Kantharyar Centre
×

တရုတ္ႏုိင္ငံ Sichuan တကၠသုိလ္က ပါေမာကၡတစ္ဦးက သူ႔အတန္းထဲ ေက်ာင္းသား/သူေတြကို ေစာင့္ၾကည့္ရန္ facial recognition system တစ္ခု မိတ္ဆက္ခဲ့ပါတယ္။ ယင္းတကၠသုိလ္ ကြန္ပ်ဴတာသိပၸံဌာနက ပေရာ္ဖက္ဆာ Wei Xiaoyong တီထြင္တဲ့ ဒီစနစ္ကို Magic device လုိ႔ အမည္ေပးထားပါတယ္။

Wei ရဲ႕ လက္ေတြ႔စမ္းသပ္ခန္းမွာ နည္းစနစ္ အလုပ္လုပ္ပုံ စူးစမ္းေလ့လာဖုိ႔ သတင္းေထာက္တစ္ဦး ေရာက္ရိွခဲ့ပါတယ္။ ေက်ာင္းသား/သူတစ္ဦးခ်င္းစီရဲ႕ မ်က္ႏွာကို အဝါေရာင္ေဘာင္ကြပ္အမွတ္အသားျပဳ ေစာင့္ၾကည့္ထားပါတယ္။ ေဘာင္တစ္ခုစီကို happy သုိ႔မဟုတ္ neutral ဆိုျပီး ေက်ာင္းသားေတြရဲ႕ ခံစားအခ်က္သီးသီးကို အမ်ဳိးအစား သတ္မွတ္ပါတယ္။

မ်က္ႏွာအမူအရာေပၚ မူတည္ျပီး Wei အေနနဲ႔ ေက်ာင္းသားေတြ ဘယ္ခ်ိန္မွာ အတက္ၾကြဆုံးလဲ၊ ဘယ္ခ်ိန္မွာ အျပန္လွန္တုံ႔ျပန္မႈ ျပဳလုပ္ဖို႔ ပိုလုိအပ္လဲဆိုတာ သိႏုိင္ပါတယ္။ ေက်ာင္းသား/သူ ၃၂၄ ေယာက္ကို အခ်ိန္ၾကာေစာင့္ၾကည့္ေလ့လာမႈက ပညာသင္ၾကားမႈက ေက်ာင္းသား/သူေတြရဲ႕ အတန္းထဲ ၾကြတက္လႈပ္ရွားမႈအတုိင္းအတာကို အခ်ဳိးက်ေစႏုိင္ပါတယ္။

မ်က္ႏွာအမူအရာေတြက ဘယ္သင္ၾကားမႈစနစ္ေတြ နားလည္လြယ္ဆုံးျဖစ္သလဲဆုိတာ ေဖာ္ျပေပးတယ္လုိ႔ Wei က အခုိင္အမာေျပာဆုိခဲ့ပါတယ္။

ဒီနည္းစနစ္က ေက်ာင္းသား/သူေတြၾကား ဆက္ဆံေရးအေျခအေနကို ေလ့လာဖုိ႔လည္း အသုံးျပဳပါတယ္။ ေက်ာင္းသား/သူေတြရဲ႕ တုံ႔ျပန္ဆက္ဆံမႈေတြကို မွတ္တမ္းတင္ျခင္းျဖင့္ ဒီနည္းစနစ္က ဘယ္သူေတြဟာ ေအးေဆးေနတတ္သူလဲ သုိ႔မဟုတ္ ဘြင္းဘြင္းတတ္သူလဲဆိုတာ ေဖာ္ျပေပးပါတယ္။

ေနာင္မွာ ခြဲျခမ္းေလ့လမႈပိုလုပ္ႏုိင္ေအာင္ အမူအရာေတြ အမ်ဳိးအစားထပ္ခြဲသြားမယ္လုိ႔ Wei က ဆုိပါတယ္။ သင္ၾကားမႈအထိေရာက္ဆုံးျဖစ္ေအာင္ ဒီနည္းစနစ္ကုိ တျခားက႑ေတြမွာလည္း အသုံးျပဳႏုိင္ပါတယ္။

