Kantharyar Centre
×


အိပ်ရေးဝဖို့ အရေးကြီး ပါတယ်။ အအိပ် မက်သူတွေက ဒါကို ချက်ချင်း ဝမ်းသာအားရ ထောက် ခံကြမှာပါ။ တကယ်တမ်းက ကျန်း မာရေး ရှုထောင့်အရလည်း အိပ် ရေးဝဝ အိပ်စက်ခြင်းဟာ ခန္ဓာ ကိုယ်ရဲ့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေ ကို ဟန်ချက်ညီအောင် အထောက် အပံ့ ဖြစ်စေပါတယ်။ နည်းပညာ ထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာ တော့ လူနေမှု ပုံစံအမျိုးမျိုးကို ပို ကောင်းအောင် ကူညီမယ့် Gadget ပစ္စည်းလေးတွေ ထွက်ပေါ်လာ တာ အားလုံးအသိပါ။ အဲဒီထဲမှာ အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့ ဖန်တီး ပေးမယ့် နည်းပညာ Gadget လေးတွေလည်း ရှိကြပါတယ်။ အိပ်ရေးဝဝအိပ်ပြီး ကြည်ကြည် လင်လင် နိုးထနိုင်ဖို့ အခြေအနေ အမျိုးမျိုးကနေ အားဖြည့်ကူညီ ပေးမယ့် နည်းပညာ Gadget လေး ၁၀ မျိုးကို စုစည်း ဖော်ပြ လိုက်ပါတယ်။

Nora
ဒီပစ္စည်းလေးက အိပ်နေတဲ့ အချိန် ဟောက်တတ်သူတွေကို အကူအညီ ပေးဖို့ပါ။ ဟောက်ခြင်း ဟာ ပတ်ဝန်းကျင်ကို အသံနဲ့ အ နှောင့်အယှက် ဖြစ်စေရုံတင်မက ဘဲ ကိုယ်တိုင်လည်း နှစ်နှစ်ခြိုက် ခြိုက် အိပ်စက်နိုင်မှု လျော့ပါးစေပါ တယ်။ Nora မှာ အစိတ်အပိုင်း နှစ်ခုပါတယ်။ ပိုကြီးတဲ့ တစ်ခုကို အိပ်ရာနားမှာ ထားရပါမယ်။ အ သေးစား အပိုင်းလေးကိုတော့ ခေါင်းအုံးထဲ ထည့်ထားရမှာပါ။ အဲဒီပစ္စည်းလေးက ဟောက်သံကို ထောက်လှမ်းသိရှိပြီးရင်တော့ ခေါင်းအုံးရဲ့ အနေအထားကို အ သာလေး ညင်ညင်သာသာ ရွှေ့ ပြောင်းပေးပြီး ဟောက်သံပျောက် သွားတဲ့ ကိုယ်နေဟန်မျိုး ရရှိ အောင် ကူညီပေးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလောက်မှာ စရောင်း မယ့် Nora အတွက် ဒေါ်လာ ၃၀၀ လောက်တော့ သုံးဖို့ လိုလိမ့်မယ်။
Nox Sleep Light
နှိုးစက်သံကြောင့် နိုးသွားရ တာနဲ့ မျက်နှာပေါ် နေခြည်နုနု ကျလာလို့ နိုးလာရတာ အရသာ ချင်း တခြားစီပါ။ Nox Sleep Light က အိပ်ရာဘေးမှာ ထားအိပ်ရ မယ့် မီးအိမ်လေးဖြစ်ပြီး သဘာဝ ကျကျ ညင်ညင်သာသာနှိုးပေး မယ့် နှိုးစက်လေးလည်း ဖြစ်ပါ တယ်။ ဒီမီးအိမ်လေးနဲ့ ဆက်စပ် မယ့် ပစ္စည်းတစ်ခုကိုတော့ ခုတင် ခေါင်းရင်းမှာ ထားရပါမယ်။ အဲဒီ ကိရိယာက လူတွေရဲ့အိပ်စက်မှု အနေအထားကို အာရုံခံထောက် လှမ်းပြီး မှတ်တမ်းယူစုဆောင်းနေ မယ်။ နှလုံးခုန်နှုန်း၊ အသက်ရှူ နှုန်းလို အခြေအနေတွေ၊ အိပ်ရာ ပေါ်မှာ ဘယ်နှကြိမ် လူးလှိမ့်လှုပ် ရှားနေသလဲ ဆိုတာတွေကို မှတ် တမ်းတင်နေမယ်။ အိပ်ရေးဝ လောက်ပြီဆိုတဲ့ အခြေအနေမှာ တော့ မီးအိမ်နဲ့ ချိတ်ဆက်ပြီး သဘာဝကျကျ နိုးထစေဖို့ လုံ လောက်တဲ့ မီးအလင်းရောင်နဲ့ အသံတွေကို အလိုအလျောက် ချိန်ညှိပြီး ထွက်ပေါ်စေပါတယ်။ ဒါကြောင့် မျက်နှာပေါ် မနက်ခင်း နေရောင် ကျလာလို့ စိတ်ကြည် ကြည်လင်လင် နိုးလာသလို ခံစား မှုမျိုး ရရှိစေမှာပါ။ လူတွေ အိပ် စက်နေချိန်မှာလည်း ပိုပြီး နှစ် နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင် မယ့် အနီရောင် အလင်းလှိုင်းလေး တွေနဲ့ ချော့မြှူသလို သီချင်းသံ လေးတွေလည်း မီးအိမ်ကနေ ထုတ်လွှင့်ပေးနေမယ်လို့ ဆိုပါ တယ်။ အွန်လိုင်းမှာ ရောင်းချနေ တဲ့ ဈေးကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင်ပါ။
Chrona Pillow Insert
ခေါင်းအုံးပါပဲ။ ဒါပေမဲ့ နည်း ပညာသုံး စမတ်ခေါင်းအုံးလို့ ဆို ရမှာပါ။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက် မှာတော့ ဒီကိရိယာလေးဟာ ဘယ်ခေါင်းအုံးကိုမဆို စမတ် ခေါင်းအုံး ဖြစ်သွားအောင် ကူညီ နိုင်မယ်လို့ ဆိုတယ်။ ခေါင်းအုံး ပေါ် ထပ်ထားရမယ့် ပစ္စည်းလေး ဟာ ဦးခေါင်းနဲ့ ရင်ဘတ် လှုပ်ရှား နေရာရွေ့မှုတွေကို တိုင်းတာပေး ပါတယ်။ ပြီးတော့ လိုအပ်လာ ရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျ စေဖို့ ဦးနှောက်ကို လှုံ့ဆော်ပေး မယ့် ကြိမ်နှုန်းနိမ့် အသံလှိုင်းလေး တွေ ထုတ်လွှတ်ပေးတယ်။ နိုးထ သင့်ပြီဆိုတဲ့ အချိန်မှာတော့ ပိုပြီး ကြိမ်နှုန်းမြင့်တဲ့ ဆူညံသံကို တ ဖြည်းဖြည်း မြှင့်တင်ပေးပြီး အိပ် ရာက နှိုးပါလိမ့်မယ်။ နောက်နှစ် ဆန်းမှ ရောင်းချမယ့် ပစ္စည်းလေး ကို ကြိုပြီးမှာယူရင် ဒေါ်လာ ၁၇၀ လောက်နဲ့ ရပါလိမ့်မယ်။
2Breathe Sleep Monitor
စိတ်ဖိစီးနေတဲ့အခါ၊ စိတ် လှုပ်ရှားနေတဲ့အခါ အသက်ကို ခပ်ပြင်းပြင်း ဝဝရှူလိုက်ပါလို့ အ ကြံပေးတာ ကြားဖူးကြပါလိမ့် မယ်။ အသက်ရှူခြင်းဟာ လူတိုင်း နေ့စဉ်ပုံမှန် လုပ်ဆောင်နေရတဲ့ သဘာဝ ကိစ္စပါ။ ဒါပေမဲ့ အိပ်စက် ချိန်မှာ စနစ်တကျ အသက်ရှူနေ ဖို့ဆိုတာဟာ ထင်သလောက် မ လွယ်ပါဘူး။ 2Breath ရဲ့ Gad-get လေးကတော့ ဒီအတွက် ကူ ညီပါလိမ့်မယ်။ အာရုံခံစနစ်က အိပ်စက်သူရဲ့ ရင်ဘတ်တစ်ဝိုက် လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး အသက်ရှူသွင်းမှု၊ ရှူထုတ်မှုတွေ မူမှန်ဟုတ်၊ မဟုတ် ဆန်းစစ်ပါ မယ်။ အချက်အလက်တွေကို Bluetooth ချိတ်ဆက်မှုနဲ့ ဖုန်း ထဲမှာ၊ ကွန်ပျူတာထဲမှာ မှတ်သား ထားနိုင်တယ်။ အဲဒီ အချက်အ လက်တွေကို အသုံးပြုပြီး အိပ် ချိန် အသက်ရှူမမှန်တဲ့အခါ လုပ် သင့်လုပ်ထိုက်တဲ့ လေ့ကျင့်ခန်း တွေကို ရွေးချယ်အကြံပြုပေးမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၁၈၀ လောက်နဲ့ ဒီပစ္စည်းလေးကို ဝယ်လို့ ရပါတယ်။
