Credit: thithtoolwin
#Unicode Version
လွန်ခဲ့တဲ့ ရှစ်လကစပြီး အများပြည်သူ အလွယ်တကူ ကွန်ရက်ချိတ်ဆက်မှုရရှနိုင်ဖို့အတွက် တပ်ဆင်ခဲ့တဲ့ နယူးယောက်မြို့က အများသုံး Wi-Fi တွေကိုတော့ ပြန်လည်ပြီး ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီ Wi-Fi တွေကိုတော့ အများပြည်သူတွေအတွက် မြန်မြန်ဆန်ဆန်နဲ့ ဆက်သွယ်နိုင်စေဖို့ တပ်ဆင်ပေးထားခဲ့တာဖြစ်ပြီး တကယ်တပ်ဆင်လိုက်ချိန်မှာတော့ လူအများစုဟာ ဒီ Wi-Fi တွေကို ညစ်ညမ်းကားတွေ ကြည့်ရှုဖို့အတွက်သာ အသုံးပြုခဲ့ကြတာပါ။
အခုလို ပြန်လည်ဖြုတ်သိမ်းခဲ့မှုအပေါ် တာဝန်ရှိသူတစ်ယောက်ကတော့ “ကွှန်တော်တို့ ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာတော့ လူအများစုက ဒီအင်တာနက်တွေကို ကောင်းကောင်းမသုံးဘူးဗျ။ အကျိုးမဲ့အသုံးချနေတာကိုတွေ့ရတယ်။ အထူးသဖြင့် မန်ဟတ်တန်ရဲ့ 8th Avenue မှာ အဆိုးဆုံးပဲ။ အင်တာနက်လိုင်းမှာတွေ့ရတာတွေက အရမ်းကို ဆိုးဝါးပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီ Wi-Fi တွေကိုတော့ ပြည်သူတွေ map အသုံးပြုတဲ့အခါပိုမြန်ဆန်စေဖို့ ၊ အရေးပေါ် လိုအပ်လာတဲ့အခါမှာ ကောင်းကောင်းအသိပေးနိုင်ဖို့အတွက် တပ်ဆင်ပေးခဲ့တာပါ။ NYC က Wi-Fi အမြန်နှုန်းကတော့ super-fast ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
Home
»
သတင်း
»
နိုင်ငံတကာ
» နယူးယောက်မြို့တွင် ပြည်သူများအဆင်ပြေစေရန် Free Wi-Fi များ တပ်ဆင်ပေးထားသော်လည်း ညစ်ညမ်းကားများသာ ကြည့်နေတာကြောင့် ဖယ်ရှားတော့မည်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။