ဥပမာ - ေၾကာ္ျငာေရွ႕မွာ တပ္ဆင္တဲ့ ကင္မရာတစ္ခုက ျပည္သူေတြရဲ႕မ်က္ႏွာအမူအရာေတြကို ဖမ္းျခင္းျဖင့္ ေၾကာ္ျငာရဲ႕ထိေရာက္မႈကို ေလ့လာႏုိင္တာမ်ဳိးေပါ့ လုိ႔ Wei က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Verion


တရုတ်နိုင်ငံ Sichuan တက္ကသိုလ်က ပါမောက္ခတစ်ဦးက သူ့အတန်းထဲ ကျောင်းသား/သူတွေကို စောင့်ကြည့်ရန် facial recognition system တစ်ခု မိတ်ဆက်ခဲ့ပါတယ်။ ယင်းတက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနက ပရော်ဖက်ဆာ Wei Xiaoyong တီထွင်တဲ့ ဒီစနစ်ကို Magic device လို့ အမည်ပေးထားပါတယ်။

Wei ရဲ့ လက်တွေ့စမ်းသပ်ခန်းမှာ နည်းစနစ် အလုပ်လုပ်ပုံ စူးစမ်းလေ့လာဖို့ သတင်းထောက်တစ်ဦး ရောက်ရှိခဲ့ပါတယ်။ ကျောင်းသား/သူတစ်ဦးချင်းစီရဲ့ မျက်နှာကို အဝါရောင်ဘောင်ကွပ်အမှတ်အသားပြု စောင့်ကြည့်ထားပါတယ်။ ဘောင်တစ်ခုစီကို happy သို့မဟုတ် neutral ဆိုပြီး ကျောင်းသားတွေရဲ့ ခံစားအချက်သီးသီးကို အမျိုးအစား သတ်မှတ်ပါတယ်။

မျက်နှာအမူအရာပေါ် မူတည်ပြီး Wei အနေနဲ့ ကျောင်းသားတွေ ဘယ်ချိန်မှာ အတက်ကြွဆုံးလဲ၊ ဘယ်ချိန်မှာ အပြန်လှန်တုံ့ပြန်မှု ပြုလုပ်ဖို့ ပိုလိုအပ်လဲဆိုတာ သိနိုင်ပါတယ်။ ကျောင်းသား/သူ ၃၂၄ ယောက်ကို အချိန်ကြာစောင့်ကြည့်လေ့လာမှုက ပညာသင်ကြားမှုက ကျောင်းသား/သူတွေရဲ့ အတန်းထဲ ကြွတက်လှုပ်ရှားမှုအတိုင်းအတာကို အချိုးကျစေနိုင်ပါတယ်။

မျက်နှာအမူအရာတွေက ဘယ်သင်ကြားမှုစနစ်တွေ နားလည်လွယ်ဆုံးဖြစ်သလဲဆိုတာ ဖော်ပြပေးတယ်လို့ Wei က အခိုင်အမာပြောဆိုခဲ့ပါတယ်။

ဒီနည်းစနစ်က ကျောင်းသား/သူတွေကြား ဆက်ဆံရေးအခြေအနေကို လေ့လာဖို့လည်း အသုံးပြုပါတယ်။ ကျောင်းသား/သူတွေရဲ့ တုံ့ပြန်ဆက်ဆံမှုတွေကို မှတ်တမ်းတင်ခြင်းဖြင့် ဒီနည်းစနစ်က ဘယ်သူတွေဟာ အေးဆေးနေတတ်သူလဲ သို့မဟုတ် ဘွင်းဘွင်းတတ်သူလဲဆိုတာ ဖော်ပြပေးပါတယ်။

နောင်မှာ ခွဲခြမ်းလေ့လမှုပိုလုပ်နိုင်အောင် အမူအရာတွေ အမျိုးအစားထပ်ခွဲသွားမယ်လို့ Wei က ဆိုပါတယ်။ သင်ကြားမှုအထိရောက်ဆုံးဖြစ်အောင် ဒီနည်းစနစ်ကို တခြားကဏ္ဍတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

ဥပမာ - ကြော်ငြာရှေ့မှာ တပ်ဆင်တဲ့ ကင်မရာတစ်ခုက ပြည်သူတွေရဲ့မျက်နှာအမူအရာတွေကို ဖမ်းခြင်းဖြင့် ကြော်ငြာရဲ့ထိရောက်မှုကို လေ့လာနိုင်တာမျိုးပေါ့ လို့ Wei က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top