Go to Sleep and Wake Mask
တချို့က အိပ်စက်ချိန်မှာ မျက်စိကို အလင်းမစူးအောင် ကာ ကွယ်ဖို့ မျက်လုံးအကာတွေ တပ် ဆင်လေ့ ရှိကြတယ်။ အဝတ်သား မျက်လုံးအကာတွေကို လွှင့်ပစ်ဖို့ အချိန်တန်ပါပြီ။ ဒစ်ဂျစ်တယ် ခေတ်မှာတော့ အိပ်စက်ဖို့အပြင် သင့်တင့်လျှောက်ပတ်တဲ့ အချိန် မှာ နှိုးဖို့ကိုပါ ကူညီမယ့် မျက်လုံး အကာလေးတွေ ရနိုင်ပါပြီ။ အဲဒီပစ္စည်းလေးဟာ စတင်အိပ်စက် ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော ကျသွားစေမယ့် အလင်းဖျော့ဖျော့ ကို လွှတ်ပေးပါတယ်။ နိုးသင့်တဲ့ အချိန်ဆိုရင်လည်း တောက်ပတဲ့ အလင်းကို တဖြည်းဖြည်းချင်း မြှင့် တင်ပေးတာကြောင့် ကြည်ကြည် လင်လင် သက်သောင့်သက်သာ အိပ်ရာနိုးစေမှာပါ။ ဒီပစ္စည်းလေး မှာ မျိုးကွဲမော်ဒယ် တချို့လည်း ရှိတာကြောင့် ဈေးက ဒေါ်လာ ၃၀ ကနေ ၄၀ အထိ အပြောင်းအလဲ ရှိမယ်လို့ သိရပါတယ်။
Sense Sleep System
အိပ်စက်ခြင်း အထောက်အ ကူပြု စနစ်တွေနဲ့ ပတ်သက်ရင် ဈေးကွက်ထဲမှာ Sense ဟာ နည်း ပညာပိုင်း ဦးဆောင်ကုမ္ပဏီလို့ ညွှန်းဆို ခံထားရပါတယ်။ ပြီး တော့ ထုတ်ကုန်တွေရဲ့ အသွင် အပြင်ကလည်း အလှပဆုံး ဖြစ် နေတယ်။ ဒီစနစ်မှာ အသုံးပြု ထားတဲ့ Gadget လေးကတော့ အနုပညာမြောက် ကနုတ်ပုံတွေ ဖော်ထားတဲ့ ဘောလုံးလေးနဲ့ တူပါ တယ်။ ခေါင်းအုံးမှာက ခလုတ် တွေပါတယ်။ အဲဒီမှာ အိပ်ဆေး ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် အာရုံခံစနစ်တွေက အလုပ်လုပ် ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေဖို့ အသင့်တော်ဆုံး လှုံ့ဆော်မှုတွေ ပံ့ပိုးပေးပါတယ်။ အဲဒီအ ပိုင်းမှာ အပူချိန်၊ အသံ၊ အလင်းအ မှောင်၊ စိုထိုင်းစ၊ လေထုအရည် အသွေး၊ ဆူညံမှုအဆင့် အစရှိ တဲ့ အချက်တွေကို စနစ်က တွက် ဆပြီး အကောင်းဆုံး တုံ့ပြန်လှုံ့ ဆောင်မှုကို ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ပြီးတော့ နိစ္စဓူဝ အိပ်စက်မှု စက်ဝန်းကို ပုံမှန်လည်ပတ် နေစေဖို့ စမတ်နှိုးစက်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ အဲ ဒီစနစ်ကို တပ်ဆင်ရင် ဒေါ်လာ ၁၃၀ လောက် ကျသင့်မှာပါ။
UP3 by JawBone
ကျန်းမာရေး သတင်းအချက်အ လက်တွေ ဖော်ပြတဲ့ စမတ်လက် ပတ်လေးပါ။ ဒါပေမဲ့ မျိုးနွယ်တူ ပစ္စည်းအများစုလို နှလုံးခုန်နှုန်းလို ကျန်းမာရေး အထောက်အကူပြု အချက်အလက်တွေကို စုဆောင်း ရုံ သက်သက်တင် မကဘဲ အိပ် စက်မှု အထောက်အကူပြု အကြံ ဉာဏ်တွေကိုပါ ပေးနိုင်ပါတယ်။ ဒီလက်ပတ်လေးဟာ ပတ်ဝန်း ကျင် အနေအထား၊ အလင်းအ မှောင် အစရှိတာတွေကို ထောက် လှမ်းသိရှိပြီး အကောင်းဆုံးအနား ယူ အိပ်စက်နိုင်မယ့် အခြေအနေ ကို ပြောင်းလဲနိုင်ဖို့ လိုအပ်တဲ့ အ ချက်အလက်တွေကို ဖော်ပြပေးပါ တယ်။ JawBone က UP3 လက် ပတ်လေးတွေကို ဒေါ်လာ ၁၃၀ လောက်နဲ့ ရောင်းနေပါတယ်။
