Property Expo
×

Elon Musk ရဲ႕ SpaceX ဟာ ယခင္က ပ်ံသန္းခဲ့တဲ့ ဒံုးပ်ံေတြလုိ ဒီႏွစ္ေႏွာင္းပုိင္းမွာ လႊတ္တင္မယ့္ အစီအစဥ္အတြက္ ပထမဆံုး ေဖာက္သည္နဲ႔ လက္မွတ္ထုိးခဲ့ၿပီျဖစ္တယ္လုိ႔ ကုမၸဏီက အဂၤါေန႔တုန္းက ေျပာၾကားခဲ့ပါတယ္။ ေဖာက္သည္ကေတာ့ လူဇင္ဘတ္အေျခစုိက္ ၿဂိဳဟ္တုေအာ္ပေရတာ SES SA SESFg.LU ကုိ ပထမဆံုး စီးပြားေရးဆုိင္ရာ အသံုးျပဳမႈအျဖစ္ Falcon 9 ဒံုးပ်ံနဲ႔ လႊတ္တင္မွာ ျဖစ္ပါတယ္။

ဒီလုိလႊတ္တင္ဖုိ႔အတြက္ ေစ်းႏႈန္းကို ၃၀ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးခဲ့ၿပီး ေဒၚလာ ၄၃သန္းကုန္က်စရိတ္ရွိတယ္လုိ႔ သိရပါတယ္။ SpaceX ရဲ႕ Falcon 9 ဒံုးပ်ံကလည္း ေျခာက္ႀကိမ္ေျမာက္ ေျမျပင္ကုိ ျပန္လည္ဆင္းသက္မႈအျဖစ္ အစၥေရးဆက္သြယ္ေရး ၿဂိဳဟ္တုတစ္လုံးကုိ လႊတ္တင္ၿပီး ဒီလအတြင္းမွာ ျပန္လည္ ဆင္းသက္ခဲ့ပါေသးတယ္။

Musk ဟာ SpaceX ကုမၸဏီကုိ ၂၀၀၂ခုႏွစ္တုန္းက စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး သူ႔အေနနဲ႔ ကုန္က်စရိတ္ကုိ တတ္ႏုိင္သေလာက္ ေလွ်ာ့ခ်ၿပီး အာကာသခရီးကုိ ပုိမုိတြင္က်ယ္စြာ သြားလာႏုိင္ဖုိ႔အတြက္ ရည္ရြယ္ခဲ့တာပါ။ ကုမၸဏီအေနနဲ႔ လာမယ့္ ၂၀၁၈ခုႏွစ္မွာ လူမပါဝင္တဲ့ အာကာသယာဥ္ကုိ အဂၤါၿဂိဳဟ္ထံ ေစလႊတ္ဖုိ႔ စီစဥ္ထားၿပီး လာမယ့္ ၂၀၂၄ခုႏွစ္အေစာပိုင္းမွာ အဂၤါၿဂိဳဟ္ေပၚ လူေတြကုိ အေရာက္ပုိ႔ႏုိင္ဖုိ႔ စီစဥ္ေနပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
Elon Musk ရဲ့ SpaceX ဟာ ယခင်က ပျံသန်းခဲ့တဲ့ ဒုံးပျံတွေလို ဒီနှစ်နှောင်းပိုင်းမှာ လွှတ်တင်မယ့် အစီအစဉ်အတွက် ပထမဆုံး ဖောက်သည်နဲ့ လက်မှတ်ထိုးခဲ့ပြီဖြစ်တယ်လို့ ကုမ္ပဏီက အင်္ဂါနေ့တုန်းက ပြောကြားခဲ့ပါတယ်။ ဖောက်သည်ကတော့ လူဇင်ဘတ်အခြေစိုက် ဂြိုဟ်တုအော်ပရေတာ SES SA SESFg.LU ကို ပထမဆုံး စီးပွားရေးဆိုင်ရာ အသုံးပြုမှုအဖြစ် Falcon 9 ဒုံးပျံနဲ့ လွှတ်တင်မှာ ဖြစ်ပါတယ်။

ဒီလိုလွှတ်တင်ဖို့အတွက် ဈေးနှုန်းကို ၃၀ရာခိုင်နှုန်း လျှော့ချပေးခဲ့ပြီး ဒေါ်လာ ၄၃သန်းကုန်ကျစရိတ်ရှိတယ်လို့ သိရပါတယ်။ SpaceX ရဲ့ Falcon 9 ဒုံးပျံကလည်း ခြောက်ကြိမ်မြောက် မြေပြင်ကို ပြန်လည်ဆင်းသက်မှုအဖြစ် အစ္စရေးဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ပြီး ဒီလအတွင်းမှာ ပြန်လည် ဆင်းသက်ခဲ့ပါသေးတယ်။

Musk ဟာ SpaceX ကုမ္ပဏီကို ၂၀၀၂ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ကုန်ကျစရိတ်ကို တတ်နိုင်သလောက် လျှော့ချပြီး အာကာသခရီးကို ပိုမိုတွင်ကျယ်စွာ သွားလာနိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ လာမယ့် ၂၀၁၈ခုနှစ်မှာ လူမပါဝင်တဲ့ အာကာသယာဉ်ကို အင်္ဂါဂြိုဟ်ထံ စေလွှတ်ဖို့ စီစဉ်ထားပြီး လာမယ့် ၂၀၂၄ခုနှစ်အစောပိုင်းမှာ အင်္ဂါဂြိုဟ်ပေါ် လူတွေကို အရောက်ပို့နိုင်ဖို့ စီစဉ်နေပါတယ်။


 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top