမ်းနှစ်ခုကိုလည်း မူပိုင်ခွင့်တွင် ဖော်ပြခဲ့သည်။ ပထမနည်းလမ်းမှာ S-Pen ကို Galaxy Note ကိုယ်ထည်တွင် ထည့်သွင်းထားသည့်အခါ အသံက S-Pen ၏ ထိပ်ဘက်မှ ထွက်ပေါ်လာမည်ဖြစ်သည်။ အကယ်၍ S-Pen ကို Note device မှ ဖယ်ရှားလိုက်သည့်အခါတွင် အသံက အတွင်းပိုင်းစပီကာမှ ထွက်ပေါ်လာမည်ဖြစ်သည်။

အကယ်၍ ၎င်းမူပိုင်ခွင့်ကို အနာဂတ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါက ဖြုတ်နိုင်တပ်နိုင်သည့် S-Pen စပီကာမှာ လက်ရှိ Galaxy Note 7 တွင် pen slot အနီးတွင်ရှိသည့် စပီကာပေါက်နေရာကို အစားထိုးနိုင်ဖွယ်ရှိသည်။ ထို့အပြင် ရေစိုခံသည့်ထုတ်ကုန်ဟူသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် Samsung က S-Pen ရှိ စပီကာကို ရေစိုဒဏ်ခံနိုင်စေရန် ပြုလုပ်ရမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Internet Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top