Hush Smart Earplug
အိပ်စက်ခြင်းကို နှောင့်ယှက် တဲ့ အခြေခံ အကျဆုံး အကြောင်း တရားတစ်ခုက ဆူညံခြင်းပါ။ သမားရိုးကျ အသံလျှော့နားကြပ် တွေဟာ ရာနှုန်းပြည့် စွမ်းဆောင် နိုင်မှု မရှိပါဘူး။ Hush ရဲ့ စမတ် နားကြပ်လေးတွေကတော့ ဘယ်လောက်ဆူဆူ၊ ဘယ်လိုဆူဆူ အေး ရာအေးကြောင်း အိပ်စက် နိုင်အောင် ကူညီပေးပါမယ်။ လို အပ်ရင် ချော့မြှူတေးဆန်ဆန် သာ ယာနာပျော်ဖွယ် အသံချိုချိုလေး တွေ ခပ်တိုးတိုး ထုတ်လွှတ်ပြီး ချော့သိပ်ဦးမှာပါ။ ပြီးတော့ မို ဘိုင်း App တစ်ခု အသုံးပြုပြီး ဘယ်လိုအသံမျိုးကို ကိုယ်က ရွေး ချယ်ချင်သလဲ ဆိုတာကိုလည်း ဆုံးဖြတ် ခိုင်းစေနိုင်ပါသေးတယ်။ အွန်လိုင်းမှာ ဒီပစ္စည်းလေးကို ဈေးအမျိုးမျိုးနဲ့ ရောင်းနေကြပါ တယ်။ အခြေခံ ဈေးကတော့ ဒေါ် လာ ၁၅၀ လောက် ရှိပါတယ်။
Rhythm Dreem Headband
အိပ်စက်ချိန်မှာ ဝတ်ဆင် ထားရမယ့် နဖူးစည်းလေးပါ။ တည်ဆောက်ပုံ အရတော့ သမား ရိုးကျ အိပ်စက်မှု စောင့်ကြည့် ကိရိယာတွေနဲ့ အတော်လေး ကွဲ ပြားပါတယ်။ အိပ်ပျော်နေရင်း လူးလွန့် လှုပ်ရှားလာပြီဆိုရင် စမတ်နဖူးစည်းလေးက ထောက် လှမ်းသိရှိပြီး ချော့သိပ်တဲ့ အသံ လေးတွေ ထုတ်လွှတ်ပေးပါလိမ့် မယ်။ ဒီနည်းနဲ့ အိပ်ရေးဝစေပြီး ကြည်ကြည်လင်လင် နိုးထစေမှာ ပါ။ လောလောဆယ်တော့ ရောင်း တန်းဝင် အဆင့်ထိ မရောက်သေး ဘဲ စမ်းသပ်အဆင့်မြှင့်နေတုန်း ပါပဲ။ Dreem First ကုမ္ပဏီက တော့ ဈေးကွက်ထဲ ရောင်းချချိန် မှာ ဒေါ်လာ ၃၅၀ လောက် ဈေး သတ်မှတ်ဖို့ စဉ်းစားနေပါတယ်။
Aura Connected Alarm Clock
သာမန်အားဖြင့်တော့ နှိုး စက်နာရီဆိုတာ အိပ်ပုပ်ကြီးသူ တွေအတွက် မဟာရန်သူပါပဲ။ ဒါပေမဲ့ Aura ရဲ့ နာရီလေးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့နဲ့ ကြည်ကြည်လင်လင် နိုးထဖို့ ကူညီပါလိမ့်မယ်။ ဒီနာရီလေးကို အိပ်ရာဘေးမှာထားတဲ့ အလှမီး အိမ်အဖြစ်လည်း သုံးနိုင်တယ်။ ပြီးတော့ ဘယ်လိုနည်းနဲ့ နှိုးစေ ချင်သလဲဆိုတာကိုလည်း ရွေး ချယ်ထားလို့ရတယ်။ ကိုယ့်အ ကြိုက်ဆုံး သီချင်းလေး ဖွင့်ပြပြီး မြူးမြူးကြွကြွလေး နိုးလာရတာ ကြိုက်တယ်ဆိုရင်လည်း အိုကေ ပါတယ်။ သီချင်းတွေ စိတ်ကြိုက် ရွေးထည့်ထားလို့ ရတယ်လေ။ ဒီနှိုးစက်မျိုး ရထားလို့ကတော့ ဇိမ် ပဲ။ ဈေးက ဒေါ်လာ ၁၉၀ အောက် ထစ်လောက် ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

#Unicode Version














ဖိုးသူတောျ (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top