Property Expo
×

အသက္ ( ၁၅ ) နွစ္အရြယ္ ကေလးမေလးတစ္ဦးရဲ့ ရင့္နွစ္ဖြယ္ ျဖစ္ရပ္ပါ - မိဘတိုင္း ဂရုျပဳ ႏုိင္ဖို ့ပါ
( ကေလးငယ္ကိုယ္တိုင္ သူ ့မိဘေရွ႕ - လူႀကီးမ်ားေရွ႕မွာ ေျပာျပထားတာေတြပါ- ကၽြန္ေတာ္နဲ ့( ၂ ) နာရီေတြ ့ဆံုၿပီး ေျပာထားတဲ့ ျဖစ္ရပ္ေတြ ပါ - ကေလးမိဘတိုင္း အခ်ိန္မီ သိရွိၿပီး ႀကိဳတင္ ကာကြယ္ႏိူင္ဖို ့ရည္ရြယ္ ပါ တယ္ )

ကေလးမေလး အသက္ က ( ၁၅ ) နွစ္ ( ၉ ) တန္းေက်ာင္းသူေလး- မိဘေတြ ခဗ်ာ ခ်စ္ရွာလို ့ အိမ္ကေန ေက်ာင္း- ေက်ာင္းကေန အိမ္မ်က္စိေအာက္က အေပ်ာက္မခံခဲ့ဘူး- လမ္းေဘးထမင္းဆိုင္ဖြင့္ ေစ်းေရာင္းေနေပမယ့္ သမီးငယ္ကို အိမ္မွာဘဲ မိုးေလမထိ ယုယုယယ ဂရုတစိုက္ခ်စ္ခဲ့တယ္

ကေလးမေလးက စာက်က္ရင္း အြန္လိုင္းသံုးရင္းနဲ ့Bee talk မွာ အမွတ္မထင္ လူယုတ္မာ တစ္ေယာက္နဲ ့ရည္းစားျဖစ္တယ္- နာမည္က သန္းကိုကိုေမာင္ - အရပ္က ၅ ေပ ၈ ၀န္းက်င္- သူ ့ကိုယ္သူ အသက္ ( ၂၀ )လို ့ ေျပာတယ္- ( အသက္ ၂၀ ေတာ့မျဖစ္နိူင္ပါ )

အဲ့လို နဲ ့ တစ္လေလာက္အျကာမွာ လူခ်င္းေတြ ့ဖို ့လွည္းတန္း စင္တာေရွ့မွာ ခ်ိန္းျကတယ္- ကေလးမေလးက အိမ္ေနရင္း အ၀တ္အစား- လက္ထဲမွာလဲ ပိုက္ဆံ တစ္ေထာင္ပဲ ပါတယ္- အိမ္ကေန ခဏ ထြက္လာခဲ့တာ-

၅-၉-၂၀၁၆
 ေန ့လည္ ( ၁၂ ) ၀န္းက်င္ လွည္းတန္းစင္တာေရွ့ ေတြ ့ျကေတာ့ သန္းကိုကိုေမာင္က ကေလးမေလးကို sunkist ဗူး တိုက္ပါတယ္- မေသာက္ခ်င္ဘူးျငင္းေပမယ့္ အတင္းေသာက္ခိုင္းလို ့ထက္၀က္ေလာက္ ေသာက္အျပီးမွာ ကေလးမေလး ဘာမွ မသိေတာ့ဘူး- သူ သတိရလာေတာ့Taxi ကားထဲ ေရာက္ေနျပီ- အိမ္တစ္အိမ္မွာ ကားရပ္တယ္- အိမ္ထဲမွာ သတိရသေလာက္က ကိုကိုေမာင္ အေမက ျကည့္ေနတယ္-
အစ္မ ျဖစ္သူက ျကက္ဥေျကာ္ နဲ ့ထမင္းေကြ်းဖို ့ျပင္ဆင္ေနတယ္။

