Property Expo
×

Galaxy Note 7 ေျကာ္ျငာဘုတ္အေရွ့ ျဖတ္ေလ်ွာက္သြားေသာ အမ်ိဳးသမီးတစ္ဦးအား ေတြ့ရစဥ္(Xinhua)
 
    ဘက္ထရီေပါက္ကြဲျခင္း ႏွင့္ မီးေလာင္းကြ်မ္းျခင္း မ်ားရွိေနေၾကာင္း တုိင္ၾကားစာဒါဇင္ေပါင္းမ်ားစြာ လက္ခံရရွိၿပီးေနာက္ အေမရိကန္အစုိးရသည္ ဆမ္ေဆာင္းကုမၸဏီထုတ္ Galaxy Note 7 စမတ္ဖုန္းမ်ားကုိ စက္တင္ဘာလ ၁၅ ရက္တြင္ တရားဝင္ျပန္လည္ သိမ္းဆည္းေနၿပီျဖစ္ေၾကာင္း သိရသည္။

အေမရိကန္ႏုိင္ငံသံုးစြဲသူမ်ားေဘးအႏၲရာယ္ကင္းရွင္းေရးေကာ္မရွင္က စက္တင္ဘာလ ၁၅ ရက္အထိ ႏုိင္ငံအတြင္း၌ ေရာင္းခ်ထားၿပီးျဖစ္ေသာ Note 7 ဖုန္းအလံုးေပါင္း တစ္သန္းေက်ာ္ကုိ ျပန္လည္သိမ္းဆည္းရန္ သတိေပးထားေၾကာင္း ေျပာၾကားခဲ့သည္။“ Note 7 သံုးေနသူေတြအေနနဲ ့အသံုးျပဳတာကုိ ခ်က္ျခင္းရပ္ဆုိင္းသင့္ပါတယ္။ ၂ဝ၁၆ ခုႏွစ္ စက္တင္ဘာလ ၁၅ ရက္ မတုိင္မီ ဝယ္ထားတဲ့ ဖုန္းေတြကုိ ျပန္လည္သိမ္းဆည္းသြားမွာပါ” ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။“ လက္လီဝယ္ထားတာျဖစ္ျဖစ္ ဒါမွမဟုတ္ samsung.com အြန္လုိင္းေပၚကဝယ္ထားတာျဖစ္ျဖစ္ Galaxy Note 7 ရဲ့ အျခားဘက္ထရီ အသစ္တစ္လံုးကုိ ပုိက္ဆံေပးဖုိ ့မလုိဘဲ အလကား ထပ္ယူလုိရပါတယ္။ ေငြျပန္အမ္းတာျဖစ္ျဖစ္ ဘက္ထရီအသစ္ထပ္လဲတာျဖစ္ျဖစ္ ႀကိဳက္ရာေရြးလုိ ့ရပါတယ္” ဟုဆုိသည္။

အေမရိကန္ႏုိင္ငံ၌ Note 7 ဖုန္းဘက္ထရီ အပူလြန္ေၾကာင္း တုိင္ၾကားမႈ ၉၂ မႈ လက္ခံရရွိေၾကာင္း ၊ ၄င္းတုိ ့အနက္ ၂၆ မႈမွာ လံုးဝမီးေလာင္ကြ်မ္းျခင္းျဖစ္ေၾကာင္း ႏွင့္ ကား အတြင္း ႏွင့္ ဆီဆုိင္မ်ားတြင္ မီးေလာင္ကြ်မ္းမႈမ်ားျဖစ္ျခင္း အပါအဝင္ ၅၅ မႈမွာ  ဖုန္းပ်က္စီးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
ေတာင္ကုိရီးယားႏုိင္ငံသည္ Note 7 စမတ္ဖုန္းမ်ား စတင္ေရာင္းခ်ခဲ့သည့္ ၾသဂုတ္လမွ စတင္ကာ ကမာၻတစ္ဝန္း၌ အလံုးေရေပါင္း ၂.၅ သန္းေက်ာ္ကုိ ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(Xinhua)

#Unicode Version
Galaxy Note 7 ကြော်ငြာဘုတ်အရှေ့တွင်ဖြတ်လျှောက်သွားသော အမျိုးသမီးတစ်ဦးအားတွေ့ရစဉ်(ဆင်ဟွာ)

    ဘက်ထရီပေါက်ကွဲခြင်း နှင့် မီးလောင်းကျွမ်းခြင်း များရှိနေကြောင်း တိုင်ကြားစာဒါဇင်ပေါင်းများစွာ လက်ခံရရှိပြီးနောက် အမေရိကန်အစိုးရသည် ဆမ်ဆောင်းကုမ္ပဏီထုတ် Galaxy Note 7 စမတ်ဖုန်းများကို စက်တင်ဘာလ ၁၅ ရက်တွင် တရားဝင်ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသုံးစွဲသူများဘေးအန္တရာယ်ကင်းရှင်းရေးကော်မရှင်က စက်တင်ဘာလ ၁၅ ရက်အထိ နိုင်ငံအတွင်း၌ ရောင်းချထားပြီးဖြစ်သော Note 7 ဖုန်းအလုံးပေါင်း တစ်သန်းကျော်ကို ပြန်လည်သိမ်းဆည်းရန် သတိပေးထားကြောင်း ပြောကြားခဲ့သည်။“ Note 7 သုံးနေသူတွေအနေနဲ့အသုံးပြုတာကို ချက်ခြင်းရပ်ဆိုင်းသင့်ပါတယ်။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက် မတိုင်မီ ဝယ်ထားတဲ့ ဖုန်းတွေကို ပြန်လည်သိမ်းဆည်းသွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ လက်လီဝယ်ထားတာဖြစ်ဖြစ် ဒါမှမဟုတ် samsung.com အွန်လိုင်းပေါ်ကဝယ်ထားတာဖြစ်ဖြစ် Galaxy Note 7 ရဲ့ အခြားဘက်ထရီ အသစ်တစ်လုံးကို ပိုက်ဆံပေးဖို့မလိုဘဲ အလကား ထပ်ယူလိုရပါတယ်။ ငွေပြန်အမ်းတာဖြစ်ဖြစ် ဘက်ထရီအသစ်ထပ်လဲတာဖြစ်ဖြစ် ကြိုက်ရာရွေးလို့ရပါတယ်” ဟုဆိုသည်။

အမေရိကန်နိုင်ငံ၌ Note 7 ဖုန်းဘက်ထရီ အပူလွန်ကြောင်း တိုင်ကြားမှု ၉၂ မှု လက်ခံရရှိကြောင်း ၊ ၎င်းတို့အနက် ၂၆ မှုမှာ လုံးဝမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း နှင့် ကား အတွင်း နှင့် ဆီဆိုင်များတွင် မီးလောင်ကျွမ်းမှုများဖြစ်ခြင်း အပါအဝင် ၅၅ မှုမှာ  ဖုန်းပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် Note 7 စမတ်ဖုန်းများ စတင်ရောင်းချခဲ့သည့် သြဂုတ်လမှ စတင်ကာ ကမ္ဘာတစ်ဝန်း၌ အလုံးရေပေါင်း ၂.၅ သန်းကျော်ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:(Xinhua)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top