Property Expo
×




Credit : Trend Myanmar

#Unicode Version

Faroe Islands ကျွန်းစုက အမျိုးသမီးတစ်ဦးဟာ သိုးတွေမှာ ကင်မရာချည်နှောင်တပ်ဆင်ပြီးနောက် Google ကို ယင်းဒေသ Street View ပုံရိပ်တွေ ရယူဖို့ အားပေးကူညီခဲ့ပါတယ်။

ဂူဂဲလ်ဘလော့ဂ်ပို့စ်တစ်ခုအရ Durita Andreassen ဟာ အဲဒီဒေသအကြောင်း ဗီဒီယိုမှတ်တမ်းတိုလေး ရိုက်ကူးရန် ကျွန်း ၁၈ ကျွန်းမှာ အခြေချနေထိုင်ကျက်စားတဲ့ သိုး ၇၀,၀၀၀ ကို နေစွမ်းအင်သုံးကင်မရာတွေ တပ်ဆင်ပြီး အကျိုးရှိရှိ အသုံးချခဲ့ပါတယ်။

ယခုအခါ Faroe ကျွန်းစုမှာ ခြေကျင်ခရီးသည်တစ်ဦးနဲ့ ကင်မရာ အလုံး ၃၆၀ တပ်ဆင်အသုံးပြုထားပြီး ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ ရှဲလ်ဖီတုတ်၊ စက်ဘီး၊ ကျောပိုးအိတ်၊ ကား၊ ကယပ်လှေ၊ မြင်း၊ လှေနဲ့ တစ်ဘီးလက်တွန်းလှည်းတွေကို အသုံးပြုပြီး လှပတဲ့ ကျွန်းတွေရဲ့ Street View ပုံရိပ်တွေကို မှတ်တမ်းတင် ရိုက်ယူနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top