Property Expo
×

 ျပည္တြင္းရွိ Galaxy Note 7 ကိုင္ေဆာင္ထားသူမ်ား ဖုန္းပါ၀ါပိတ္၍ အစားထိုးလဲလွယ္ ေပးသည့္အစီအစဥ္တြင္ အျမန္ ဆံုးပါ၀င္ရန္ ဆမ္ေဆာင္းျမန္မာ က စက္တင္ဘာ ၁၂ ရက္၌ သ တင္းထုတ္ျပန္သည္။

ဆမ္ေဆာင္းျမန္မာသည္ Galaxy Note 7 ႏွင့္ပတ္သက္၍ ဘက္ထရီဆဲလ္ ခ်ိဳ႕ယြင္းခ်က္ ေၾကာင့္ သံုးစဲြသူမ်ား၏ အဆင္မ ေျပမႈႏွင့္ အခက္အခဲမ်ားကိုေလွ်ာ့ ခ်ေပးႏုိင္ရန္္ ပို႔ကုန္ပစၥည္းမ်ားကို အလ်င္အျမန္ရရွိႏုိင္ေရး ေဆာင္ ရြက္ေနေၾကာင္း သတင္းထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားသည္။

‘‘ကၽြန္ေတာ္တုိ႔ရဲ႕ ပထမဦး စားေပးနံပါတ္(၁)အခ်က္ကေတာ့ သံုးစဲြသူတို႔ရဲ႕ လံုၿခံဳေရးပဲျဖစ္ပါ တယ္။ သံုးစဲြသူေတြအေနနဲ႔ လက္ ရွိကုိင္ေဆာင္ေနတဲ့ Galaxy Note 7 ဖုန္းေတြကို ပါ၀ါပိတ္ၿပီး အျမန္ ဆံုးလာေရာက္လဲလွယ္ေပးၾကဖို႔ ေတာင္းဆုိလိုပါတယ္’’ ဟု ဆမ္ ေဆာင္းအီလက္ထရြန္နစ္၏ မုိ ဘုိင္းဆက္သြယ္ေရး စီးပြားေရး ဆိုင္ရာဥကၠ႒ DJ Koh က ေျပာ ၾကားသည္။

ဆမ္ေဆာင္း ျမန္မာသည္ ေအာက္တိုဘာလဆန္းရက္မ်ား တြင္ အစားထိုးလဲလွယ္ေပးမည့္ ပစၥည္းအသစ္ေရာက္ရွိမည္ဟု သ တင္းထုတ္ျပန္ထားေသာ္လည္း ရက္အတိအက်ကုိ ထုတ္ျပန္ေၾက ညာျခင္းမရွိေသးေပ။

ဆမ္ေဆာင္းျမန္မာသည္ ကေမၻာဇဘဏ္မွတစ္ဆင့္ ႀကိဳ တင္အမွာ (Pre-Order) အစီအ စဥ္ျဖင့္ ၀ယ္ယူထားသူမ်ားအား ဆက္သြယ္အေၾကာင္းၾကားေနၿပီး လက္ရွိ၀ယ္ယူသံုးစဲြေနသူမ်ားကို လည္း မူလ၀ယ္ယူခဲ့သည့္ဆုိင္ကုိ သြားေရာက္လဲလွယ္ရန္ အိုင္တီ ႏွင့္ မိုဘိုင္းဌာနအႀကီးအကဲ ဦးဇာ နည္၀င္းထက္က ေျပာၾကားသည္။

ဆမ္ေဆာင္း ျမန္မာသည္ ျပည္တြင္းေစ်းကြက္၌ ေရာင္းခ် ထားေသာ Galaxy Note 7 အ လံုးအေရအတြက္ အတိအက်ကုိ စာရင္းမထုတ္ျပန္ေသာ္လည္း ရာ ဂဏန္းမွ် ေရာင္းခ်ထားၿပီးျဖစ္ သည္ဟု တရား၀င္ေျပာၾကားထား သည္။

ဆမ္ေဆာင္းအမွတ္တံဆိပ္ အေရာင္းျပခန္း (Showroom)မွ ၀ယ္ယူသည္ျဖစ္ေစ၊ မ၀ယ္ယူ သည္ျဖစ္ေစ တရား၀င္ (Official) ျဖစ္ပါက ပစၥည္းအသစ္ျဖင့္ လဲ လွယ္ႏုိင္ေၾကာင္းႏွင့္ ကေမၻာဇ ဘဏ္ျဖင့္ ခ်ိတ္ဆက္၍ ႀကိဳတင္ အမွာျဖင့္ ၀ယ္ယူထားသူမ်ားအ ေနျဖင့္ ပစၥည္းေရာက္ရွိလာခ်ိန္ အထိ မေစာင့္ဆုိင္းလိုပါက စက္ တင္ဘာ ၇ ရက္မွ ၁၈ ရက္အတြင္း ဘဏ္အေကာင့္၊ လက္ေဆာင္ အိတ္အပါအ၀င္ ဖုန္းဘူးအျပည့္ အစံုေဘာက္ခ်ာမူရင္းတို႔ ျပသကာ ေငြျပန္ထုတ္ယူႏုိင္ေၾကာင္း သတင္းထုတ္ျပန္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 ပြည်တွင်းရှိ Galaxy Note 7 ကိုင်ဆောင်ထားသူများ ဖုန်းပါဝါပိတ်၍ အစားထိုးလဲလှယ် ပေးသည့်အစီအစဉ်တွင် အမြန် ဆုံးပါဝင်ရန် ဆမ်ဆောင်းမြန်မာ က စက်တင်ဘာ ၁၂ ရက်၌ သ တင်းထုတ်ပြန်သည်။

