Property Expo
×




Credit : Duwun

#Unicode Version

အမေရိကန်ပြည်ထောင်စု လေကြောင်းလုံခြုံရေးက ဆမ်ဆောင်းရဲ့ နောက်ဆုံးထွက် Galaxy Note 7 ကို လေယာဉ်ပေါ်မှာ ပါဝါမဖွင့်ဖို့နဲ့ အားသွင်းတာတွေမလုပ်ဖို့ သတိပေးလိုက်ပါတယ်။ Galaxy Note 7 ဖုန်းကို စက်တင်ဘာလဆန်းကမှ စတင်ဖြန့်ချိခဲ့ဖြစ်ပေမယ့် တစ်ပတ်မပြည့်ခင်မှာပဲ ဖုန်းအလုံးရေ ၃၅ လုံး မီးလောင်ခဲ့တဲ့သတင်း ထွက်ပေါ်လာခဲ့ပါတယ်။
 လေကြောင်းညွှန်ကြားမှုအာဏာပိုင်တွေက ခရီးဆောင်အိတ်တွေထဲမှာ Galaxy Note 7 ဖုန်းကိုထည့်မထားဖို့ကိုလည်း သတိပေးတားမြစ်ခဲ့ပါတယ်။ အမေရိကန်လေကြောင်းညွှန်ကြားမှုဘက်က ယခုလိုမျိုး ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုကို တသီးတသန့်တားမြစ်တာ အလွန်ကိုရှားပါးတဲ့အခြေအနေတစ်ခုပါပဲ။

Galaxy Note 7 ဖုန်းတွေရဲ့ ဘက်ထရီချွတ်ယွင်းချက်ကြောင့် အားသွင်းနေစဉ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဖုန်းတွေကို ကုမ္ပဏီက ပြန်လည်သိမ်းယူကာ ငွေပြန်အမ်းမယ်လို့ ကြေညာထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top