Kantharyar Centre
×



Credit: duwun



#Unicode Version

အင်္ဂါနေ့က YouTube မှာ စတင်ပြသခဲ့တဲ့ Fifty Shades Darker ဇာတ်ကားနမူနာဟာ တစ်ရက်အတွင်းမှာတင် အကြိမ်ပေါင်း သန်း ၁၀၀ ကျော် ကြည့်ရှုခြင်းခံရပြီး စံချိန်တင်သွားခဲ့ပါတယ်။ ဖြန့်ချိပြီး၂၄ နာရီအတွင်းမှာ အကြိမ်ပေါင်း ၁၁၄ သန်း ကြည့်ရှုခံရတာဖြစ်ပါတယ်။

ယခင်ကတော့ Star Wars : The Force Awakens ဇာတ်ကားရဲ့ နမူနာဗီဒီယိုက ကြိမ်ပေါင်း ၁၁၂ သန်းနဲ့ စံချိန်ရထားခဲ့တာပါ။ ယခုတော့ Fifty Shades Darker ရဲ့ နမူနာဗီဒီယိုက ်The Forces Awakens ထက် အကြိမ်ပေါင်း ၂ သန်း ကျော်လွန်သွားခဲ့ပြီး " စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အကြိမ်အများဆုံးကြည့်ရှုခံရတဲ့ ဇာတ်ကားနမူနာ" အဖြစ် စံချိန်ချိုးလိုက်ပါတယ်။ဂျေမီဒေါ်နမ်နဲ့ ဒတ်ကိုတာဂျွန်ဆင်တို့ရဲ့ Fifty Shades Darker ဇာတ်ကားကို ရှေ့နှစ် ဖေဖော်ဝါရီမှာ စတင်ပြသမှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top