ဆမ်ဆောင်းမြန်မာသည် Galaxy Note 7 နှင့်ပတ်သက်၍ ဘက်ထရီဆဲလ် ချို့ယွင်းချက် ကြောင့် သုံးစွဲသူများ၏ အဆင်မ ပြေမှုနှင့် အခက်အခဲများကိုလျှော့ ချပေးနိုင်ရန် ပို့ကုန်ပစ္စည်းများကို အလျင်အမြန်ရရှိနိုင်ရေး ဆောင် ရွက်နေကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

‘‘ကျွန်တော်တို့ရဲ့ ပထမဦး စားပေးနံပါတ်(၁)အချက်ကတော့ သုံးစွဲသူတို့ရဲ့ လုံခြုံရေးပဲဖြစ်ပါ တယ်။ သုံးစွဲသူတွေအနေနဲ့ လက် ရှိကိုင်ဆောင်နေတဲ့ Galaxy Note 7 ဖုန်းတွေကို ပါဝါပိတ်ပြီး အမြန် ဆုံးလာရောက်လဲလှယ်ပေးကြဖို့ တောင်းဆိုလိုပါတယ်’’ ဟု ဆမ် ဆောင်းအီလက်ထရွန်နစ်၏ မို ဘိုင်းဆက်သွယ်ရေး စီးပွားရေး ဆိုင်ရာဥက္ကဋ္ဌ DJ Koh က ပြော ကြားသည်။

ဆမ်ဆောင်း မြန်မာသည် အောက်တိုဘာလဆန်းရက်များ တွင် အစားထိုးလဲလှယ်ပေးမည့် ပစ္စည်းအသစ်ရောက်ရှိမည်ဟု သ တင်းထုတ်ပြန်ထားသော်လည်း ရက်အတိအကျကို ထုတ်ပြန်ကြေ ညာခြင်းမရှိသေးပေ။

ဆမ်ဆောင်းမြန်မာသည် ကမ္ဘောဇဘဏ်မှတစ်ဆင့် ကြို တင်အမှာ (Pre-Order) အစီအ စဉ်ဖြင့် ဝယ်ယူထားသူများအား ဆက်သွယ်အကြောင်းကြားနေပြီး လက်ရှိဝယ်ယူသုံးစွဲနေသူများကို လည်း မူလဝယ်ယူခဲ့သည့်ဆိုင်ကို သွားရောက်လဲလှယ်ရန် အိုင်တီ နှင့် မိုဘိုင်းဌာနအကြီးအကဲ ဦးဇာ နည်ဝင်းထက်က ပြောကြားသည်။

ဆမ်ဆောင်း မြန်မာသည် ပြည်တွင်းဈေးကွက်၌ ရောင်းချ ထားသော Galaxy Note 7 အ လုံးအရေအတွက် အတိအကျကို စာရင်းမထုတ်ပြန်သော်လည်း ရာ ဂဏန်းမျှ ရောင်းချထားပြီးဖြစ် သည်ဟု တရားဝင်ပြောကြားထား သည်။

ဆမ်ဆောင်းအမှတ်တံဆိပ် အရောင်းပြခန်း (Showroom)မှ ဝယ်ယူသည်ဖြစ်စေ၊ မဝယ်ယူ သည်ဖြစ်စေ တရားဝင် (Official) ဖြစ်ပါက ပစ္စည်းအသစ်ဖြင့် လဲ လှယ်နိုင်ကြောင်းနှင့် ကမ္ဘောဇ ဘဏ်ဖြင့် ချိတ်ဆက်၍ ကြိုတင် အမှာဖြင့် ဝယ်ယူထားသူများအ နေဖြင့် ပစ္စည်းရောက်ရှိလာချိန် အထိ မစောင့်ဆိုင်းလိုပါက စက် တင်ဘာ ၇ ရက်မှ ၁၈ ရက်အတွင်း ဘဏ်အကောင့်၊ လက်ဆောင် အိတ်အပါအဝင် ဖုန်းဘူးအပြည့် အစုံဘောက်ချာမူရင်းတို့ ပြသကာ ငွေပြန်ထုတ်ယူနိုင်ကြောင်း သတင်းထုတ်ပြန်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top