အဲဒီည နိူးတ၀က္ အိပ္တ၀က္ - သတိရလိုက္ မရလိုက္နဲ ့- မနက္မိုးလင္းေတာ့ လိေမၼာ္ရည္ ထပ္တိုက္ပါတယ္- ကေလးငယ္ေလးက သူ ့ကိုေ၇ာင္းစားေတာ့မွာကို သတိမရနိူင္ေလာက္တဲ့ထိ ေဆးရွိန္မွာ ေမ်ာလြင့္ေနပါျပီ။

၆-၉-၂၀၁၆
Taxi ကား ဟိုတယ္ေရွ့ တခုမွာ ရပ္လိုက္တာေတာ့ သိလိုက္တယ္- မနက္ ( ၁၀ ) နာရီ၀န္းက်င္- သူဟာနိူးေနလား အိပ္ေနလားသူ ့ဘာသာ ျပန္မစဥ္းစားနိူင္ဘူး- သူ ျကိဳးစား အားယူထတဲ့ အခ်ိန္ အခန္းထဲကို လူတစ္ေယာက္ ၀င္လာတယ္-အသားမည္း အရပ္ပု- ဆံပင္ေဆးဆိုး ( အနီေရာင္ )-ဆံပင္စည္းထား- လက္မွာ ကားေသာ့ ကိုင္ထား၊

ကေလးငယ္ေလး ျကိဳးစားထေပမယ့္ မရဘူး- ျကိဳးစားရုန္းကန္တယ္ -မရဘူး ဘီလူးစိတ္ထက္ ဆိုးရြားျကမ္းတမ္းတဲ့ ကာမဘီလူးဟာ ကေလးငယ္ကို လုပ္သင့္လား-မလုပ္သင့္လား-သနားညွာတာမွဳ မရွိ - ကိုယ္သားသမီးအရြယ္ နွမအရြယ္ေလးကို ရက္ရက္စက္စက္ နင္းေခ်ေတာ့တယ္၊

အေမ တ ခ်ိန္မရ- အေဖလို ့ေအာ္ ေခၚခ်ိန္ မရ- တခါမွ မေရာက္ဘူးတဲ့ ဟိုတယ္က အေမွာင္ခန္းထဲ ငရဲပြက္သလို-

( သန္းကိုကိုေမာင္က ပါကင္ေျကး ၃ သိန္းကေန ၅ သိန္း၀န္းက်င္ နဲ ့ ေ၇ာင္းစားထားတာ ကေလးမေလး မသိ- အသိက ထေျပးဖို ့ နိူးေဆာ္ေပမယ့္ ခႏၶာကိုယ္တခုလံုး ထလို ့မရ )




ကာမဘီလူး ထြက္သြားလို ့တေအာင့္အျကာ ကိုကိုေမာင္ ျပန္၀င္လာတယ္- ဘာဆိုဘာမွ မေျပာဘဲ သားမယားအျဖစ္ ( ၃ ) ျကိမ္ဆက္တိုက္ ျပဳက်င့္တယ္- ည ေရာက္ေတာ့ ( ၂ ) ျကိမ္ -

၇-၉-၂၀၁၆
 မနက္မွာလဲ လိေမၼာ္ရည္ေတြ ထပ္တိုက္ပါတယ္- ေန ့ည သားမယားအျဖစ္ ထပ္မံျပဳက်င့္ျပန္တယ္-ကေလးငယ္ကို ဘာမွ မေကြ်းပါဘူး-ေရလဲ မခ်ိဳးရ- ေရလဲ မေသာက္ရ လိေမၼာ္ရည္ တမ်ိဳးတည္းကိုသာ ေန ့ည အဆက္ မျပတ္တိုက္ပါတယ္-

