Property Expo
×

ကိုရီးယားထိပ္တန္း စမတ္ဖုန္းကုမၸဏီဆမ္ေဆာင္းဟာ သူတို႔ရဲ႕အသစ္ထြက္ဖုန္းေမာ္ဒယ္ Galaxy Note 7 ဖုန္းေတြမွာ အပူလြန္ကဲတာနဲ႔ မီးေလာင္ေပါက္ကြဲတဲ့ျပႆနာေတြရွိေနတဲ့အတြက္ ကမၻာတဝန္းမွာေရာင္းခ်ထားခဲ့တဲ့ ယင္းဖုန္းေတြကို ျပန္လည္သိမ္းယူခဲ့ရတာေၾကာင့္ အေမရိကန္ေဒၚလာ ၂၅ ဘီလ်ံခန္႔အထိဆံုးရံႈးခဲ့ရပါတယ္။

ဆမ္ေဆာင္း ကုမၸဏီရဲ႕ရွယ္ယာေစ်းႏႈန္းဟာ ၇ ရာခိုင္ႏႈန္းက်ဆင္းသြားခဲ့ျပီး ေစ်းကြက္တန္ဖိုး အေမရိကန္ေဒၚလာ ၂၅ ဘီလ်ံ ခန္႔အထိ နစ္နာခဲ့ရတာျဖစ္ပါတယ္။ ဆမ္ေဆာင္းကုမၸဏီက သူတို႔ရဲ႕ Galaxy Note 7 ဖုန္းေတြကို ျပန္လည္သိမ္းဆည္းျပီး ေငြျပန္အမ္းေပးတာ၊ အသစ္တစ္လုံးနဲ႔ျပန္လဲေပးတာတို႔လုပ္ေဆာင္သြားဖို႔ ဆံုးျဖတ္ခဲ့တာပါ။

ဘက္ထရီခ်ိဳ႕ယြင္းခ်က္ပါဝင္သြားတဲ့ Galaxy Note 7 ဖုန္းေတြမွာ အဲဒီလို အပူလြန္ကဲတာနဲ႔ မီးေလာင္ေပါက္ကြဲတာေတြ ျဖစ္ေပၚတာျဖစ္ျပီး အဲဒီလိုျဖစ္တဲ့ဖုန္းအလံုးေရက ၁ ရာခိုင္ႏႈန္းခန္႔သာရွိေပမဲ့ ဘက္ထရီခ်ိဳ႕ယြင္းခ်က္ရွိေနတဲ့ ဖုန္းေတြက ဘယ္ႏိုင္ငံ၊ ဘယ္ေဒသမွာရွိေနတယ္ဆုိတာ ေဖာ္ထုတ္ဖို႔ မလြယ္ကူေတာ့တာေၾကာင့္ အားလံုးကိုျပန္သိမ္းဖို႔ ဆမ္ေဆာင္း က ဆံုးျဖတ္ခဲ့တာပါ။

စက္တင္ဘာလ၊ ၂၁ ရက္ေန႔မတိုင္ခင္ ဝယ္ထားတဲ့ Galaxy Note 7 ဖုန္းအားလံုး ဆမ္ေဆာင္းကုမၸဏီကို ျပန္လည္အပ္ႏွံရမွာျဖစ္ျပီး အသစ္ျပန္လည္ထုတ္လုပ္သြားမယ့္ Galaxy Note 7 ဖုန္းေတြကို Safe ဆိုတဲ့စာလံုးပါဝင္တဲ့ ပါကင္နဲ႔ထုပ္ပိုးထားတာ ျမင္ေတြ႕ရမယ္လို႔ ဆမ္ေဆာင္းက ေျပာထားပါတယ္။

