Property Expo
×







#Unicode Version


ဘက်တီးရီးယားသန့်စင်ဆပ်ပြာရည်တွေဟာ တဖြည်းဖြည်းကျော်ကြားလာပါတယ်။

ဒါပေမယ့် အမေရိကန် FDA အဖွဲ့ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ရက်နေ့တုန်းက ဆပ်ပြာရည်မှာပါတဲ့ ဓာတုပစ္စည်းအမျိုးအစား ၁၉မျိုးကို ထပ်မံမသုံးစွဲဖို့အတွက် တားမြစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုတားမြစ်ရတာဟာ ဘက်တီးရီးယားတွေအပြင် တချို့အရာတွေဟာ ကျန်းမာရေးကိုထိခိုက်စေတာကြောင့်ဖြစ်ပါတယ်။

ဒါဟာဆိုရင် ဓာတုဗေဒပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကာလရှည် စိုးရိမ်လာတဲ့ အရာကို တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။ FDA အနေနဲ့ ဒီအထဲက တစ်ချို့ Chemical တွေဟာ ဟော်မုန်းပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

လက်ဆေးဆပ်ပြာရည်တွေဟာ ရေနဲ့ ဆပ်ပြာတွေကို အဓိကအခြေခံထုတ်လုပ်ထားတာဖြစ်ပေမယ့်လည်း အရက်ပမာဏ ၆၀ရာခိုင်နှုန်းအထိ အနည်းဆုံးပါဝင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : သစ်ထူးလွင်(ကျန်းမာရေး)
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top