ကေလးမေလးကို ေရာင္းစားတဲ့ အျပင္ ကေလးမေလး အိမ္ကိုပါ ေငြ ပို ့ေပးဖို ့ လွမ္းေတာင္းပါတယ္- အဲ့လိုကေန ကေလးမေလး ရဲ့ မိဘေတြကလဲ ပရဟိတအဖြဲ ့ေတြ- ရဲတပ္ ဖြဲ ့ေတြနဲ ့ေငြေတာင္း ခံတဲ့ ေနရာကတဆင့္ အပူတျပင္း လိုက္လံရွာေဖြရွာမွာ -

၈-၉-၂၀၁၆
မနက္ ( ၃ ) နာရီ - မ-ဒဂံု က ဟိုတယ္ တခုအတြင္းမွာ လူယုတ္မာ ကိုကိုေမာင္နဲ ့အတူ ကေလးငယ္ကို အမိဖမ္းနိူင္ခဲ့ပါတယ္။


ဟိုတယ္အတြင္း ၀င္ေရာက္ဖမ္းဆီးခ်ိန္မွာ ကေလးငယ္ေလးက ေဆးရွိန္နဲ ့အသိကင္းမဲ့ ေနပါျပီ- ရဲေတြ ့လို ့၀မ္းမသာ- အေဖအေမေတြ ့တာေတာင္ ဘာခံစားခ်က္မွ မရွိ- အားျပတ္ အဆံေခ်ာင္ေနတဲ့ မ်က္လံုးေတြနဲ ့သာ ၿငိမ္သက္ ေန ေတာ့တယ္။


ဒါဟာ ကြ်န္ေတာ္တို ့ျကားျကားေနရတဲ့ ေရဆူေဆးျပားလို အရာမ်ိဳးလား- ဒီထက္ အားေကာင္းတဲ့ ေဆးေတြလား- တဖက္နိူင္ငံ နဲ ့နယ္စပ္ေတြမွာသာ ျကားဖူးတဲ့ အျဖစ္အပ်က္ေတြ ဟာ ကၽြန္ေတာ္တို့ ေနထိုင္ရာ ပတ္၀န္းက်င္ထိ ေရာက္ရွိလာျပီလား-

ေတြးစရာ ေမးခြန္းေတြဟာ တသီတတန္းျကီး ထြက္ေပၚလာေတာ့တယ္။

ကေလးငယ္ကို ဖ်က္စီးခဲ့တဲ့ သန္းကိုကိုေမာင္ကလဲ ဒီအျဖစ္ဟာ ပထမဆံုး အျကိမ္မဟုတ္ - သူ ့နဲ ့ သူ ့မိသားစု ပူးေပါင္းျကံစည္ လုပ္စားေနတ့ဲ အသက္ေမြး၀မ္းေျကာင္း တခုလဲ ျဖစ္ေနဟန္ရွိတယ္။

( ရပ္ကြက္လူျကီးတစ္ေယာက္ ေျပာတာကေတာ့ သန္းကိုကိုေမာင္ဟာ အရင္ကတည္းက ခုလို နာမည္ ထြက္ေနေပမယ့္- လာတိုင္တဲ့သူ မရွိလို ့-သက္ေသမရွိလို ့ သူကံေကာင္းေနတာလို ့ေျပာပါတယ္- တျခားေသာ ကေလးမိဘေတြလဲ မရွက္မေျကာက္ဘဲ သူ ့ကို တိုင္ျကားဖို ့ လိုတယ္လို ့လဲ ေျပာပါတယ္ )

အခုေတာ့ တရားခံကို စစ္ေဆးေနျပီး ကေလးငယ္ကလဲ မိဘရင္ခြင္ကို ေရာက္ရွိခဲ့ပါျပီ- ေနာက္ဆက္တြဲ အေျကာင္းအရာမ်ားကို တျခားကေလးမိဘမ်ား သိရွိနိူင္ေအာင္ ဆက္လက္ ေဖာ္ျပေပးပါ့မယ္။

