Property Expo
×





Credit:Trend Myanmar

#Unicode Version
ဖက်ရှင်လောက၊ reality show၊ မော်ဒယ်လောက နဲ့ မိတ်ကပ်အလှကုန် ထုတ်လုပ်ရေးတွေမှာ နေရာယူ လွှမ်းမိုးလာကြတဲ့ Kendall Jenner နဲ့ Kylie Jenner တို့ဟာ နယ်ပယ်အသီးသီးက သူတို့ရဲ့ဝင်ငွေတွေကို နှစ်ဦးသား သဘောတူ ပြန်လည်သုံးစွဲတာမျိုးတွေရှိတာ အားလုံးအသိပါ။ ခုလည်း ညီအစ်မနှစ်ယောက်ဟာ ဒီဝင်ငွေတွေထဲကပဲ နှစ်ဦးသား ကားဆင်တူဝယ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့နှစ်ယောက်ဆင်တူ ဝယ်လိုက်တဲ့ ကားအမျိုးအစားကတော့ Ferrari ကားအမျိုးအစားပါ။

ဒီအကြောင်းကို Kylie က Snapchat မှာ ကြေငြာခဲ့သလို သူတို့ကားသစ်တွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ Kendall ကလည်း ကားအသစ်တွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေသလို နောက်ထပ် အသစ်အသစ်သော Ferrari မော်ဒယ်အမျိုးအစားတွေအတွက် သူတို့နှစ်ဦးဟာ ပြောရေးဆိုခွင့် ရှိသူတွေ ဖြစ်လာလိမ့်ဦးမယ်လို့ အားလုံးက ထင်ကြေးပေးနေကြပါတယ်။

ဘာပဲပြောပြော ဒီညီအစ်မနှစ်ယောက် ရဲ့ ကားစုဆောင်းမှုမှာတော့ အမေရိကန်ဒေါ်လာ ၃၂၀,၀၀၀ တန်ဖိုးရှိ Ferrari ကားတစ်စီး အသစ် ထပ်တိုးသွားပါပြီ။



ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top