ဆမ္ေဆာင္းမတုိင္မီက Xiomi ဖုန္းေမာ္ဒယ္လ္ေတြျဖစ္တဲ့ Mi5 Max၊ Mi4i နဲ႔ Mi 4 C တို႔ရဲ႕ ဖုန္းအခ်ိဳ႕မွာ အားသြင္းေနစဥ္ အပူလြန္ကဲျပီးမီးေလာင္တာမ်ိဳးျဖစ္ပြားေၾကာင္း သတင္းေတြထြက္ေပၚခဲ့ဖူးျပီး အဲဒီသတင္းေတြနဲ႔ ပတ္သက္လို႔ Xiomi ကုမၸဏီက ေျဖရွင္းခ်က္ေတြျပန္လည္ထုတ္ေပးေနရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကိုရီးယားထိပ်တန်း စမတ်ဖုန်းကုမ္ပဏီဆမ်ဆောင်းဟာ သူတို့ရဲ့အသစ်ထွက်ဖုန်းမော်ဒယ် Galaxy Note 7 ဖုန်းတွေမှာ အပူလွန်ကဲတာနဲ့ မီးလောင်ပေါက်ကွဲတဲ့ပြဿနာတွေရှိနေတဲ့အတွက် ကမ္ဘာတဝန်းမှာရောင်းချထားခဲ့တဲ့ ယင်းဖုန်းတွေကို ပြန်လည်သိမ်းယူခဲ့ရတာကြောင့် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်အထိဆုံးရှုံးခဲ့ရပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီရဲ့ရှယ်ယာဈေးနှုန်းဟာ ၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ခန့်အထိ နစ်နာခဲ့ရတာဖြစ်ပါတယ်။ ဆမ်ဆောင်းကုမ္ပဏီက သူတို့ရဲ့ Galaxy Note 7 ဖုန်းတွေကို ပြန်လည်သိမ်းဆည်းပြီး ငွေပြန်အမ်းပေးတာ၊ အသစ်တစ်လုံးနဲ့ပြန်လဲပေးတာတို့လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဘက်ထရီချို့ယွင်းချက်ပါဝင်သွားတဲ့ Galaxy Note 7 ဖုန်းတွေမှာ အဲဒီလို အပူလွန်ကဲတာနဲ့ မီးလောင်ပေါက်ကွဲတာတွေ ဖြစ်ပေါ်တာဖြစ်ပြီး အဲဒီလိုဖြစ်တဲ့ဖုန်းအလုံးရေက ၁ ရာခိုင်နှုန်းခန့်သာရှိပေမဲ့ ဘက်ထရီချို့ယွင်းချက်ရှိနေတဲ့ ဖုန်းတွေက ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာရှိနေတယ်ဆိုတာ ဖော်ထုတ်ဖို့ မလွယ်ကူတော့တာကြောင့် အားလုံးကိုပြန်သိမ်းဖို့ ဆမ်ဆောင်း က ဆုံးဖြတ်ခဲ့တာပါ။

စက်တင်ဘာလ၊ ၂၁ ရက်နေ့မတိုင်ခင် ဝယ်ထားတဲ့ Galaxy Note 7 ဖုန်းအားလုံး ဆမ်ဆောင်းကုမ္ပဏီကို ပြန်လည်အပ်နှံရမှာဖြစ်ပြီး အသစ်ပြန်လည်ထုတ်လုပ်သွားမယ့် Galaxy Note 7 ဖုန်းတွေကို Safe ဆိုတဲ့စာလုံးပါဝင်တဲ့ ပါကင်နဲ့ထုပ်ပိုးထားတာ မြင်တွေ့ရမယ်လို့ ဆမ်ဆောင်းက ပြောထားပါတယ်။

ဆမ်ဆောင်းမတိုင်မီက Xiomi ဖုန်းမော်ဒယ်လ်တွေဖြစ်တဲ့ Mi5 Max၊ Mi4i နဲ့ Mi 4 C တို့ရဲ့ ဖုန်းအချို့မှာ အားသွင်းနေစဉ် အပူလွန်ကဲပြီးမီးလောင်တာမျိုးဖြစ်ပွားကြောင်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ Xiomi ကုမ္ပဏီက ဖြေရှင်းချက်တွေပြန်လည်ထုတ်ပေးနေရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
Top