မိဘတိုင္း ဒီလို ျဖစ္အင္ေတြကို သတိျပဳျပီး ကိုယ့္ရင္ေသြးေတြကို ကာကြယ္ေစာင့္ေရွာက္ နိူင္ျကပါေစဗ်ာ-

ဖိုးေဇာ္
09795405022
13-9-2016
( ကေလးငယ္ကို ေတြ ့ဆံုနွစ္သိမ့္ေဆြးေႏြးေနျပီး လိုအပ္ေသာ အကူအညီမ်ားကိုလဲ ဆက္လက္ေပးသြားပါ့မယ္ )

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version

အသက် ( ၁၅ ) နှစ်အရွယ် ကလေးမလေးတစ်ဦးရဲ့ ရင့်နှစ်ဖွယ် ဖြစ်ရပ်ပါ - မိဘတိုင်း ဂရုပြု နိုင်ဖို့ပါ
( ကလေးငယ်ကိုယ်တိုင် သူ့မိဘရှေ့ - လူကြီးများရှေ့မှာ ပြောပြထားတာတွေပါ- ကျွန်တော်နဲ့( ၂ ) နာရီတွေ့ဆုံပြီး ပြောထားတဲ့ ဖြစ်ရပ်တွေ ပါ - ကလေးမိဘတိုင်း အချိန်မီ သိရှိပြီး ကြိုတင် ကာကွယ်နိူင်ဖို့ရည်ရွယ် ပါ တယ် )

ကလေးမလေး အသက် က ( ၁၅ ) နှစ် ( ၉ ) တန်းကျောင်းသူလေး- မိဘတွေ ခဗျာ ချစ်ရှာလို့ အိမ်ကနေ ကျောင်း- ကျောင်းကနေ အိမ်မျက်စိအောက်က အပျောက်မခံခဲ့ဘူး- လမ်းဘေးထမင်းဆိုင်ဖွင့် ဈေးရောင်းနေပေမယ့် သမီးငယ်ကို အိမ်မှာဘဲ မိုးလေမထိ ယုယုယယ ဂရုတစိုက်ချစ်ခဲ့တယ်

ကလေးမလေးက စာကျက်ရင်း အွန်လိုင်းသုံးရင်းနဲ့Bee talk မှာ အမှတ်မထင် လူယုတ်မာ တစ်ယောက်နဲ့ရည်းစားဖြစ်တယ်- နာမည်က သန်းကိုကိုမောင် - အရပ်က ၅ ပေ ၈ ဝန်းကျင်- သူ့ကိုယ်သူ အသက် ( ၂၀ )လို့ ပြောတယ်- ( အသက် ၂၀ တော့မဖြစ်နိူင်ပါ )

အဲ့လို နဲ့ တစ်လလောက်အကြာမှာ လူချင်းတွေ့ဖို့လှည်းတန်း စင်တာရှေ့မှာ ချိန်းကြတယ်- ကလေးမလေးက အိမ်နေရင်း အဝတ်အစား- လက်ထဲမှာလဲ ပိုက်ဆံ တစ်ထောင်ပဲ ပါတယ်- အိမ်ကနေ ခဏ ထွက်လာခဲ့တာ-

၅-၉-၂၀၁၆
 နေ့လည် ( ၁၂ ) ဝန်းကျင် လှည်းတန်းစင်တာရှေ့ တွေ့ကြတော့ သန်းကိုကိုမောင်က ကလေးမလေးကို sunkist ဗူး တိုက်ပါတယ်- မသောက်ချင်ဘူးငြင်းပေမယ့် အတင်းသောက်ခိုင်းလို့ထက်ဝက်လောက် သောက်အပြီးမှာ ကလေးမလေး ဘာမှ မသိတော့ဘူး- သူ သတိရလာတော့Taxi ကားထဲ ရောက်နေပြီ- အိမ်တစ်အိမ်မှာ ကားရပ်တယ်- အိမ်ထဲမှာ သတိရသလောက်က ကိုကိုမောင် အမေက ကြည့်နေတယ်-
အစ်မ ဖြစ်သူက ကြက်ဥကြော် နဲ့ထမင်းကျွေးဖို့ပြင်ဆင်နေတယ်။

