Shwe Zabu River View Condominium Promotion
×





Credit: 7 day daily

#Unicode Version

 တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ f(x) သည် စက်တင်ဘာ ၅ ရက်တွင် အနုပညာသက်တမ်း (၇)နှစ် ပြည့်သွားပြီဖြစ်သည်။

f(x)အဖွဲ့သည် ၎င်းတို့၏ ပထမဆုံးတေးသီချင်း LA chA TA ဖြင့် ၂၀၀၉ စက်တင်ဘာ ၅ ရက်တွင် ကေပေါ့ပ်လောကသို့ စတင်ခြေချခဲ့သည်။ f(x)အဖွဲ့ သည် အမျိုးသမီးအဆိုရှင် ငါးဦး ဖြင့် စတင်ပွဲထွက်ခဲ့ပြီး အဖွဲ့ဝင် တစ်ဦးဖြစ်သော ဆူးလီသည် ၂၀၁၅ သြဂုတ်တွင် နုတ်ထွက်ခဲ့ သည်။

f(x)အဖွဲ့သည် ခုနစ်နှစ်တာ အနုပညာသက်တမ်းအတွင်း တေးအယ်လ်ဘမ် လေးခုနှင့် မီနီ အယ်လ်ဘမ်နှစ်ခု ထွက်ရှိခဲ့သည်။ အဖွဲ့မှ ဆူးလီနုတ်ထွက်ခဲ့သော် လည်း f(x)အဖွဲ့မှာ ခိုင်မာဆဲဖြစ် ပြီး ကျန်အဖွဲ့ဝင်များသည်လည်း တစ်ကိုယ်တော် အနုပညာလှုပ် ရှားမှုများဖြင့် အောင်မြင်လျက်ရှိ သည်။

M! Countdown တေးဂီတ အစီအစဉ်၌ 4 Walls တေးသီချင်း ဖြင့် ဆုရရှိ၍ ပျော်ရွှင်နေသော f(x) အဖွဲ့ဝင်များ၏ ဓာတ်ပုံကို အဖွဲ့အမှတ်တရနှစ်ပတ်လည်နေ့တွင် ၎င်း၏ Instagram ၌ဖော်ပြကာ ချစ်ခင်မှုကို ဖော်ပြခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top