အဲဒီည နိူးတဝက် အိပ်တဝက် - သတိရလိုက် မရလိုက်နဲ့- မနက်မိုးလင်းတော့ လိမ္မော်ရည် ထပ်တိုက်ပါတယ်- ကလေးငယ်လေးက သူ့ကိုရောင်းစားတော့မှာကို သတိမရနိူင်လောက်တဲ့ထိ ဆေးရှိန်မှာ မျောလွင့်နေပါပြီ။

၆-၉-၂၀၁၆
Taxi ကား ဟိုတယ်ရှေ့ တခုမှာ ရပ်လိုက်တာတော့ သိလိုက်တယ်- မနက် ( ၁၀ ) နာရီဝန်းကျင်- သူဟာနိူးနေလား အိပ်နေလားသူ့ဘာသာ ပြန်မစဉ်းစားနိူင်ဘူး- သူ ကြိုးစား အားယူထတဲ့ အချိန် အခန်းထဲကို လူတစ်ယောက် ဝင်လာတယ်-အသားမည်း အရပ်ပု- ဆံပင်ဆေးဆိုး ( အနီရောင် )-ဆံပင်စည်းထား- လက်မှာ ကားသော့ ကိုင်ထား၊

ကလေးငယ်လေး ကြိုးစားထပေမယ့် မရဘူး- ကြိုးစားရုန်းကန်တယ် -မရဘူး ဘီလူးစိတ်ထက် ဆိုးရွားကြမ်းတမ်းတဲ့ ကာမဘီလူးဟာ ကလေးငယ်ကို လုပ်သင့်လား-မလုပ်သင့်လား-သနားညှာတာမှု မရှိ - ကိုယ်သားသမီးအရွယ် နှမအရွယ်လေးကို ရက်ရက်စက်စက် နင်းချေတော့တယ်၊

အမေ တ ချိန်မရ- အဖေလို့အော် ခေါ်ချိန် မရ- တခါမှ မရောက်ဘူးတဲ့ ဟိုတယ်က အမှောင်ခန်းထဲ ငရဲပွက်သလို-

( သန်းကိုကိုမောင်က ပါကင်ကြေး ၃ သိန်းကနေ ၅ သိန်းဝန်းကျင် နဲ့ ရောင်းစားထားတာ ကလေးမလေး မသိ- အသိက ထပြေးဖို့ နိူးဆော်ပေမယ့် ခန္ဓာကိုယ်တခုလုံး ထလို့မရ )



ကာမဘီလူး ထွက်သွားလို့တအောင့်အကြာ ကိုကိုမောင် ပြန်ဝင်လာတယ်- ဘာဆိုဘာမှ မပြောဘဲ သားမယားအဖြစ် ( ၃ ) ကြိမ်ဆက်တိုက် ပြုကျင့်တယ်- ည ရောက်တော့ ( ၂ ) ကြိမ် -

၇-၉-၂၀၁၆
 မနက်မှာလဲ လိမ္မော်ရည်တွေ ထပ်တိုက်ပါတယ်- နေ့ည သားမယားအဖြစ် ထပ်မံပြုကျင့်ပြန်တယ်-ကလေးငယ်ကို ဘာမှ မကျွေးပါဘူး-ရေလဲ မချိုးရ- ရေလဲ မသောက်ရ လိမ္မော်ရည် တမျိုးတည်းကိုသာ နေ့ည အဆက် မပြတ်တိုက်ပါတယ်-

ကလေးမလေးကို ရောင်းစားတဲ့ အပြင် ကလေးမလေး အိမ်ကိုပါ ငွေ ပို့ပေးဖို့ လှမ်းတောင်းပါတယ်- အဲ့လိုကနေ ကလေးမလေး ရဲ့ မိဘတွေကလဲ ပရဟိတအဖွဲ့တွေ- ရဲတပ် ဖွဲ့တွေနဲ့ငွေတောင်း ခံတဲ့ နေရာကတဆင့် အပူတပြင်း လိုက်လံရှာဖွေရှာမှာ -

၈-၉-၂၀၁၆
မနက် ( ၃ ) နာရီ - မ-ဒဂုံ က ဟိုတယ် တခုအတွင်းမှာ လူယုတ်မာ ကိုကိုမောင်နဲ့အတူ ကလေးငယ်ကို အမိဖမ်းနိူင်ခဲ့ပါတယ်။


ဟိုတယ်အတွင်း ဝင်ရောက်ဖမ်းဆီးချိန်မှာ ကလေးငယ်လေးက ဆေးရှိန်နဲ့အသိကင်းမဲ့ နေပါပြီ- ရဲတွေ့လို့ဝမ်းမသာ- အဖေအမေတွေ့တာတောင် ဘာခံစားချက်မှ မရှိ- အားပြတ် အဆံချောင်နေတဲ့ မျက်လုံးတွေနဲ့သာ ငြိမ်သက် နေ တော့တယ်။


ဒါဟာ ကျွန်တော်တို့ကြားကြားနေရတဲ့ ရေဆူဆေးပြားလို အရာမျိုးလား- ဒီထက် အားကောင်းတဲ့ ဆေးတွေလား- တဖက်နိူင်ငံ နဲ့နယ်စပ်တွေမှာသာ ကြားဖူးတဲ့ အဖြစ်အပျက်တွေ ဟာ ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်ထိ ရောက်ရှိလာပြီလား-

တွေးစရာ မေးခွန်းတွေဟာ တသီတတန်းကြီး ထွက်ပေါ်လာတော့တယ်။

ကလေးငယ်ကို ဖျက်စီးခဲ့တဲ့ သန်းကိုကိုမောင်ကလဲ ဒီအဖြစ်ဟာ ပထမဆုံး အကြိမ်မဟုတ် - သူ့နဲ့ သူ့မိသားစု ပူးပေါင်းကြံစည် လုပ်စားနေတဲ့ အသက်မွေးဝမ်းကြောင်း တခုလဲ ဖြစ်နေဟန်ရှိတယ်။

( ရပ်ကွက်လူကြီးတစ်ယောက် ပြောတာကတော့ သန်းကိုကိုမောင်ဟာ အရင်ကတည်းက ခုလို နာမည် ထွက်နေပေမယ့်- လာတိုင်တဲ့သူ မရှိလို့-သက်သေမရှိလို့ သူကံကောင်းနေတာလို့ပြောပါတယ်- တခြားသော ကလေးမိဘတွေလဲ မရှက်မကြောက်ဘဲ သူ့ကို တိုင်ကြားဖို့ လိုတယ်လို့လဲ ပြောပါတယ် )

အခုတော့ တရားခံကို စစ်ဆေးနေပြီး ကလေးငယ်ကလဲ မိဘရင်ခွင်ကို ရောက်ရှိခဲ့ပါပြီ- နောက်ဆက်တွဲ အကြောင်းအရာများကို တခြားကလေးမိဘများ သိရှိနိူင်အောင် ဆက်လက် ဖော်ပြပေးပါ့မယ်။

မိဘတိုင်း ဒီလို ဖြစ်အင်တွေကို သတိပြုပြီး ကိုယ့်ရင်သွေးတွေကို ကာကွယ်စောင့်ရှောက် နိူင်ကြပါစေဗျာ-

ဖိုးဇော်
09795405022
13-9-2016
( ကလေးငယ်ကို တွေ့ဆုံနှစ်သိမ့်ဆွေးနွေးနေပြီး လိုအပ်သော အကူအညီများကိုလဲ ဆက်လက်ပေးသွားပါ့မယ် )



 ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top